Tuesday, July 28, 2009

ဆရာကောင်း(ရယ်ရတယ်)



မယုံမရှိကြနဲ့ ။ ဆေးကျောင်းသားဆိုတဲ့ သူတွေဟာ အင်မတန့် ကို
ရည်ရွယ်ချက်ကြီးပြီး… သူတို့ လိုချင်တဲ့ ပညာတစ်ခုရဖို့  ဆို
ဘာမဆိုလုပ်ဝံ့တဲ့… ဇွဲလုံ့ လရှိတဲ့… သူတွေပါ။ ဒါကိုက သူတို့  ရဲ့
အားနည်းချက်လို့  ဆိုရမလားပဲ…။

ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ့ ဆင်းရတဲ့ နေ့ တစ်နေ့ ပေါ့။
ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့မယ်ဆိုတော့ တအားကိုပဲ
ပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို့ တစ်ဖွဲ့ သားလုံးရဲ့
ရှေ့  မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်… ငြိမ်သက်လို
့…။

အားလုံးလိုက်လုပ်ရမယ့် လက်တွေ့ သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက
ကျောင်းသား အားလုံး သိရမယ့် အချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။

“ပထမ အချက်အနေနဲ့ … ... ... အဟမ်းအဟမ်း…”

ကျောင်းသာတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ့ ကြည့်လိုက်ပြီးမှ
လေးလေးပင်ပင်နဲ့ …

“ရင်ခွဲရုံမှာ... ခွဲတော့ စိတ်တော့မယ်ဆိုရင်… မင်းတို့ မှာ...
ရွံတတ်တဲ့စိတ်ရှိလို့  လုံးဝမဖြစ်ဘူး”

ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ့ ပြောနေရင်း… ရုတ်တရက်ဆိုသလိုပဲ သူ
့လက်ကို မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး… သူ
့ရဲ့ လက်ကို ပြန်ထုတ်… ပါးစပ်နဲ့  စုပ်ပြလိုက်ပါတော့တယ်။

“အီးးးးးးး”
“အူးးးးးးး”
“အိုးးးးးးး”

ကြည့်နေကြတဲ့ သူတွေအားလုံး လန့် ဖြန့် ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီက
အာမေဋိတ်သံတွေ ထွက်လို့  မဆုံးခင်မှာတင်ပဲ ဆရာက …

“ကဲ... အားလုံးမြင်ပြီးကြတဲ့အတိုင်း... မင်းတို့  တွေ
ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့... ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့”

မယုံမရှိကြပါနဲ့ ။

‘ဆရာဝန်ဖြစ်ချင်တယ်ဆိုရင’် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ ‘တာ’ သွားပါတယ်။
စောစောတုန်းက 'ဟင်' ရယ် ' ဟယ်' ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ
မသတီစရာ အပုတ်ကောင်ကြီးကို ဘယ်လိုမှ ရွံရှာမနေနိုင်တော့ပါဘူး။

လက်ညှိုးလေးကိုထောင်… အပေါက်ကလေးထဲကို ထည့်… ပြီးတော့ ‘ပြွတ်’ ကနဲ မြည်အောင် စုပ်…။

ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။

အားလုံးလက်တွေ့ လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့
တစ်ချက်ကို ဆက်ပြီး ပို့ ချတာပေါ့။

“ဒုတိယအချက်ကတော့... ပိုပြီး အရေးပါတဲ့..အပြင်… အတွေ့ အကြုံ
မရှိသေးသူများအဖို့ … လိုက်လုပ်ဖို့  အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က
ဘာလဲဆိုတော့... မျက်စိလျင်လျင်ထားပြီး... စူးစမ်းလေ့လာတတ်ဖို့ ပါပဲ။”

“အခုနတုန်းက... ဆရာမင်းတို့ ရှေ့ မှာ နှိုက်ပြတဲ့ လက်က...
လက်ခလယ်ဖြစ်ပြီး… ပါးစပ်ထဲကိုတော့... လက်ခလယ် မဟုတ်ဘဲ... လက်ညှိုးကို
ထည့်ပြတာ ဖြစ်ပါတယ်။ ဆရာလိုက်ကြည့်ရသလောက်... ဒီအချက်ကို...
ဘယ်ကျောင်းသားမှ... သတိမမူမိလိုက်ကြပါဘူး…”

“တိန်…”

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

အဓိဌာန်ဖြင့် ဖူးမြင်ရသည့် ဂေါတမ မြတ်စွာဘုရား ပုံတော်


ဓမ္မမိတ်ဆွေအပေါင်းတို့ ယခုမြင်ရသောပုံတော်မှာ ဂေါတမ မြတ်စွာဘုရား၏ ပုံတော်အစစ် ဖြစ်ပါသည်။ ထိုပုံကို လွန်ခဲ့သော နှစ်ပေါင်းများစွာက မြတ်စွာဘုရား ပွင့်တော်မူသည့်နေရာဖြစ်သော မဟာဗောဓိ ညောင်ပင်ရင်းတွင် နိုင်ငံခြားယောဂီ တယောက် ဓါတ်ပုံရိုက်ကူးထားခြင်း ဖြစ်ပါသည်။ ဤပုံတော်မှာ ဂေါတမမြတ်စွာဘုရား၏ ပုံတော်အစစ် ဖြစ်သောကြောင့် အလွန်ထူးခြားသော ပုံတော်လည်း ဖြစ်ပါသည်။ ပုံတော်အစစ်အမှန်ဖြစ်ကြောင်း နောက်ပိုင်းတွင် ဓမ္မပရိသတ်ကြီးကို စာရေးသူ ရှင်းပြမည် ဖြစ်ပါသည်။
ပထမတွင် ဤပုံတော်၏ရာဇဝင်ကို ရှင်းပြလိုပါသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက နိုင်ငံခြားမှ ဘာသာခြား အမျိုးသမီးတဦးသည် ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များကို လေ့လာဖတ်ရှုရာမှ ဗုဒ္ဓဘာသာ၏ အဆုံးအမများကို ယုံကြည်သက်ဝင်လာပါသည်။ ထိုမှတဆင့် လက်လှမ်းမီသမျှ ဗုဒ္ဓစာပေများကို အချိန်ရလျှင်ရချင်း လေ့လာဖတ်ရှု မှတ်သားမှုများ ပြုလုပ်ပါတော့သည်။
ထိုအခါ စာပေများကို ဖတ်ရာကို အားရတင်းတိမ်ခြင်း မရှိပဲ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော သစ္စာလေးပါး တရားတော်များကို ကျင့်ကြံပွားများ အားထုတ်ရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုဆုံးဖြတ်ချက်အရ မြတ်စွာဘုရား ပွင့်တော်မူရာဒေသဖြစ်သော ဗုဒ္ဓဂါယာသို့ ရောက်ရှိလာပါသည်။ ထိုအခါ မြတ်စွာဘုရား၏ သာသနာပြုရာ ဒေသများသို့ သွားရောက်ဖူးမျှော်ရင်း မြတ်စွာဘုရား၏ မူလပုံတော်အစစ်ကို ဖူးမြော်ချင်သည့် သဒ္ဓါတရား ဖြစ်ပေါ်လာပါသည်။
သို့ရာတွင် လောကတွင် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသွားပြီ ဖြစ်သောကြောင့် သူမ၏စိတ်အကြံသည် မဖြစ်နိုင်မှန်းလည်း သိပါသည်။ သို့ရာတွင် ဗုဒ္ဓစာပေထဲတွင် သစ္စာအဓိဌာန် ပြုပါက အလိုရှိရာ တောင့်တရာ ဖြစ်နိုင်ကြောင်းသိ၍ သစ္စာအဓိဌာန်ပြုရန် ဆုံးဖြတ်လိုက်ပါတော့သည်။ သို့ရာတွင် သာမန် သစ္စာအဓိဌာန် မဟုတ်ပါပဲ မြတ်စွာဘုရားရှင် ပွင့်တော်မူသည့် မဟာဗောဓိညောင်ပင်ရင်းတွင် အနှစ် (၂ဝ) အားထုတ်ပြီး အဓိဌာန်ပြည့်ပြီးသည့် နေ့တွင် မဟာဗောဓိပင်ကို ဓါတ်ပုံရိုက်ပြီး ရိုက်သည့်ပုံတွင် ဂေါတမ မြတ်စွာဘုရား ပုံတော်ထင်စေရန် သစ္စာပြုပါသည်။
သစ္စာပြုပြီး အဓိဌာန်ထားသည့်အတိုင်း နိုင်ငံခြားယောဂီသည် အနှစ် (၂ဝ)ပတ်လုံး ကြီးစွာသောလုံ့လဖြင့် တရားအားထုတ်ပါသည်။ တရားအားထုတ်ရာတွင်လည်း အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ကာ အားထုတ်ခဲ့ပါသည်။ အချိန်တရွေ့ရွေ့ကုန်ကာ အနှစ် (၂ဝ) တင်းတင်းပြည့်သည့်နေ့ ရောက်လာပါတော့သည်။ ထိုပြည့်သောနေ့တွင် သူ၏စိတ်တွင် မြတ်စွာဘုရားမှလွဲ၍ ဘာမှ စိတ်မရှိတော့ချေ။ စိတ်မှာလည်း အလွန်ဖြူစင်ပြီး ကြည်လင်နေပါသည်။
ဤသို့ကြည်လင်သော စိတ်ဓါတ်၊ ယုံကြည်သော သဒ္ဓါတရားတို့ဖြင့် အဓိဌာန်ပြုထားသည့် အတိုင်း မဟာဗောဓိညောင်ပင်ကို ဓါတ်ပုံရိုက်ပါသည်။ သူမ၏စိတ်တွင်လည်း မြတ်စွာဘုရား၏ပုံတော် ပေါ်မည်ဆိုတာ ယုံကြည်မှု တထစ်ချရှိပါသည်။ ထင်ထားသည့်အတိုင်းပင် ကူးသည့်ဓါတ်ပုံတွင် မြတ်စွာဘုရား၏ ပုံတော် ပေါ်လာပါတော့သည်။ ထိုပုံမှာ ယခုပူဇော်ထားသည့်ပုံပင် ဖြစ်ပါတော့သည်။ ဤပုံတော်မှာ ပုံတော်အစစ် ဖြစ်ကြောင်းကို ထောက်ခံသည့် ပုဂ္ဂိုလ်၏အကြောင်းကို နောက်ပိုင်းတွင် ထပ်၍တင်ဆက်ထားပါသည်။
ဓမ္မစာအုပ်ကဏ္ဍတွင် ဓမ္မမိတ်ဆွေများအနေဖြင့် မောင်းထောင် မြေဇင်းဆရာတော်၏ ဓမ္မရသ စာအုပ်များကို ရှေးဦးစွာ ဖတ်ထားစေလိုပါသည်။ ဆရာတော်သည် ကန္နီရွှေသိမ် ဆရာတော်ကြီး၏ တပည့်ရင်းခြာ ဖြစ်ပါသည်။ ကန္နီရွှေသိမ် ဆရာတော်၏ ထေရုပတ္တိကို ကျော်နန္ဒအောင်၏ ဝိပဿနာ အားထုတ်နည်းများ စာအုပ်တွင်၎င်း၊ ဓမ္မစရိယ ဦးဌေးလှိုင်၏ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ စာအုပ်တွင်၎င်း ဖတ်ရှုနိုင်ပါသည်။
မောင်းထောင် မြေဇင်း ဆရာတော်သည် ကန္နီရွှေသိမ် ဆရာတော်ကြီး၏ နည်းနိသယအတိုင်း သမထ ဝိပဿနာ တရားများ သင်ပြပေးခဲ့သည့်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပါသည်။ (၃၁)ဘုံခွင်ကို သမာဓိ အလင်းနိမိတ်ဖြင့် နတ်ပြည်၊ ဗြဟ္မာပြည်၊ နဂါးပြည်၊ ငရဲပြည် စသော နေရာဒေသများသို့ သွားရောက်နိုင်ရန် စနစ်တကျ သင်ကြားပေးခဲ့သည်မှာ တရားလောက၌ အထူးပင် ထင်ရှားပါသည်။ မန္တလေးတိုင်း ရန်ကင်းအေးငြိမ်း ရိပ်သာတွင်လည်း ယောဂီများကို တရားပြသပေးခဲ့ပါသည်။ ယောဂီများမှာ ဆရာတော်၏ သမာဓိ ထူထောင်နည်းဖြင့် အလင်းနိမိတ်လွှတ်ကာ ထိုနေရာများသို့ အောင်မြင်စွာ သွားရောက်ခဲ့ပါသည်။ ထိုယောဂီများ အထဲမှ ကမ္မဌာန်းပြဆရာ ဦးမြင့်နိုင်နှင့် ယောဂီဦးစောမြင့်တိုနှင့် တွေ့ဆုံခဲ့ပါသည်။ အဆိုပါ ယောဂီများမှာလည်း မောင်းထောင် မြေဇင်းဆရာတော်၏ နည်းဖြင့် ဝိပဿနာကို အောင်မြင်စွာ အားထုတ်ဖူးပါသည်။
ကမ္မဌာန်းပြဆရာ ဦးမြင့်နိုင်က ဤပုံတော်မှာ မြတ်စွာဘုရား၏ ပုံတော်ဖြစ်ကြောင်းကို စာရေးသူအား ယခုကဲ့သို့ အားရပါးရ ပြောကြားခဲ့ပါသည်။
မေး - ဆရာရေ၊ မောင်းထောင် မြေဇင်း ဝိပဿနာ အတွေ့အကြုံလေးကို ပြောပြပါဦးခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ အဓိကကတော့ သမာဓိထူထောင်ပြီး သမာဓိ တည်ကြည်လာတော့ စိတ်ကိုညွှတ်ပြီး အလင်းနိမိတ် လွှတ်တဲ့သဘောပါ။ သမာဓိခိုင်တော့ ဝိပဿနာကူးပါတယ်။
မေး - တာဝတိံသာနတ်ပြည်က လူ့ပြည်နဲ့ တူပါသလား ဆရာ။
ဖြေ - မဟုတ်ဘူးခင်ဗျ။ အကုန်လုံး အသက်ငယ်ငယ် အရွယ်တွေပါဘဲ။ အဝတ်အစားတွေကလည်း တောက်တောက် ပြောင်ပြောင်တွေ ဝတ်ကြပါတယ်။ အနီရောင် တောက်တောက်၊ အဝါရောင် တောက်တောက် တို့ ဝတ်ထားပါတယ်။ အကုန်လုံးကလည်း ပျော်နေကြပါတယ်။ ပွဲလမ်းသဘင်တွေလည်း များပါတယ်။ အဝတ်အစားတွေကတော့ ပုဂံခေတ်က အဝတ်အစားအတိုင်း ဝတ်ကြပါတယ်။ နတ်သားတွေ၊ နတ်သမီးတွေကတော့ တော်တော်များများ အဲဒီလို ဝတ်ကြပါတယ်။ ဘုံဗိမာန်ရှင် နတ်သား၊ နတ်သမီးတွေကတော့် ရွှေငွေ လက်ဝတ်ရတနာတွေ ဝတ်ကြပါတယ်။ ဗိမာန်ရှင်တွေကတော့ နည်းပါတယ်။ အခြွေအရံ နတ်တွေက များကြပါတယ်။ ဒါပေမယ့် သူတို့က အမြဲပျော်နေကြတယ် ခင်ဗျ။
မေး - သိကြားတို့၊ နတ်မင်းကြီး လေးပါးတို့ရော တွေ့ခဲ့သေးလား ဆရာ။
ဖြေ - ဟုတ်ကဲ့။ သိကြားမင်းကတော့ နတ်ဝတ်နတ်စားနဲ့ အထူးအနေဖြင့် အရှေ့က ထူးခြားတဲ့ သူမတူတဲ့ အဆောင်အယောင် ပါပါတယ်။ နတ်မင်းကြီးလေးပါးကတော့ တောက်တောက် အရောင်တွေ၊ အဆောင်အယောင်တွေ ဝတ်ပါတယ်။ နီ၊ ဝါ၊ စိမ်း ပြာ တရောင်စီပါ ဝတ်ကြပါတယ် ခင်ဗျာ။ ကြည့်ရင် သိသာပါတယ်။
မေး - ဆရာ ပြီးတော့ ဘယ်ရောက်ခဲ့သေးလဲ။
ဖြေ - ကျနော်ကတော့ ဘုရားရှင် အဘိဓမ္မာ ဟောကြားတဲ့ သိကြားမင်း ပဏ္ဍု ကမ္ဗလာ ကျောက်ဖြာတို့၊ သုဓမ္မာ ဇရပ်တို့၊ နန္ဒဝန် ပန်းဥယျာဉ်၊ စူဠာမဏိ စေတီတော်တို့လည်း ရောက်ပါတယ်။ နတ်ပြည်က ကောင်းကင်ကြီးကတော့ ပန်းရောင်၊ ခရမ်းရောင်ပါဘဲ။ မြေပြင်ကတော့ ကတ္တီပါ ကော်ဇောစိမ်းကြီးလိုဘဲ။
မေး - ဘုရားရှင်ရဲ့ပုံတော်ကိုလည်း ရှင်းပြပါဦး။
ဖြေ - ဟုတ်ကဲ့။ ပင်လယ်ကသစ်ပင် ခြေရင်း ပဏ္ဍု ကမ္ဗလာ ကျောက်ဖြာရှေ့ရောက်တော့ အဓိဌာန် ပြုကြည့်ပါတယ်။ ဘယ်လို အဓိဌာန်ပြုသလဲ ဆိုတော့ ဤနေရာသည် ဘုရားရှင် အဘိဓမ္မာ တရားတော် ဝါတွင်း (၃)လပတ်လုံး ဟောကြားခဲ့သည့်နေရာ မှန်ပါလျှင် ဘုရားရှင်ကို သက်ရှိထင်ရှားအတိုင်း ဖူးတွေ့လိုပါ၏လို့ အဓိဌာန်ပြုပါတယ်။ အဲဒီအခါကျတော့ ဖူးတွေ့ရပါတယ်။ ကြည်နူးဖို့ ကောင်းလိုက်တာဗျာ။ ပဏ္ဍု ကမ္ဗလာ ကျောက်ဖြာထက်မှာ ဘုရားရှင်က တင်ပလ္လင်ခွေထိုင်ပြီး တရားဟောနေပါတယ်။ အောက်မှာက သန္တုသီ နတ်သား၊ သက္က သိကြားမင်း၊ နတ်မင်းကြီး လေးပါး၊ ဗြဟ္မာမင်းတွေ ပြီးတော့ များပြားလှတဲ့ နတ်တွေ၊ ဗြဟ္မာတွေဗျာ။ အောင်ဆန်းကွင်းမှာ ဘောလုံးပွဲ ကြည့်သလိုဘဲ။ အလယ်မှာ ဘုရားရှင်က တရားဟော၊ အလယ်ကနေ အထက်ထိ နတ်ဗြဟ္မာ ပရိတ်သတ်တွေ။ အလွန်ကြည်နူးစရာ ကောင်းပါတယ်။
မေး - ဆရာရေ၊ မြတ်စွာဘုရားရဲ့ပုံတော်ကိုလည်း အသေးစိတ် ပြောပြပါဦး။
ဖြေ - အေးဗျ၊ အခုပုံတော်နဲ့တော့ တထေရာတည်းဘဲဗျာ။ လည်ပင်းတော်က ဆင်စွယ်လို ဖြူပြီး အဖုအထစ် မရှိဘူး ခင်ဗျ။ လုံးပြီးတော့ ချောနေတာဘဲ။ နားတော်ကလည်း ပခုံးထိ ရှည်တယ်။ မျက်နှာတော်ရဲ့အလယ်မှာ ဥဏ္ဏလုံ မွှေးရှင်တော်လည်း ရှိတယ်ခင်ဗျ။ လက်တော်ကလည်း သွယ်လျတယ်။ ရှည်တယ်။ ခြေဖဝါးတော်ကလည်း ညီညာတယ်။ နှာခေါင်းတော်ကလည်း စင်းတယ်။ အထူးခြားဆုံးကတော့ ရောင်ခြည်တော် ခြောက်သွယ်ပါဘဲ။ လိမ်လို့ မရဘူးခင်ဗျ။ ပုခုံးတော်ကနေ ထွက်တာဗျ။ နတ်ဗြဟ္မာတွေနဲ့ ယှဉ်ရင် ဘယ်လိုမှကို နှိုင်းယှဉ်လို့ မရအောင် ထူးခြားပြီး သွင်ပြင်လက္ခဏာ ကြည်လင်ပါပေတယ်ဗျာ။ ကြည်ညိုစရာ အရမ်းကောင်းပါတယ်ဗျာ။
မေး - ကျေးဇူးတင်ပါတယ်။ အခုလို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးတဲ့အတွက်ပါ။
ဖြေ - ဟုတ်ကဲ့။ ကျွန်တော်လည်း ဝမ်းမြောက်ပါတယ်။ ကမ္ဘာကို ပြန့်အောင် ဖြန့်ပေးပါခင်ဗျာ။ ထူးခြားပါလိမ့်မယ်။
ထိုအမေးအဖြေ လုပ်ခဲ့သော ဆရာဦးမြင့်နိုင်မှာ ယခုလက်ရှိ မန္တလေးမြို့ ၇၄လမ်းနှင့် ၃၅လမ်းကြားထောင့်တွင် နေထိုင်လျက်ရှိပြီး ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ယောဂီဦးစိုးမြင့်ကိုလည်း ဖုန်းနံပါတ် (၉၅-၂-၃၂၂၇၉)သို့ ဆက်၍ မေးမြန်းနိုင်ပါသည်။ ဆရာဦးမြင့်နိုင်မှာ ယောဂီဦးစောမြင့်အား ဝိပဿနာရှုမှတ်နည်း သင်ကြားပြသပေးခဲ့သူ ဖြစ်ပါသည်. ယခုလည်း ဝိပဿနာတရားတော်များကို သင်ကြားပြသပေးလျက် ရှိပါသည်။ ထို့အပြင် ရန်ကင်းအေးငြိမ်း ဓမ္မရိပ်သာသို့ ဖုန်းနံပါတ် (၉၅-၂-၅၇၂၅၃) သို့ဆက်၍ မေးမြန်းနိုင်ပါသည်။
မင်းမင်းသိန်း
…………………………………
အထက်ပါစာစုကို မိတ်ဆွေတဦး ပေးပို့သော အီးမေးလ်မှတဆင့် ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။
http://plusair.blogspot.com/2009/04/blog-post_06.html

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ကရုဏာအကြောင်း



ကရုဏာဆိုတာ တဖက်သား ဆင်းရဲဒုက္ခရောက်နေတာကို မကြည့်ရက်တဲ့ ကြင်နာသနားစိတ်ကို ခေါ်တယ်။ စိတ်ကောင်းရှိသူမှာ ဖြစ်ပေါ်လေ့ရှိတဲ့ တရားမျိုးပါပဲ။ ကရုဏာရဲ့ လက္ခဏာကတော့ တဖက်သားကို ဒုက္ခက လွတ်မြောက်စေလိုတဲ့ ဆန္ဒပဲ။ ကိစ္စအနေနဲ့ပြောရင် ရက်စက်ယုတ်မာတဲ့စိတ်ထားကို ပယ်စွန့်နိုင်ခြင်းပဲ။ ကရုဏာထားတဲ့ကိစ္စဟာ သနားစိတ် ထားရုံနဲ့ မပြီးဘူး။ ဒုက္ခရောက်သူကို တတ်နိုင်သလောက် ဖေးမကူညီတဲ့ လက်တွေ့လုပ်ရပ်ပါ ပါရတယ်။ ကရုဏာစစ် ထားနိုင်ရင် စောင်မကူညီမှုနှင့်တကွ လူသားအားလုံး ကောင်းကျိုးချမ်းသာရေးကို ရှေးရှုပြီးတော့ မိမိအကျိုး အခွင့်အရေးများကို စွန့်လွှတ်နိုင်မှုပါ ပါရှိတယ်။

ဆင်းရဲဒုက္ခရောက်သူကို တွေ့တဲ့အခါ သြော်-သနားစရာ၊ ဖြစ်မှ ဖြစ်ရပလေကွယ်-လို့ စိတ်ထဲမှာ ၀မ်းနည်းကြေကွဲမှု ဖြစ်ပေါ်တာဟာ ကရုဏာစိတ် မခေါ်ဘူး။ ကရုဏာစိတ်ကို သွယ်ဝိုက်ဖျက်ဆီးတတ်တဲ့ စိတ်ညံ့မျိုးသာ ဖြစ်တယ်။ သောကတို့၊ ၀မ်းနည်းမှုတို့ဆိုတာ စင်စစ်တော့ အကုသိုလ်စိတ်တွေပဲ။ ကရုဏာဆိုတာက ကုသိုလ်စိတ်။ ဒါကြောင့် သောကနဲ့ ကရုဏာဆိုတဲ့ သဘောတရားတွေဟာ ( ပြဒါးတလမ်း သံတလမ်း ) လို့ မှတ်ရမယ်။ ကရုဏာပြည့်သူဟာ သူတော်ကောင်းစင်စစ် ဖြစ်တယ်။ ကရုဏာစိတ်ကို မွေးမြူခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားကတော့ ရက်စက်ယုတ်မာတဲ့ စိတ်ကို ကင်းစင်စေခြင်းပဲ ဖြစ်တယ်။ အဲဒီ သန့်စင်မွန်မြတ်တဲ့ နှလုံးသားကို မွေးမြူရာက ပညာစခန်းသို့ တိုင်အောင် ပေါက်မြောက်နိုင်စေ တတ်တယ်။ ဒီတော့ ကရုဏာရဲ့ အဆုံးစွန်သော ရလဒ်ဟာ ပညာပဲလို့ နားလည်ကြရမယ်။

ဗြဟ္မ၀ိဟာရတရားလေးပါး ( ဗြဟ္မစိုရ်တရား လေးပါး ) ဆိုတာ မေတ္တာ-ကရုဏာ-မုဒိတာ-ဥပေက္ခာတို့ပဲဖြစ်တယ်။ ဒီတရားများဟာ လူသားတို့အတွက် စာရိတ္တရေးရာနဲ့ သူတော်စင်ဘ၀ကို တက်လှမ်းရောက်စေနိုင်ဖို့ ကိစ္စမှာ အခြေခံကျတဲ့ တရားကြီးလေးပါး ဖြစ်တယ်။ ဒါတွင်မကသေးဘူး။ ဘ၀မှာ စစ်မှန်တဲ့ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တဲ့ ရေသောက်မြစ်ကြီးများလဲ ဖြစ်တယ်။ သာမန်ပုထုဇဉ်တို့ အနေနဲ့ ဒီမြင့်မြတ်တဲ့ စိတ်ဓာတ်မျိုးကို ဘယ်ပုံဘယ်နည်း ရရှိနိုင်သလဲ။ လူသာမန်အဖို့တော့ မဖြစ်နိုင်ပါဘူး။ မြင့်မားလွန်းလှပါတယ်-လို့ ဆိုရင်ဖြင့် အဲဒီလိုဆိုတဲ့ လူဟာ ဒီစိတ်ဓာတ်မျိုး ရရှိအောင် အားထုတ်ကြည့်ချင်စိတ်ကို မရှိလို့ဖြစ်လိမ့်မယ်။

မှန်တာပေါ့ ကိုယ့်တဘ၀တာကလေးကို ကိုယ်ကွက်ပြီး စိတ်ဝင်စားလွန်းသူအဖို့မှာတော့ ကိုယ်တဦးတည်းရဲ့ သောကတွေနဲ့ ဖြစ်စေ၊ ၀မ်းသာစရာတွေနဲ့ဖြစ်စေ၊ စိတ်ဇောတွေ ဖုံးလွှမ်းနေလေတော့ ဘေးလူမှာ အတိဒုက္ခရောက်လို့ ကယ်ပါ ယူပါ တစာစာဖြစ်နေတဲ့ အသံတွေကို ဘယ်ကြားနိုင်ပါ့မလဲ။ ကိုယ့်အကြောင်းကိုပဲ ကိုယ်စိတ်ဝင်စားလေ့ရှိသူဟာ ဘေးလူရဲ့ဒုက္ခကို မခံစားတတ်ဘူးပေါ့။ ကရုဏာစိတ် မ၀င်နိုင်ဘူးပေါ့။ ကရုဏာထားနိုင်သူ ရှိတန်သလောက် ရှိတယ် ဆိုနိုင်သော်လည်း အများအားဖြင့်တော့ ဒီစိတ်ဓာတ်မျိုး ရရှိနိုင်ဖို့ဟာ မဖြစ်နိုင်တဲ့ကိစ္စလို့ကို ပြောရမလို ဖြစ်နေတယ်။

ကရုဏာဖြစ်တယ်ဆိုတာ သူတပါးအပေါ်မှာပဲ ဖြစ်ရတယ်လို့ နားလည်ထားတတ်ကြတယ်။ တကယ်ကတော့ မိမိရဲ့ အတွင်းသန္တာန်မှာ ယုတ်မာရက်စက်တဲ့စိတ်မျိုး လျော့ပါးကင်းစင်စေဖို့အတွက် မိမိအပေါ်မှာ မိမိကရုဏာစိတ် ရှေးဦးစွာ မွေးမြူရမှာ ဖြစ်တယ်။ ကရုဏာဘာဝနာပွားတဲ့အလုပ်မှာ ကိုယ့်ကိုယ်ကို ပထမဦးစွာ ကရုဏာတရား ဖြစ်ပေါ်စေရတယ်။ မိမိကိုယ်တိုင်က မေတ္တာ ကရုဏာစိတ်များ မရှိသေးဘဲနဲ့ တပါးသူ့အပေါ်မှာ ဒီစိတ်မျိုးတွေ ဖြန့်ဝေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကိုယ့်ကိုယ်ကို ချစ်ပါတယ်။ ကရုဏာထားပါတယ်လို့ ဆိုနိုင်ဖို့ရာ ကရုဏာဘာဝနာ ပွားခြင်းအားဖြင့် မိမိရဲ့သန္တာန်မှာ သန့်စင်မွန်မြတ်တဲ့ စိတ်ဓာတ် ထာဝစဉ်ကိန်းအောင်း နေအောင် အားထုတ်ရတယ်။ ဒါမှသာ ကိုယ်အမူအရာ နှုတ်အမူအရာတွေဟာ အဲဒီသန့်စင် မွန်မြတ်တဲ့ စိတ်ထားကို ထင်ရှားပေါ်လွင်နိုင်ပေလိမ့်မယ်။

ဒီတော့ စဉ်းစားကြည့်ကြပါ။ မိမိဟာ မိမိအပေါ်မှာ စစ်မှန်တဲ့ မေတ္တာကရုဏာ ထားပါတယ်လို့ အာမခံနိုင်ကြရဲ့လား။ အာမခံနိုင်တယ်ဆိုတာ တဏှာ ဒေါသနဲ့ မောဟစိတ်တွေ မိမိသန္တာန်မှာ ၀င်ရောက်လာစေပြီးတော့ မိမိရဲ့ ဘေးအန္တရာယ်ကို မိမိအဖြစ်ခံတဲ့သူများ ဖြစ်နေသလား။ မနေဘူးလား။ အဲဒီလို မှတ်ကျောက်တင်-ကြည့်ရမယ်။ အဲဒီ အကုသိုလ်စိတ်တွေ ၀င်လာပြီဆိုရင် ကိုယ်အမူအရာ နှုတ်အမူအရာ တွေဟာလဲ တဏှာ ဒေါသ မောဟ တရားတွေနဲ့ ယှဉ်တွဲလျက် ရှိနေမှာပဲ။ အဲဒီလိုဖြစ်ရင် ကိုယ့်အန္တရာယ်ကို ကိုယ်ဖြစ်စေပြီလို့ မှတ်ယူရမယ်။ ဒါကြောင့် ကိုယ့်အရည်အချင်းကို ကိုယ်မြင့်တင်လိုသူဟာ မိမိရဲ့သန္တာန်မှာ စစ်မှန်တဲ့ မေတ္တာ ကရုဏာစိတ်များ ကိန်းအောင်းနေအောင် ရှေးဦးစွာ ကျင့်ကြံအားထုတ်ရတယ်။

ဗုဒ္ဓဘုရားရှင်ရဲ့ အလိုတော်ကျ ပြုကျင့်ရမယ့် ကိစ္စကတော့ ရှေးဦးစွာ မိမိကိုယ်ကို မိမိ ဆုံးမရတဲ့ ကိစ္စပဲ။ ဒီလို လုပ်တဲ့အတွက် သူတပါးရဲ့ အခက်အခဲတွေကို နားလည်နိုင်ပြီး ကူညီမစတဲ့ အလုပ်ဟာ ခရီးရောက်စေနိုင် တာကြောင့် ကိုယ့်အရည်အသွေးကို ကိုယ်တိုင် မြှင့်တင်ရတဲ့ သဘောပဲ။ မိမိကိုယ်တိုင်က တကိုယ်ကောင်းစိတ်တို့ ဒေါသစိတ်တို့ တပါးသူ့အပေါ် အမြင်လွဲမှားမှုတို့ ရှိနေရင် အဲဒါ ကိုယ့်အဖို့လဲ အန္တ့ာယ်ပဲ။ တပါးသူတွေအဖို့လဲ အန္တရာယ်ပဲ။

တချို့ကတော့ သူများတွေနဲ့ ပြောဟောဆက်ဆံပြီး ပြင်ပကကိစ္စတွေနဲ့ နေနေကျဖြစ်တော့ အဲဒီလို ဘေးလူကို ကူညီမစရတဲ့ ကိစ္စဟာ ကိုယ့်ကိုယ်ကို ကူညီမစရတာထက် လွယ်တယ်လို့ ထင်တတ်ကြတယ်။ အမှန်ကတော့ ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်နိုင်စွမ်း ကောင်းကောင်းမရှိသူဟာ သူများကို တိုးတက်အောင် ကောင်းကောင်း မလုပ်နိုင်ပါဘူး။ ဒါဟာ သေချာပါတယ်။ ကိုယ့်ကိုယ်ကို အကျိုးရှိအောင် နေတတ်သူဟာ သူများကိုလဲ အကျိုးများစေတတ်တယ်-လို့ ဆိုရိုးစကားတခု ရှိပါတယ်။ ဒါကြောင့် မြဲမြဲမှတ်ထားကြရမယ့် အချက်က ကိုယ့်ရဲ့စိတ်ယုတ်မာနဲ့ လောဘရမ္မက်ဆိုးတွေဟာ ကိုယ့်အတွက် အကြီးမားဆုံး အန္တရာယ်ပဲဆိုတဲ့ အချက်ပဲ။ အဲဒီစိတ်မိုက် စိတ်ရိုင်းတွေက နေ့ရော ညပါ အခါမရွေး ကိုယ်ထဲမှာ ၀င်ပူးပြီး အမှောင့်ပယောဂတွေ ဖြစ်နေတတ်တာမို့ အဲဒီစိတ်ရိုင်းတွေနဲ့ ကင်းအောင် ကိုယ့်ကိုယ်ကို ဆုံးမနိုင်ရမယ်။ လူတယောက်ဟာ ရင်တွင်းမှာ မချမ်းမြေ့ဘူး (ပူလောင်နေမယ်) ဆိုရင် ပြင်ပဘယ်နေရာမှာမှ ပျော်ရွှင်ချမ်းမြေ့မှုကို ရှာမတွေ့နိုင်ဘူး။

မိမိကိုယ်ကို ယဉ်ပါးအောင် မထိန်းကျောင်းနိုင်တဲ့သူဟာ သူတပါးအကျိုးတွေ ဆောင်ပါတယ်ဆိုပြီး ၀န်ထမ်းလုပ်ငန်းတွေ လျှောက်လုပ်နေသော်လဲ အဲဒီလို လုပ်နေရတာကို သူ-မပျော်ပိုက်ပါဘူး။ ဒါဟာ ဘာကြောင့်လဲဆိုတော့ သူ့စိတ်ကိုယ်တိုင်က ငြိမ်းအေးတည်ငြိမ်မှု မရှိတဲ့အတွက် သူ့ပတ်ဝန်းကျင်ကို ငြိမ်းအေးတည်ငြိမ်အောင် မလုပ်နိုင်တဲ့ သဘောပါပဲ။ အဲဒီ လူမှုဝန်ထမ်းသမားမျိုးဟာ သူများကိုတော့ ဘာလုပ်ပါ၊ ဘယ်လိုလုပ်ပါ-စသည်ဖြင့် ဟောပြောတတ်ကြပါရဲ့။ ဒါပေမယ့် သူတို့အလုပ်မှာ သူတို့ မပျော်ပိုက်နိုင်ကြဘူး။ သူတို့လုပ်ငန်းတွေ မထိရောက် မအောင်မြင်တာ တွေ့ရတဲ့အခါ သူများကိုပဲ လက်ညှိုးထိုးတတ်ကြတယ်။ ကျုပ်တို့ကတော့ အစွမ်းကုန် လုပ်ပေးကြတာပဲ၊ ဒါပေမယ့် ဒီလူတွေက ကျုပ်တို့လုပ်တာကို အကောင်းမထင်ကြဘူး။ အစရှိသဖြင့် ပြောတတ်ကြတယ်။ ဒီလိုလူမျိုးဟာ လူမှုဝန်ထမ်းလုပ်ငန်းလုပ်ဖို့ မထိုက်တာ အမှန်ပါပဲ။


ကရုဏာစိတ်အမှန်ရှိပြီးတော့ သူများအပေါ်မှာ နားလည်ခွင့်လွှတ်တတ်သူတဦးအဖို့မှာ သူတပါးကို ကူညီမစရတဲ့ အလုပ်ဟာ တဖက်သားကို စိတ်ချမ့်းမြေ့စေတဲ့အပြင် ကိုယ်တိုင်မှာလဲ စေတနာသန့်သန့်နှင့် ကူညီလိုက်ရတဲ့ အတွက် မိမိရဲ့ ငြိမ်းအေးတည်ငြိမ်မှုကြောင့် ကိုယ်တိုင်လဲပဲ စိတ်ကြည်လင်ရွှင်ပျခြင်းဆိုတဲ့ ကောင်းကျိုးမင်္ဂလာနဲ့ ပြည့်စုံနေပါတော့တယ်။ မိမိကိုယ်တိုင် ကရုဏာစိတ် မွေးမြူရတဲ့ကိစ္စဟာ သူများကို ဘာလုပ်ပါ၊ ညာလုပ်ပါ စသည်ဖြင့် ဆရာလုပ်ရတဲ့ကိစ္စထက် အပုံပဲပိုပြီး ခက်ခဲနက်နဲတယ်။ နိပါတ်တော်များ (ဇာတကပါဠိတော်) မှာ ဆိုရင် ဘုရားလောင်းဟာ လူ့လောကကြီး ကောင်းစားရေးအတွက် ရွက်ဆောင်နိုင်စွမ်း ထက်မြက်အောင် မိမိရဲ့နှလုံးရည် တိုးတက်မြင့်မားရေး (ပါရမီဖြည့်ကျင့် ဆည်းပူးမှု) တွေကို ဘယ်လောက်တောင် စွန့်စွန့်စားစား လုပ်ဆောင်ခဲ့ရသလဲဆိုတာ တွေ့နိုင်ကြတယ် မဟုတ်လား။

နောက်ပြီးတော့လဲ ကိုယ့်ကိုယ်ကို တရားနဲ့အညီ ကျင့်ကြံနေထိုင်မှု မရှိသူဟာ တလောကလုံးနဲ့ ဆက်ဆံရာမှာ တရားနှင့်အညီ ပြုမူဆက်ဆံနိုင်စွမ်း ဘယ်မှာရှိပါ့မလဲ။ အင်ဂျင်နီယာ တယောက်ဟာ အင်ဂျင်နီယာအတတ်ကို ပေါက်မြောက်အောင် သင်ယူပြီးမှသာ သူ့ပညာနှင့် ပြောင်မြောက်တဲ့ လက်ရာတွေကို ဖန်တီးနိုင်တယ်။

ဆရာဝန်လုပ်စားသူဟာ ဆေးပညာကို ကျကျနန မသင်ခဲ့ဘဲနဲ့ လူနာတွေကို လက်ခံကုသနေရင် သူ့စေတနာက မပြည့်ဝတဲ့အတွက် လူနာတွေ ဒုက္ခရာက်ကြရတာပေါ့။ ဒီသဘောအတိုင်းဘဲ။ လူမှုရေးဘက်မှာဖြစ်စေ၊ နိုင်ငံရေး ဘက်မှာဖြစ်စေ၊ ဘာသာရေးဘက်မှာဖြစ်စေ၊ ခေါင်းဆောင်လုပ်မဲ့သူဆိုတာ ကိုယ်တိုင်က နှလုံးရည်ပြည့်ဝမှု မရှိခဲ့ရင် သူ့နောက်လိုက်တွေဟာ လမ်းမှန် မရောက်နိုင်ဘဲ လမ်းလွဲကိုပဲ လိုက်မိနေကြရမှာပေါ့။

ကမ္မဋ္ဌာန်းတရားအားထုတ်တဲ့ အလုပ်ဟာ စိတ်ဓာတ် ရင့်သန်ဖွံ့ဖြိုးအောင် လေ့ကျင့်တဲ့အလုပ် ဖြစ်ပါတယ်။ ဖွံ့ဖြိုးအောင် လေ့ကျင့်ထားတဲ့စိတ်က မှန်တဲ့တွေးကြံမှုများ၊ ပြောဆိုမှုများနဲ့ လုပ်ဆောင်မှုများကို ဖြစ်ပေါ်စေတတ်တယ်။ သူတပါးကို လေ့ကျင့်ပျိုးထောင်မှုတွေကိုသာ အာရုံစိုက်လွန်းကြတဲ့အတွက် မိမိကိုယ်တိုင် အတွင်းသန္တာန်မှာ ရင့်ကျက်မှုရှိအောင် လေ့ကျင့်ပျိုးထောင်ဖို့ ကိစ္စကို မေ့နေတတ်ကြတယ်။ ကိုယ့်ကိုယ်ကို နှလုံးရည် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ဘာကြောင့် မစဉ်းစားမိကြတာလဲ။

ဗုဒ္ဓလမ်းစဉ်မှာ ကိုယ့်ကိုယ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့နည်းတွေ ညွှန်ပြထားတာပဲ။ ဘုရားဟောတရားတွေထဲမှာ လောကကြီး သာယာဝပြောပြီး အပြစ်အနာအဆာကင်းဖို့ အရေးမှာ လူတဦးစီမှာ အပြစ်အနာအဆာဆိုတဲ့ ဒုစရိုက်တရားများ ကင်းစင်စေရမယ်လို့ လမ်းညွှန်ထားတာတွေ အများကြီးပါပဲ။ ဆိုလိုရင်းကတော့ လောကဆိုတာ လောကသားတို့ရဲ့ အတွင်းသန္တာန်ကို ဖော်ညွှန်းနေတယ်ဆိုတဲ့ သဘောကို နားလည်ရမယ်။ လူတဦးစီရဲ့ စိတ်ထားသန့်စင်မွန်မြတ်မှသာ လောကကြီး အေးချမ်းသာယာ နိုင်ကြောင်း သဘောပေါက်ကြဖို့ ပါပဲ။ များသောအားဖြင့်ကတော့ ကိုယ့်မျက်ချေး ကိုယ်မမြင်-ဆိုတဲ့ စကားလိုပါပဲ မတော်မလျော်တာတွေ တွေ့ရရင် သူများအပေါ်မှာသာ အပြစ်ဖို့တတ်ကြတယ်။ ကိုယ်ကကော ဘယ်လောက် တရားသဖြင့် နေထိုင်ကျင့်ကြံပါသလဲ-လို့ စစ်တမ်းထုတ်ကြည့်လေ့ မရှိကြပါဘူး။

ဒါကြောင့် မိမိကိုယ်ကို မိမိ ကရုဏာပွားဖို့က ပထမကိစ္စဖြစ်တယ်။ ဒီလုပ်ငန်းအောင်မြင် ပေါက်မြောက်ဖို့ရာမှာ တွေးခေါ်မှု ကြည်လင်နေရမယ်။ ကိုယ်လိုက်နာဖို့ စည်းကမ်းကိုလဲ ကျိုးကျိုးနွံနွံ လိုက်နာရပေလိမ့်မယ်။ ဒီလုပ်ငန်း ပေါက်မြောက်ရေးမှာ ကိုယ့်ကိုယ်ကို လေ့ကျင့်ပျိုးထောင်မှု သာမက ကိုယ့်သားသမီးများကို လေ့ကျင့် ပျိုးထောင်မှုလဲ လိုတယ်။ ကလေးအရွယ်ကစပြီးတော့ စိတ်ကို လေ့ကျင့်ပေးလာမှသာ တွေးခေါ်မှု ကြည်လင်စေ တတ်တယ်။ သို့မှမဟုတ်လို့ ကြီးမှစပြီး လေ့ကျင့်ဖို့ဆိုတာ မလွယ်လှဘူး။ ကလေးဘ၀မှာ သင်အံလေ့ကျင့်ရတဲ့ ကဗျာလင်္ကာ ပုံပြင်ကလေးတွေဟာ တိရစ္ဆာန်တွေနဲ့ ပတ်သက်လာရင် ကရုဏာကင်းမဲ့တဲ့ သဘောတွေ ပါတတ်တယ်။

ပုံစံအားဖြင့်-
ကြွက်ကန်းသုံးကောင် ( Three Blind Mice ) ဆိုတဲ့ကလေးကဗျာမျိုး။
ဂျက်ဆောက်တဲ့အိမ် ( The House That Jack Built ) စတဲ့ ကလေးကဗျာမျိုးတွေပဲကြည့်ပါ။
နုနယ်တဲ့ကလေးသူငယ်ရဲ့ စိတ်ထဲမှာ အဲဒီကဗျာပါ အကြောင်းအရာတွေဟာ စိတ်အဆိပ်သင့်စေတတ်တယ်။
မှန်ကန်တဲ့ တွေးခေါ်မြော်မြင်မှုကို လုံးဝမဖြစ်စေနိုင်ဘူး။ ကိုယ့်ကိုယ်ကို စည်းကမ်းထားတတ်ဖို့ကိုလဲ အထောက်အပံ့ မပြုဘူး။ စိတ်ထားမွန်မြတ်မှုကို စတင်ညွှန်ပြရေးဆိုတဲ့ ရည်မှန်းချက်ဟာ ပပျောက်နေ တော့တယ်။

ရှင်တော်မြတ်ဘုရားရဲ့ ဟောပြောချက်များမှာ ရှေးဦးစွာ မိမိကိုယ်ကို မိမိ ကရုဏာထားရမယ်လို့ အလေးအနက် ပြဆိုထားပါတယ်။ ဒီလိုဆိုတာဟာ ကိုယ့်ကိုယ်ကို သနားနေတာ၊ ကိုယ့်အဖြစ်ကို တွေးပြီး ၀မ်းနည်းကြေကွဲနေတာ တို့ကို ပြောလိုတာ မဟုတ်ဘူးနော်။ အဲဒီ သနားစိတ်၊ ၀မ်းနည်းစိတ်တွေဟာ တကိုယ်ကောင်းဆန်တဲ့ သဘောသာ ဖြစ်တယ်။ အဲဒီစိတ်တွေ ၀င်လာပြီဆိုရင် သူများအပေါ်မှာ နားလည်ခွင့်လွှတ်နိုင်မှု မရှိတော့ဘဲ ဒေါသစိတ်တွေ ဖြစ်ပွားလာတတ်တယ်။ တချို့တလေကျတော့ အဲဒီလို မခံချင်စိတ် (ဒေါသ) ကိုပဲ ကျုပ်က ဘယ်ခံမလဲဗျ-အစရှိသည်ဖြင့် ကိုယ့်ဟာကိုယ် အဟုတ်ကြီးထင်ပြီး ပြောတတ်ကြတယ်။ ဒါပေမယ့် တရားသဘောနဲ့ကြည့်ရင် ဒေါသဆိုတဲ့စိတ်ဟာ တရားတဲ့ဒေါသ၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဒေါသရယ်လို့ ဘယ်တော့မှ မရှိဘူးလို့ မှတ်ထားကြပါ။ ဒေါသဟာ ဒေါသစိတ် ၀င်တဲ့သူကိုရော၊ ဘေးလူတွေကိုရော ဆိုးကျိုးကိုသာ ပေးတတ်တဲ့ အဖျက်တရား သက်သက်ပါ။

ကရုဏာစိတ်ထားကို မိမိအပေါ်မှာ မိမိမွေးမြူပျိုးထောင်လို့ ပေါက်မြောက်ပြီးသူဟာ သူရဲ့ပတ်ဝန်းကျင်ကို ကရုဏာစိတ်တွေ ဖြန့်ဝေနိုင်တဲ့ အနေအထားသို့ ရောက်ရှိလာတော့တာပါပဲ။ ဖြန့်ဝေတဲ့ အလေ့အထကိုလဲ နီးစပ်ရာ ပတ်ဝန်းကျင်ကို အစပြုပြီးတော့ တနိုင်ငံလုံးအထိ ရည်မှန်းပြီး ပျံ့နှံ့အောင် ပို့လွှတ်ပါ။ တကမ္ဘာလုံးကို လွှမ်းခြုံမိအောင် ပို့လွှတ်ပါ။ ကရုဏာပို့လွှတ်တဲ့နေရာမှာ ပုဂ္ဂိုလ်အမျိုးအစား၊ အဆင့်အတန်း၊ အယူဘာသာ၊ အသားရောင် စတဲ့ခွဲခြားမှု လုံးဝ ကင်းစင်ရပါမယ်။ မိမိထားရှိတဲ့ ကရုဏာတရားကို တနည်းနည်းနဲ့ အသိအမှတ်ပြုဖို့ တောင်းဆိုမယ် ဆိုခဲ့ရင် အဲဒါ ကရုဏာစိတ်အစစ် မဟုတ်တော့ဘူး။

ကမ္မဋ္ဌာန်းပွားများတဲ့ အလုပ်ဟာ စိတ်လေ့ကျင့်မှုကို စတင်ပေးတဲ့အနေနဲ့ ကောင်းမြတ်တဲ့အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ကရုဏာအကြောင်းကို ဒီသင်တန်းသူ သင်တန်းသားများ စဉ်းစားကြည့်ကြဖို့လဲ တိုက်တွန်းချင်တယ်။ သင်တန်းတက်လာသူဆိုတာ သင်တန်းမှာသင်တဲ့ အကြောင်းအရာတွေဟာ ဘာကိုဆိုလိုတာလဲလို့ လေးလေးနက်နက် တွေးကြည့်ပြီးတော့ ကရုဏာအကြောင်း ပို့ချချက်ကို သဘောပေါက်ပြီးရင် လက်တွေ့ ကရုဏာစိတ်ကို ထားကြည့်သင့်ကြတယ်။ အဲဒီလို စာတွေ့နဲ့ လက်တွေ့ ပေါင်းစပ်မိအောင်လုပ်ဖို့ စိတ်ထဲမှာ ပြဋ္ဌာန်းထားရကြရမယ်။ ဟာ-ဒါလောက်တော့ နားလည်ပါတယ်-လို့ ခပ်ပေါ့ပေါ့ သဘောထားမယ်ဆိုရင် သင်ကြားထားသမျှကလေးတွေဟာ မစွဲမြဲသေးတဲ့အတွက် မေ့ပျောက်သွားတတ်တယ်။

ဒီတော့ ပထမဦးဆုံး မိမိကိုယ်ကို မိမိ ကရုဏာစိတ် ဖြစ်နေအောင် ရှုမှတ် နှလုံးသွင်းကြပါ။ နှလုံးသားထဲမှာရော၊ စိတ်ကူးထဲမှာရော ကရုဏာတွေ ပြည့်ဝလာသည်အထိ ပွားများအားထုတ်ကြပါ။ ဒီနောက်မှာတော့ ဒီကရုဏာဓာတ်ဟာ စကြာဝဠာတတိုက်လုံးမှာရှိကြတဲ့ သတ္တ၀ါအားလုံးကို လွှမ်းခြုံမိတဲ့အထိ ဖြန့်ဝေပို့လွှတ်ပါ။

( အရှင်သေဋ္ဌိလ-အဂ္ဂမဟာပဏ္ဍိတ-အဘိဓဇမဟာရဋ္ဌဂုရု )

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

မည်သူသည် မိမိနှင့် အသင့်လျော်ဆုံးဖြစ်သနည်း(အိမ်ထောင်ပြုသည်ဆိုရာဝယ်)

1.



ရုပ်ရည် - အလှအပနှင့် ပတ်သက်သည့် အယူအဆသည် တစ်ခေတ်နှင့်တစ်ခေတ် ပြောင်းလဲနေပေရာ အားလုံးအတွက် ထာဝစဉ်လှပနေသူဟူ၍ ရှိနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ကြင်ဖက်ရွေးချယ်ရာတွင် ရုပ်ရည်သည် အဓိက အချက်မဟုတ်ဟု ဆိုရခြင်း ဖြစ်ပေသည်။ မိမိလက်ခံနိုင်သည့် ရုပ်ရည်ရှိလျှင် လုံလောက်ပြီး ဖြစ်သည်။

2.


အသက် - တစ်ဦးက မိတ်ဆွေအပေါင်းအသင်းကို တန်ဖိုးထားပြီး ကျန်တစ်ဦးက အလေးမထားသူ ဖြစ်နိုင်သည်။ တစ်ဦးက ဘာသာရေးကို လေးစားပြီး ကျန်တစ်ဦးက အလေမထားသူ ဖြစ်နိုင်သည်။ ဤကဲ့သို့ သဘောထားနှင့် တန်ဖိုးထားမှုများ ကွဲလွဲနေကြလျှင် အိမ်ထောင်ရေးသာယာမှုကို တစ်ချိန်မဟုတ် တစ်ချိန် ထိခိုက်လာမည်မှာ သေချာလှပေ၏။ ထို့ကြောင့် သာယာသော အိမ်ထောင်ရေး ဖြစ်လာစေရန် ကြင်ဖက်နှစ်ဦးတို့၏ အသက် များသည် ကွာခြားလွန်းမှု မဖြစ်သင့်ပေ။ မတိမ်းမယိမ်းသာ ရှိသင့်ပေ၏။

3.


ပညာရေး - ယေဘုယျအားဖြင့် မိမိနှင့် အလှမ်းမကွာလွန်း သူသာလျှင် အသင့်လျှော်ဆုံး ဖြစ်ပေမည်။ ပညာရေး အဆင့်အတန်းကွာခြားမှုကြောင့် သဘောထားနှင့် တန်ဖိုးထားမှု များလည်း ကွာခြားနိုင်ပေရာ အိမ်ထောင်ရေးညှိယူမှုတွင် ထိုအချက်က အနှောက်အယှက် ပေးလာမည် ဖြစ်ပေ၏။ ကြင်ဖက်ရွေးချယ်ရာတွင် မိမိနှင့် ပညာရေး အဆင့်အတန်း မကွာလွန်းသူကို ရွေးချယ်ခြင်းဖြင့် သဘောထား မတိုက်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာသည့် စိတ်အနှောက်အယှက်များကို လျော့နည်းစေမည် ဖြစ်သည်။

4.


မိသားစု အခြေအနေ - ကြင်ဖက်ရွေးချယ်ရာတွင် ချစ်သူများ၏ မိသားစုအခြေအနေသည် လည်း အရေးပါသည့် အချက်တစ်ချက် ဖြစ်ပေ၏။ လူတို့၏သဘောထား၊ စိတ်ဝင်စားမှုနှင့် တန်ဖိုးထားမှုများသည် သူတို့ဖြတ်သန်းလာခဲ့သည့် ဘ၀အတွေ့အကြုံများအရ ခြားနားမှုရှိနိုင် ရာ မိသားစုချင်း ခြားနားလေလေ၊ သဘောထားချင်း ကွဲလေလေ ဖြစ်ပေမည်။ ထိုအခါ ခင်ပွန်းနှင့် ဇနီးတို့၏ အိမ်ထောင်ရေး ညှိယူမှုသည် အခက်အခဲရှိလာမည် ဖြစ်ပေသည်။ ယေဘုယျအားဖြင့် ပညာတတ်မိသားစု၏ သဘောထားသည် ငွေကြေးချမ်းသာသူတို့၏ သဘောထားနှင့် တူညီမည် မဟုတ်ပေ။ ထိုနည်းတူ သူတို့၏ဘ၀အမြင်များသည်လည်း အခြေခံအားဖြင့် တူညီကြသည် မဟုတ်ပေ။ ထို့ကြောင့် ကြင်ဖက်ရွေးချယ်ရာတွင် မိမိ၏ မိသားစုနှင့် အခြေခံအားဖြင့် တူညီသည့် မိသားစုအတွင်းမှ ချစ်သူကိုသာ ရွေးချယ်သင့်ပေ၏။

5.


ကျန်းမာရေး - မကျန်းမာသူနှင့် အိမ်ထောင်ပြုမိပါက တစ်သက်လုံး စိတ်ဆင်းရဲမှုနှင့် ကြုံတွေ့ နေရမည် ဖြစ်ပေသည်။ အခြားအခြေအနေများ ကောင်းမွန်နေသောကြောင့် ဤအချက်ကို လျော့ပေါ့၍ လက်ခံလိုက်ပါက ဘ၀တစ်လျှောက်လုံး စိတ်မချမ်းသာမှုများနှင့် ရင်ဆိုင်သွား ကြရတတ်သည်။ အချို့သော စိတ္တဇရောဂါတို့မှာ မျိုးရိုးလိုက်ကြပြီး ဖြစ်တတ်ရာ ချစ်သူ၏ မိသားစုနှင့် ရင်းချာသော မွေးချင်းများတွင် ထိုရောဂါမျိုး ရှိ၊ မရှိ ကိုလည်း လေ့လာထား သင့်ပေသည်။

6.


ဥာဏ်ရည် - ဥာဏ်ရည်ဟူသည် ဗီဇနှင့်ပတ်ဝန်းကျင်ဟူသည့် အခြေခံအချက်ကြီး နှစ်ရပ်ပေါ် တွင် တည်မှီနေပေရာ သားသမီးများ ဥာဏ်ကောင်း၊ မကောင်းဟူသည် မိဘတို့၏ ဥာဏ်ရည်ကောင်း၊ မကောင်းပေါ်တွင် တစ်စိတ်တစ်ဒေသအားဖြင့် တည်မှီနေသည်။ ထို့ကြောင့် မိမိနှင့် လက်ထပ်မည့်သူ၏ ဥာဏ်ရည်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပေ၏။ ဇနီးနှင့် ခင်ပွန်းတို့၏ ဥာဏ်ရည်ခြင်း ခြားနားလွန်းလျှင် သူတို့၏သဘောထား၊ စိတ်ဝင်စား မှုနှင့် တန်ဖိုးထားမှုများလည်း ကွဲပြားသွားနိုင်ရာ ထိုအချက်ကြောင့် အိမ်ထောင်ရေး ညှိယူမှု တွင် အထစ်အငေါ့များ ကြုံတွေ့လာနိုင်ပေသည်။ ထို့ကြောင့် ကြင်ဖက်ရွေးချယ်ရာတွင် မိမိနှင့် ကွာခြားလွန်းမှု မရှိသူကိုသာ ရွေးချယ်သင့်ပေသည်။

7.


အလုပ်အကိုင် - မိသားစုချင်း ခွဲခွာနေကြရပါက သားသမီးထိန်းကျောင်းမှုတွင် ပြဿနာ ၀င်လာနိုင်သည်။ ကလေးများသည် မိခင်နှင့်အတူ နေထိုင်ကြရပြီး၊ ဖခင်က တစ်မြို့တစ်ရွာ တွင် နေထိုင်ရပါက သားသမီးများကို စည်းကမ်းပေးမှု၊ သင်ကြားမှု စသည်တို့တွင် လျော့ရဲမှု ရှိနေနိုင်၏။ ဤအချက်များသည် အလှမ်းဝေးသည့် အချက်များ ဖြစ်သော်လည်း မလွဲမသွေ ကြုံတွေ့ရမည် ဖြစ်သဖြင့် ကြိုတင်စဉ်းစား ထားသင့်ပေသည်။

8.


ဘာသာရေး - တစ်ဦးနှင့်တစ်ဦး ဘာသာရေး ယုံကြည်မှု ကွဲလွဲနေသည့် အချက်ကလည်း အိမ်ထောင်ရေး သာယာမှုကို ထိပါးလာနိုင်သည်။ ယုံကြည်မှုခြင်း မတူညီမှုကြောင့် ဓလေ့ထုံးစံ သဘောထား စသည်တို့တွင် ကွဲပြားသွားနိုင်သည်။ ဇနီးနှင့် ခင်ပွန်းတို့တွင် ပြဿနာမပေါ်ခဲ့ လျှင်လည်း သားသမီးများ ပေါက်ဖွားလာသောအခါ ပြဿနာ ပေါ်ပေါက်လာတတ်သည်။ မိမိတို့၏ ရင်သွေးငယ်ကို မည်သည့်ဘာသာအား ကိုးကွယ်စေမည်နည်း။ မိဘများအနေနှင့် အရေးမထားသော်လည်း နှစ်ဖက်မိဘများ၏ လွန်ဆွဲမှုကြောင့် ပြဿနာပေါ်ပေါက် လာတတ် သည်။ ထို့ကြောင့် ကြင်ဖက်ရွေးချယ်ရာတွင် ဘာသာရေးကိုလည်း ထည့်သွင်းစဉ်းစား သင့်ပေ၏။

9.


ကိုယ်ရည်ကိုယ်သွေး - ကမ္ဘာပေါ်ရှိ လူသားများသည် အမွေဆက်ခံခဲ့သည့် ဗီဇနှင့် ဖြတ်သန်း လာသည့်ပတ်ဝန်းကျင်တို့ မတူညီကြသောကြောင့် ကိုယ်ရည်ကိုယ်သွေးသည်လည်း တစ်ဦး နှင့်တစ်ဦး မည်သည့် နည်းနှင့်မျှ တူညီကြသည် မဟုတ်ပေ။ ထို့ကြောင့် ကြင်ဖက်ရွေးချယ် ရာတွင် မိမိချစ်သူ၏ ကိုယ်ရည်ကိုယ်သွေးကို ထည့်သွင်းစဉ်းစားနိုင်ရန် လိုအပ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ဇနီးနှင့်ခင်ပွန်းဖြစ်သူတို့တွင် ခြားနားလွန်းသော ကိုယ်ရည်ကိုယ်သွေး ရှိနေပါက ညှိယူမှုတွင် အခက်အခဲ တွေ့လာနိုင်သောကြောင့် ဖြစ်ပေ၏။ အတွင်းစွဲ နှင့် အပြင်စွဲ ဟူ၍ ကိုယ်ရည်ကိုယ်သွေး အင်္ဂါရပ်နှစ်ခုရှိရာ မိမိက အတွင်းစွဲသူဖြစ်ပြီး၊ ချစ်သူက အပြင်စွဲသူ ဖြစ်နေပါက ညှိယူမှုတွင် ပြဿနာ ပေါ်ပေါက်လာနိုင်သည်။ လွှမ်းမိုးလိုသူနှင့် အညံ့ခံလိုသူဟူ၍ ကိုယ်ရည်ကိုယ်သွေး အင်္ဂါရပ်များရှိရာ တစ်ဦးက လွှမ်းမိုးလိုပြီး၊ ကျန်တစ်ဦးက အညံ့ခံလိုစိတ် ရှိနေပါက လိုက်ဖက်ညီသည့် အတွဲတစ်တွဲ ဖြစ်လာနိုင်သည်။ စံပြကိုယ်ရည်ကိုယ်သွေးချင်း လိုက်ဖက်မညီမှုကြောင့် ပြဿနာ ဖြစ်လာနိုင်သလို၊ တစ်ဦးဦးတွင် နယူရိုးတစ် ကိုယ်ရည် ကိုယ်သွေး ရှိနေပါက အခက်အခဲ ကြုံတွေ့ ကြတတ်သည်။

10.


ချစ်သူ၏ ဆွေမျိုးများ - ကြင်ဖက်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက်တစ် ချက်မှာ ဆွေမျိုးသားချင်း ပြဿနာ ဖြစ်၏။ သို့မဟုတ်ပါက ဆွေမျိုးများနှင့် ဆက်ဆံရေး အဆင်မပြေမှုကြောင့် အိမ်ထောင်ရေး သာယာမှုကို ထိပါးလာနိုင်ပေသည်။ တစ်ခါတစ်ရံ ယောက္ခမများသာမက အခြားဆွေမျိုးများလည်း ပါလာနိုင်သည်။ ဤဓလေ့ ထုံးစံကို ကျွနိုပ်တို့ ပယ်ဖျက်၍ မရနိုင်ပေရာ အလိုက်သင့် ဆက်ဆံသွားတတ်ရန် လိုအပ်ပေသည်။ သို့မဟုတ်ပါက ``ပြည်ပန်းညို ချိုပါလျက်၊ ဆားကဖျက်´´ ဟူသကဲ့သို့ ဆွေမျိုးသားချင်း ပြဿနာကြောင့် အိမ်ထောင်ရေးသာယာမှုမှာ ပျက်ဆီးသွားနိုင်ပေ၏။

11.


ခင်မောင်သန်း (စိတ်ပညာ)၏ ``အိမ်ထောင်ဖက် ရွေးချယ်မှုနှင့် စိတ်ပညာအမြင်´´ စာအုပ်မှ ကောက်နုတ် ဖော်ပြလိုက်ပါတယ်။
မှတ်ချက်။ ။လူတိုင်းလူတိုင်း ဒီလို အခြေခံအချက်လေးတွေ ကြိုသိထားတဲ့အတွက် အမှားမပါအောင် ထိန်းချုပ်နိုင်တဲ့အပြင် တစ်ယောက်နဲ့တစ်ယောက် ညှိယူမှုတွေကိုလည်း လွယ်ကူစေ နိုင်ပါတယ်။ တစ်ကယ်အဓိက ကျတာကတော့ တစ်ယောက်နဲ့တစ်ယောက် အပေါ်ကို မေတ္တာစစ်၊ မေတ္တာမှန်နဲ့ ချစ်နိုင်ပြီး စစ်မှန်တဲ့ စေတနာ ထားရှိမှသာလျှင် အောင်မြင် ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဘ၀ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

12.


ကျေးဇူးတင်ပါသည်။ ဤပို့စ်ကို ဇော်ဂျီ font အဖြစ်ရိုက်ပေးသော ယဉ်စနိုင်းအား ကျေးဇူးအထူးတင်ပါသည်။

http://www.chitooandyin.blogspot.com/ မှယူပြီးဖော်ပြပါသည်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Gmail ၏ လျှို့ဝှက်ချက်များ

တစုံတစ်ယောက်ကကိုယ့်ကို မေးလ်ပို့ လာတဲ့အခါ ကျေးဇူးတင်စကားလေးတွေ အခြားလက်ဆောင်စကားလေးတွေ ပါချင်သူများအတွက်
သိသင့်သိထိုက်တဲ့ g mail နဲ့ ပတ်သက်တဲ့ ဗဟုသုတလေးကို မောင်စေတနာ blog ဒီနေရောလေးကhttp://mgsaytanar.blogspot.com/2009/04/gmail.html gmail ၏လျှို့ဝှက်ချက်များ ပို့ စ်ကိုကူးယူမျှဝေလိုက်ပါတယ်။
သူငယ်ချင်းများပျော်ရွှင်နိုင်ပါစေ။

အီးမေးလ်နဲ့ တောင်းဆိုထားတဲ့ ကိုအောင်ကြည်ဖြူရေ . . ။ မေးထားတဲ့ မေးခွန်းကို ဖြေကြားပေးလိုက်ပါပြီ။ တစ်ဖက်က email ပို့လာတဲ့အခါ ကိုယ်ဘက်က လက်ခံရရှိကြောင်း၊ ဒါမှ မဟုတ် ကျေးဇူးတင်စကား ပြောကြားဖို့ Gmail မှာ လုပ်ထားလို့ရပါတယ်။ အောက်ပါ အဆင့်များ အတိုင်း လုပ်ပါ။
(၁) မိမိ၏ Gmail account ကို ၀င်ရောက်ပါ။
(၂) ပုံတွင် ပြသထားသည့် setting ကို ကလစ်ပါ။


(၃) ပြီးလျှင် General Tab ကို ရွေးပါ။ (၄) Vacation responder on ကို ရွေးချယ်ပြီး မြင်နေရသည့် အကွက်တွင် မိမိရေးချင်သည့် စာသားများ ရေးပါ။ (ဥပမာ -ကျေးဇူးတင်စကား၊ အီးမေးရောက်ရှိကြောင်း စာသား)



(၅) ပြီးလျှင် save changes ကို ကလစ်ပါ။ (၆) မိမိ ရေးထားသည့် Subject သည် အောက်တွင် ပြသထားသည့် အတိုင်း ပေါ်နေလိမ့်မည်။ အကယ်၍ အဆိုပါ ပြုလုပ်ထားသည့် အီးမေးလ်များ ပြန်ရုပ်သိမ်းချင်လျှင် End now ကို ကလစ်ရမည် ဖြစ်သည်။


အထက်ပါ အဆင့်များအတိုင်း ပြုလုပ်ပါက သင့်ဆီပေးပို့နေသော အီးမေးလ်တိုင်းကို အီးမေးလ် ပြန်နေလိမ့်မည် ဖြစ်သည်။ အဆင်ပြေကြပါစေ။


မောင်စေတနာ

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

မြန်မာလူငယ်တစ်ဦးဖန်တီးသော တကယ်အသုံးဝင်သည့် အဘိဓာန်ဆော့ဝဲ

မြန်မာ ကွန်ပျူတာ User များအတွက် မြန်မာ-အင်္ဂလိပ် ၊ အင်္ဂလိပ် - မြန်မာ အဘိဓာန်ဆော့ဝ်ကောင်းလေးတစ်ခု ထွက်လာပါပြီ။ ဖန်တီးသူကတော့ ကိုစိုးမင်း။ ဂျပန်နိုင်ငံရောက် မြန်မာ လူငယ်တစ်ဦး။ ခေါင်းစားဖော် ခေါင်းစားဖက် နောက်တစ်ယောက်က ကိုမင်းကျော်။ သူက ဆွီဒင်မှာ။ ကိုစိုးမင်း၏ ကိုယ်ပိုင်နေရာလေးတစ်ခုမှာ http://www.soemin.net/ သွားရောက်လေ့လာကြည့်လျှင် သူ့စရိုက်နှင့် သူစေတနာကို တွေ့မြင်ရလိမ့်မည်။ ဖတ်စရာများစွာ၊ ဗဟုသုတယူစရာများစွာ။ သူအားထုတ်မှုတွေလည်း အားကျစရာ ......
ဒီမှာ http://code.google.com/p/wxpydict/ သွားဖတ်ကြည့်လို့ရသည်။ တကယ်ချီးကျုးထိုက်သည့် သူဖြစ်ပါသည်။ အများကောင်းကျိုးအတွက် ပေးဆပ်မှုတစ်ခုကို သူပြုခဲ့ပြီ။
ကိုစေတန်ဂေါ့ နှင့် ကျွန်တော်ကတော့ မိမိတို့စုထားသော ဒေတာများကို စေတနာဗရပွဖြင့် ထောက်ပံ့လိုက်ကြသည်။ အလွန်သုံး၍ကောင်းသော အဘိဓာန်ဖြစ်သည်။
အင်စတောလုပ်ပြီးတော့ ကျွန်တော် တစ်ခုရှာကြည့်သည်။ "စိုင်း" ဆိုတာ .... အောက်က ပုံအတိုင်းပေါ်လာသည်။ ကဲ ဘယ်လောက် .... လွယ်လဲ ........





တအားရှာရခက်နေရင် ဒီမှာ DOWLOAD အဘိဓာန်wxPyDict_setup.exe


တင်ဆက်သူ = စိုင်းခမ်းထွန်း
http://saingkhantun.blogspot.com/2009/06/blog-post.html

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

လူကိုဖျက်တဲ့ အရက်သမိုင်း

ဘိန်းမှာခရစ်နှစ် ၁၈၀၀မတိုင်မီကပေါ်ပေါက်လာခဲ့သော်လည်း၊အရက်မှာခုနှစ်ရေတွက်၍မရလောက်
အောင်အလွန်ရှေးကျသည့်ကာလကတည်းကပေါ်ပေါက်လာခဲ့သည်။မူးယစ်ခြင်းသည်မာန်ယစ်ခြင်း၊မာန်မူခြင်း၊မာန်
တက်ခြင်းဖြစ်သည်။ မူးယစ်ဟူသည်အကြောင်းကိုလည်းမသိ၊အကျိုးကိုလည်းမသိ၊အမိအဖကိုပင်အမိအဖမှန်းမသိ
တော့ဘဲပြန်လည်ရန်မူတတ်သည်။ဘုရား၊ပစ္စေကဗုဒ္ဓါ၊အရိယာသာဝကတို့ကိုပင်အန္တရာယ်ပြုတတ်ကြသည်။မြတ်စွာ
ဘုရားသာဝတ္ထိပြည်ဇေတ၀န်ကျောင်းတော်၌သီတင်းသုံးတော်မူစဉ် သေသောက်သဘင်အခါ ကျသည်နှင့်ဝိသာခါ
အမှူးရှိ သောနောက်လိုက်မိန်းမငါးရာတို့သည်ဥယျာဉ်သို့ သွားကာတစ်နေ့လုံးအရက်သေစာသောက်စားမူးယစ်ပြီး
သော်ည နေချမ်း၌ဘုရားရှင်ထံသွားကြသည်။ ဘုရားရှေ့တော်သို့ရောက်လျှင်အရှက်ကင်းမဲ့စွာသီချင်းဆိုကြ၊ ရယ်
ကြ၊ကခုန်မြူးထူးကြ၏။အချို့ အဝတ်ဗလာဖြင့်တုံးလုံးပက်လက်အိပ်ကြ၏။ထိုအခါမြတ်စွာဘုရားရှင်သည်ညိုသော
ရောင်ခြည်ကိုလွှတ်လျက်နေတော်မူရာပလ္လင်တော်မှကွယ်ခဲ့၍မြင်းမိုရ်တောင်ထိပ်၌ရပ်တော်မူလေ၏ညိုသောရောင်
ခြည်တော်ကြောင့်မှောင်အတိကျသွားသဖြင့်မိန်းမတို့ကြောက်လန့်ခြင်းပြင်းစွာဖြင့်ငိုကြွေးကြကုန်၏။မြတ်စွာဘုရား
ရှင်သည်လင်းသောရောင်ခြည်တော်ကိုလွှတ်လျက်နေတော်မူရာပလ္လင်တော်၌သီတင်းသုံးတော်မူ ကာ“သင်တို့
သည် လောဘ၊ဒေါသ၊မောဟတည်းဟူသောအမှောင်ဖြင့် ဖုံးလွှမ်းနေပါလျက်အလင်းကို အဘယ်ကြောင့်မရှာကြ
သနည်း” ဟုတရားဟောတော်မူ၏။မိန်းမငါးရာတို့လည်း အကျွတ်တရားရကြလေ၏။ထိုအခါဝိသာခါ ဒါယကာမ
သည် ဤမျှအရှက်အကြောက်ကိုဖျက်ဆီးတတ်သောသေရည် သေရက်သည်အဘယ်အခါကစဖြစ်ပါသနည်း ဟု
လျှောက်သဖြင့်မြတ်စွာဘုရားသည်ပထမဆုံးအရက်ပေါ်လာခြင်းအကြောင်းကိုဟောတော်မူ၏။(တိံသနိပါတ်-
ကုမ္ပဇာတ်) ရှေးသရောအခါ ဗာရာဏသီပြည်၌သဗ္ဗမိတ္တမင်းကြီး မင်းပြုစဉ်ကကာသိတိုင်းသား(သူရာ)အမည်ရှိ
သောမုဆိုး တစ်ယောက်သည်ဟိမဝန္တာတော၌အမဲပစ်ရန် အသွားတောင်ခြေ၌အကိုင်းသုံးခွရှိသောသစ်ပင်ကြီး
တစ်ပင်၏အကိုင်းခွဆုံနား၌ငှက်တို့သည်အရက်ကို သောက်ပြီးမြူးတူးပျော်ပါးကာ ဟစ်အော်ကြွေးကြော်ကြ၏။
ထို့နောက်အောက်သို့ပြုတ်ကျလျက်အသေကဲ့ သို့ဖြစ်လေ၏။ အတန်ငယ်ကြာလျှင်တဖန်ပြန်တက်ပြီး ထိုအရည်
ကိုသောက်ကြ ကုန်၏။ဤသို့အတန်တန် မြူးတူးကြသည်ကိုမြင်သဖြင့်မုဆိုးကတက်၍ကြည့်ရာသစ်ခွတွင်မိုး
တွင်းရေကျ၍ အနီးအပါးမှဇီးဖြူရှစ်ရှား၊ ဖန်းခါးသီးတို့ကိုလည်းကောင်း၊သလေးစပါးတို့ကိုလည်းကောင်း၊ငှက်
တို့ယူဆောင်ကာထိုသစ်ခွ၌စား၍ စားကြွင်းများသစ်ခွတွင်းသို့ကျသဖြင့်နွေအခါ၌ဆူးပေါက်၍အရက်ဖြစ်နေ
သည်ကိုမြင်သဖြင့်သောက်ကြည့် လေ၏။ ထို့နောက်မူးယစ်လာကာသစ်ပင်အောက်၌မူးသဖြင့် အိပ်ပျော်နေ
ကြသောငှက်တို့ကိုသတ်၍ မီးကင်ကာစား၏။သေရည်ကိုလည်းအဖန်ဖန်သောက်၏။ဤသို့အားဖြင့်မူးယစ်ကာ
အိပ်၏။ထို့နောက်အနီး ရှိဂရုဏရသေ့ထံသေရည်နှင့်အမဲကင်တို့ကိုယူသွားကာနှစ်ဦးသားသောက်စားမူးယစ်
ကြလေ၏။ ယင်းနောက်ထိုအရည်ကိုဝါးကျည်တောက်တို့ဖြင့်ထမ်း၍ပစ္စန္တရာဇ်မင်းအားဆက်သရာတစ်မြို့လုံး
အရက် သောက်သဖြင့်ပျက်လေ၏။တော၌အရက်ကုန်သဖြင့်အိုးကြီးအိုးငယ်တို့ဖြင့်ချက်ကြလေ၏။ ထိုအခါမှ
စ၍ အရက်ချက်ခြင်း၊အရက်သောက်ခြင်းပေါ်ပေါက်လာလေသည်။ထိုသေရည်ကိုလည်း သူရာဟူ၍လည်း
ကောင်း၊ ဂရုဏဟူ၍လည်းကောင်းခေါ်လေ၏။မင်းလည်းသေအိုးအနီး၌ကြွက်များ မသောက်စေရန်ကြောင်
တို့ကို ချည်ထားကာကြီးစွာသောမဏ္ဍပ်ကိုပြု၍သေသောက်သဘင်ကျင်းပအံ့ဟုတစ်မြို့လုံးစည်မောင်းလည်
စေ ၏။ကြောင်တို့လည်းသေအိုးမှအမြှုပ်တို့ဝေကျသည်ကိုသောက်သဖြင့်အသေကဲ့သို့အိပ်လေ၏။ ကြွက်တို့
လာ၍ကြောင်တို့၏ နားရွက်အမြီးတို့ကိုစားကြလေ၏။အမတ်တို့မြင်လျှင်သေရည်မဟုတ်၊ အဆိပ်ဟုလျှောက်
သ ဖြင့်သူရာမုဆိုးနှင့်ဂရုဏရသေ့တို့အားသတ်လေ၏။ထို့နောက်ကြောင်တို့အမူးပြယ်မှ အရက်ဖြစ်ကြောင်း
သိ သဖြင့်သောက်ရန်ပြင်ကြလေ၏။သိကြားမင်းလည်းလောကကြီးပျက်စီးတော့မည်ကိုမြင်သဖြင့်လာရောက်
ဆုံးမကာအရက်အိုးတို့ကိုရိုက်ခွဲစေ၏။“လောကကြီးအားပျက်စီးစေသောသေအရက်ကိုသောက်စားခြင်းမှ
ရှောင်ကြလော့”ဟုဆုံးမကာနတ်ပြည်သို့ပြန်လေ၏။သေအရက်ကိုမင်းနှင့်တကွတစ်ပြည်လုံးရှောင်ကြဉ် သဖြင့်
ချမ်းသာရာကိုရကြလေ၏။ထို့ကြောင့်အရက်နှင့်မူး ယစ်ဆေးဝါးဆိုသည်မှာလူမှုရေး၊ ကျန်းမာရေး၊အိမ်ထောင်
ရေး၊စီးပွားရေးများကိုဖျက်ဆီးတတ်သည့်သေရည်ဖြစ်ကြောင်း၊ထိုမူးယစ်ဆေးဝါးများကိုမမှီဝဲ၊မသုံးစွဲမိ အောင်
ရှောင်ကြဉ်စောင့်ထိန်းသင့်ကြောင်းရေးသားတင်ပြအပ်ပါသည်။ မြို့မ-ချိုချိုအေး


3/8/2008 12:00:00 AM
http://www.khitlunge.com.mm/HealthBeauty/Healthbeauty_News_Detail.aspx?id=6063 မှကူးယူဖော်ပြပါသည်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေသောက်ခြင်း

Apr 6, 2008
WASHINGTON (AFP) - - ခန္ဓာကိုယ်ရဲ့ ရေလိုချက်ကို ပြည့်မီဖို့ တစ်နေ့ကို ရေဖန်ခွက် ၈ခွက် သောက်သုံးသင့်တယ်လို့ ဆိုစမှတ်ပြုကြတာကို သက်သေပြနိုင်ဖို့ အထောက်အထား မရှိပါဘူး။ ရေဆာပြေပျောက်အောင် သောက်သုံးခြင်းဟာ တစ်နေ့တာ ခန္ဓာကိုယ်ရဲ့လိုအပ်ချက်အတွက် လုံလောက်တယ်လို့ လေ့လာမှု အသစ် တစ်ခုက ဆိုတယ်။ "ရေကို ဆာတိုင်းသောက်ပါ" လို့ ကြာသပတေးနေ့ထုတ် American Society of Nephrology ရဲ့ ဂျာနယ်ရဲ့ သုံးသပ်မှုတစ်ခုက အကြံပြုတယ်။ Pennsylvania တက္ကသိုလ်က ဒေါက်တာများက "လူတစ်ဦးတစ်နေ့တာအတွက် ရေ 1.5 လီတာသောက်သုံးသင့်ကြောင်း" အဆိုပြုမှု အတွက်လည်း သက်သေပြစရာ မရှိတာက ရှင်းနေတာပဲ လို့ဆိုပါတယ်။ သုတေသန ပညာရှင် Dan Negoianu နဲ့ Stanley Goldfarb တို့က ရေများများ သောက်ခြင်းဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်ဖို့ ကျောက်ကပ်ကို အထောက်အကူ ပြုတယ်ဆိုတဲ့ သီအိုရီကို သုံးသပ်ခဲ့ကြတယ်။ "ဒီလိုဆိုတော့ ရေများများ သောက်ခြင်းဟာ ကျောက်ကပ်ရဲ့ အရေးကြီးတဲ့ ပုံမှန် လုပ်ငန်းဆောင်တာတွေကို ပိုမို လုပ်ဆောင်စေသလား လို့ မေးမယ် ဆိုပါတော့ဗျာ။ အဖြေက မဟုတ်ပါဘူး လို့ပဲ ဖြေရမှာပါ။" လို့ Goldfarb က NPR radio ကို ပြောကြားပါတယ်။ "တကယ်တမ်းမှာ ရေအများကြီး သောက်ခြင်းဟာ အမှန်စင်စစ် အံ့သြစရာ ကောင်းလောက်အောင် ကျောက်ကပ်ရဲ့ (အဆိပ်အတောက်တွေကို) စစ်ထုတ်ပေးတဲ့ လုပ်ငန်းစွမ်းဆောင်နိုင်မှုကို လျော့ပါးစေနိုင်ပါတယ်" ကိုယ်အလေးချိန် လျှော့ချချင်သူတွေ အတွက်တော့ ရေဟာ အဓိက အထောက်အကူ အဖြစ် ဆွဲဆောင် နိုင်ဆဲပါ။ ရေသောက်တဲ့ အခါ အစားလျှော့သူတွေ ပြည့်အင့်နေသလို ခံစားရစေပေမဲ့လို့ ကိုယ်အလေးချိန် လျော့ကျစေဖို့ အထောက်အကူ ပြုတယ်လို့တော့ ဆေးပညာ သုတေသန ပြုထားမှု မရှိပါဘူး။ "တကယ်တော့ အစာမစားခင်မှာ ရေ သောက်ခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် ကယ်လိုရီ ရယူမှုကို လျှော့ချနိုင် စေတယ်လို့ အချို့သော သုတေသနပြုမှုတွေက အကြံပြုထားတာ ရှိပါတယ်။ အခြားသော သုတေသန တွေကတော့ ဒါဟာ မဟုတ်ဘူးလို့ အကြံပြုပြန်တယ်။ " လို့ Goldfarb က ဖြည့်စွက် ပြောပါတယ်။ အားကစားသမားများ၊ ပူပြင်း ခြောက်သွေ့တဲ့ရာသီဥတုရှိတဲ့ နေရာမှာ နေထိုင်သူများနဲ့ ရောဂါတစ်ခုခု ခံစားနေရသူများ စတဲ့ ကိစ္စရပ်များ အတွက်သာ ရေများများ သောက်ခြင်းဟာ အမှန်တကယ်ကို ကျိုးကြောင်း ဆီလျော် မှန်ကန်သင့်မြတ် ပါတယ်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဘုရားအထက်ပစ္စယံပေါ် မိန်းမတွေတက်ရင် ငရဲကြီးသလား

ဘုရားအထက်ပစ္စယံပေါ် မိန်းမတွေတက်ရင် ငရဲကြီးသလား၊ ဆရာတော် ဘုရားရဲ့
ဖြေကြားချက်ဟာ အလွန် ကောင်းမွန် သင့်လျော်တယ်လို့ စိတ်မှာ
ခံစားမိတဲ့အတွက်၊ ထပ်မံ ဝေမျှပေးလိုက်ပါတယ်။
မထူးပေမယ့် ခြားနားခြင်း

(ဆရာတော်ဦးကေလာသ - အလိုတော်ပြည့်ကျောင်း၊ အေရီဇိုးနား)

ငလျင်လှုပ်ရတဲ့ ဗုဒ္ဓသင်္ကန်း

ငရဲကြီးဖို့ ကျားမ မခွဲခြားပါဘူး။ စိတ်ထားသာအဓိကပါ။ ဘုရားပေါ်ကို တက်ရုံနဲ့
ငရဲကြီးတယ်ဆိုရင် ယောက်ျားတွေတက်လည်း ငရဲကြီးရမှာပေါ့။ အထက်ပစ္စယံပေါ်မှာ
ရည်းစားနဲ့ချိန်းတွေ့ပြီး ဘုရားဖူးတွေ မျက်စိကျိန်းအောင်လုပ်ရင်တော့ ဘယ်သူမဆို
ငရဲကြီးမှာပေါ့။ အမျိုးသမီးတွေကို ရဟန်းပြုခွင့်ပေးတာ၊ ရဟန်းမိန်းမတွေကိုလည်း
အဂ္ဂသာဝိကာ အမြတ်ဆုံးဧတဒဂ်ပေးတာ၊ အမျိုးသမီး ရဟန္တာဖြစ်ရင်
အမျိုးသားရဟန္တာနဲ့တန်းတူ လောကရဲ့ပူဇော်အထူးကို ခံထိုက်တာတွေဟာ ဘာသာရေး မှာ
မိန်းမယောက်ျား မခွဲခြားလို့ပေါ့။ ဗုဒ္ဓဒေသနာအရ အယုတ်အမြတ်ဆိုတာ ခန္ဓာကိုယ်
ဖွဲ့စည်းပုံ၊ အသားအရောင်၊ ဇာတ်ဆိုတာတွေနဲ့မပတ်သက်ဘူး။ မြတ်စွာဘုရားဟာ သေပြီး
ပုပ်ဆွေးနေပြီဖြစ်တဲ့ ပုဏ္ဏာအမည်ရှိတဲ့ကျွန်မရဲ့ အလောင်းကိုပတ်ထားတဲ့ပိတ်စကို
ကိုယ်တိုင်ခွာယူ၊ မြစ်ထဲမှာ ကိုယ်တိုင်လျှော်ဖွပ်ပြီး ကိုယ်တိုင်
သင်္ကန်းချုပ်ဆိုး ၀တ်ရုံတော်မူပါတယ်။ ပိတ်စကိုအလောင်း ကောင်ကခွာစဉ်မှာ မြေကြီးက
အံ့ချီးပြုတဲ့အနေနဲ့ ငလျင်တောင်လှုပ်သတဲ့။ ဒီသင်္ကန်းဟာ အမွန်မြတ်ဆုံးလည်း
ဖြစ်ပါသတဲ့။

ပုဏ္ဏာဟာ ကျွန်လည်းဖြစ်တယ်။ မိန်းမလည်းဟုတ်တာပဲ။ ဗုဒ္ဓက သကျမျိုး၊ မင်းသား၊
တစ်လောကလုံးရဲ့ အမြတ်ဆုံးပုဂ္ဂိုလ်။ ဗုဒ္ဓဟာ ပရမတ္ထ၀ါဒီ
(အရှိကိုအရှိအတိုင်းမြင်တဲ့ပုဂ္ဂိုလ်) စစ်စစ်ပါ။ ဒါကိုသတိပြုမိရင် အမျိုးသမီးတွေ
ဘုရားငြမ်းပေါ်ကို မတက်ရဆိုရင် ဆီလျောင်တဲ့ အကြောင်းပြချက်ရှိနိုင်ပေမယ့်
“အမျိုးသမီးရွှေတိဂုံဘုရား အထက်ပစ္စယံပေါ်ကို မတက်ရ” ဆိုတာမျိုး အတွက်တော့
ခိုင်လုံတဲ့အကြောင်းပြချက်မရှိနိုင်ပါဘူး။

ခြားနားချက်တော့ရှိမယ်

ယောက်ျားမိန်းမလို့ ကွဲပြားနေရတာကိုက ခြားနားတဲ့သဘာဝကြောင့်မဟုတ်လား။
ကမ္ဘာအေးမှာနေ တုန်းက ညနေလမ်းလျှောက်တော့ ခုနစ်နှစ် ရှစ်နှစ်အရွယ်
ကောင်လေးနဲ့ကောင်မလေး (မောင်နှမ ဖြစ်နိုင်တယ်) နှစ်ယောက် ဂေါက်ကွင်းဖက်က
ဘဲဥကန်ဖက်ကို ပြေးလာတယ်။ ကောင်လေးက ခါးလောက်မြင့်တဲ့သံဆန်ကာခြံစည်းရိုးကို
ခုန်တက်ပြီး ဒီဘက်ကို လွယ်လွယ်လေးခုန်ချနိုင်တယ်။ ကောင်မလေးကလည်း
ကောင်လေးကိုတုပြီး အားကျမခံခုန်တက်တယ်။ ဒါပေမဲ့ သံတိုင်နဲ့ ဂါဝန်စွန်း
ချိတ်မိပြီး မှောက်လျက်လဲကျတယ်။ ဂါဝန်လည်းပြဲတယ်။ ပင်လယ်ကွေ့စစ်ပွဲတုန်းက
အမေရိကန် လေတပ်ကဗုံးကြဲလေထီးမယ်တွေ ရန်သူ့လက်ထဲရောက်သွားတော့ မိန်းမဟာမိန်းမပဲ။
ကြောင်ထီးဟာ ပြိုင်ဖက်အခြားကြောင်ထီးတွေနဲ့ တိုက်ခိုက်တဲ့အခါ သူသေကိုယ်သေပဲ။
ဒါပေမဲ့ ချစ်သူကြောင်မ ကုတ်ဖဲ့တာကိုတော့ ဘာမှမတုံ့ပြန်ဘူး။
ဒီသဘာဝကိုမြင်နိုင်ရင် ပရမတ္ထတရားရဲ့ အခြားတစ်ဖက်မှာ အဖိုနဲ့အမ
နက်နဲတဲ့ခြားနားချက်တွေရှိနေတာ သေချာတယ်။ အမျိုးသားတွေနဲ့ရင်ဘောင်တန်းဖြစ်ဖို့
ဘယ်လောက်ပဲအရေးဆိုစေ အားလုံးထပ်တူတော့ မဖြစ်နိုင်ဘူး။ အမျိုးသမီးတွေအားလုံး
အမျိုးသားတွေရဲ့ အကျင့်စရိုက်လိုဖြစ်ကုန်ပြီဆိုရင်လည်း လောကကြီးဟာ
ကမ္ဘာဦးခေတ်ကို ပြန်ရောက်သွားနိုင်တယ်။ အမျိုးသမီးတစ်ယောက် လမ်းပေါ်မှာ
ဝတ်လစ္စလစ်အိပ်နေလို့ သင့်တော်နိုင် ပါ့မလား။ ယောက်ျားကတစ်ပြိုင်နက်
မိန်းမနှစ်ယောက်ယူတာ၊ မိန်းမက တစ်ပြိုင်နက် ယောက်ျားနှစ်ယောက်ယူတာ ဘယ်ဟာက
အခြေအနေပိုဆိုးမလဲ။

ဒီခြားနားချက်တွေကို မြတ်ဗုဒ္ဓ မသိကျိုးကျွံ ပြုတော်မမူဘူး။ မြတ်ဗုဒ္ဓဟာ အဲဒီ
လောကအထာနဲ့ ကိုက်ညီမယ့် ဘိက္ခုနီ (ရဟန်းမ)တွေအတွက် သီးခြားစည်းကမ်းလေးတွေ
ပညတ်ပါတယ်။ ရဟန်းမတွေ ရဟန်းမပြုခင် အထူးလိုက်နာရမယ့် စည်းကမ်း ၈ ခုထဲမှာ
ရဟန်းမိန်းမတွေ သိက္ခာ ဘယ်နှဝါရရ (၀ါဘယ်လောက်ကြီးကြီး) ယနေ့ပြုတဲ့
ရဟန်းပေါက်စကို ရှိခိုးရမယ်ဆိုတာပါတယ်။ ဒါလည်း အမျိုးသမီးတွေကို
နှိပ်တဲ့သဘောမျိုးမဟုတ်နိုင်ဘူး။ ဂုဏ်ရည်တူရင် ယောက်ျားတွေထက် ဘ၀င်မြင့်တက်တဲ့
အမျိုးသမီးသဘာဝ (အထူးသဖြင့် မိထွေးတော် ဂေါတမီလို မာန်ကြွတဲ့ သကျမျိုး
မိန်းမတွေ) ကြောင့် မဂ်ဖိုလ်ကိုတကယ်ရချင်တဲ့ အမျိုးသမီးတွေကို ဦးစွာမာန်မာန
ချိုးနှိမ်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်နိုင်တယ်။
(သကျမင်းသားခြောက်ယောက်ရဟန်းပြုစဉ်က) ဆံသလုလင် ဥပါလိကို အရင်ရဟန်းပြုခိုင်းတာ
ကလည်း ကိုယ့်ရဲ့အမျိုးမာန် ပညာမာန် ရာဇမာန်တွေကို ချိုးနှိမ်ဖို့ရည်ရွယ်ခဲ့
တာပဲ။

ခြားနားတဲ့ယဉ်ကျေးမှုတွေ

သီရိလင်္ကာဘုန်းကြီးနဲ့အတူ သီရိလင်္ကာအိမ်ကို ဆွမ်းစားလိုက်သွားဖူးတယ်။
ဆွမ်းစားပြီးလို့ ပရိတ်ရွတ်မယ်လုပ်တော့ အိမ်ရှင်မိန်းကလေးက ဇတ်ကနဲဆို
ဘုန်းကြီးတွေဖက် ခြေဆင်းပြီး ထိုင်ချ လိုက်တယ်။ ၀တ်ထားတဲ့ဂါဝန်က
ဒူးခေါင်းဖုံးရုံလေး။ လက်အုပ်တော့ချီထားပါတယ်။ ဒါ သူတို့ ယဉ်ကျေးမှုပဲ။
မြန်မာမိန်းကလေးဘုန်းကြီးရှေ့ ဒါမျိုးလုပ်ရင် ရိုင်းတယ်ဆိုမှာပေါ့။ လူနာရှင်ဟာ
ဆေးကို လက်ခလယ်နဲ့ဖျော်ရင် လူနာလပ်ကီး ဆေးထိမယ်ဆိုတဲ့ သဘောလို့
မြန်မာဗိန္ဓောဆရာတွေက ယူဆတယ်။ အမေရိကမှာတော့ လူတစ်ယောက်ကို
ကျန်လက်ချောင်းတွေကိုစုကွေးပြီး လက်ခလယ်တစ်ချောင်းတည်းကို ထောင်ပြရင် ပြတဲ့လူ
သေနတ်နဲ့ တောင်ပစ်သတ်ခံရနိုင်တယ်။ အဲဒီလို လုပ်ပြတာဟာ ယောက်ျားအင်္ဂါပုံကို
လုပ်ပြသလိုမျိုးတဲ့။ စကားမစပ် မြန်မာရုပ်ရှင် နှစ်ခု သုံးခုမှာ မင်းသားက
မင်းသမီးကို အဲဒါမျိုးလုပ်ပြတာ တွေ့ဖူးတယ်။ (မြန်မာ့ရုပ်ရှင်
အဆင့်မြင့်ရေးအတွက် ဒါရိုက်တာတွေ သတိထားဖို့ပါပဲ။) ဖိနစ်စ်မြို့
ရုက္ခဗေဒဥယျာဉ်ကို သွားတုန်းက ဗုဒ္ဓဘာသာကိုရီးယားအဘိုးကြီးတစ်ယောက်နဲ့တွေ့တယ်။
ဘာသာရေးတော်တော်ကိုင်းရှိုင်းပုံပဲ။ သူက ဘုန်းကြီးကို သစ်ပင်တွေကို
ခြေထောက်နဲ့ထိုးပြတယ်။ စပ်ဖျင်းဖျင်းတော့ ခံစားမိရဲ့။ မြန်မာရှုထောင့်နဲို့ရင်
အဲဒီလူ ငရဲကြီးမှာပဲ။ ဒါကြောင့် စိတ်ထားကိုပဲ ဘုန်းကြီးညွှန်းတာပေါ့။ အဲဒီလို
ခြားနားတဲ့ရှေးရိုးယုံကြည်စွဲလမ်းမှုတွေကို အခြေပြုတဲ့ကျားမ ခွဲခြားမှုတွေ
ရှိရာကနေ ဘာသာတရားနဲ့ရောထွေးသွားပြီး ဘုရားပေါ်မိန်းမမတက်ရ ဆိုတာမျိုးတွေ
ဖြစ်လာပုံရတယ်။

အယူအဆပြောင်းလဲခြင်း

ဝိနည်းမသင်ဖူးတဲ့ တောထွက်ကိုယ်တော်တစ်ပါးနဲ့ အတူနေဖူးပါတယ်။ ဆွမ်းစားနေတုန်း
အကပ်ခံပြီးသား ဆွမ်းဟင်းခွက်ကို လူတွေ မမီအောင်လို့ ဘုန်းကြီးနားကိုတိုးပေးရင်
ငယ်ပါကို သံစူး သလောက်စိတ်ဆိုးတာပဲ။ သူက ဆရာကြီးဆိုတော့လည်း ကြည့်နေရတာပေါ့။
ပတ်သက်သူ ဒကာ ဒကာမတွေလည်း ကပ်ပြီးသားကို မကိုင်ကောင်းဘူးလို့ပဲ နားလည်နေကြပြီ။
ကြာရင် အဲဒီ ၀ိနည်း မဟုတ်တဲ့ ၀ိနည်းဟာ ၀ိနည်းအစစ်လိုဖြစ်သွားနိုင်တယ်။
(“စွန့်ချပေးလု ပစ္စု လိင်ပြန် ဤခြောက်တန် ကပ်ခံပျက်ကြောင်းတည်း”တဲ့။ တော်ပြီ
လို့စွန့်လိုက်ရင်၊ လူထွက်ရင်၊ စားနေဆဲ လူသာမဏေကို ပေးလိုက်ရင်၊ အလုခံရရင်၊
ဘုန်းကြီးသေရင်၊ ဘိက္ခုကနေ ဘိက္ခုနီပြောင်းသွားရင် ဒီ ၆ မျိုးကြောင့်ပဲ
အကပ်ပျက်တာပါ။) ယိုးဒယားမှာ အမျိုးသမီးလက်ထဲက အလှူပစ္စည်းကို ဘုန်းကြီးက
လက်နဲ့ထိပြီး အလှူမခံဘူး။ သင်္ကန်းရောင် ပိတ်စရှည်လေးနဲ့ထိပြီး ခံယူရတယ်။ ဒါပေမဲ့
ဝိနည်းအမှန်မှာ အဲလို လုပ်စရာမလိုဘူး။ ဒါလည်း ခုနက တောထွက်လို ဟန်လုပ်ပြီး
ဝိနည်းကိုလေးစားပြရာကနေ ပြောင်းလဲ သွားတဲ့အယူအဆဖြစ်နိုင်တယ်။ (ဆက်ကပ်သူဟာ
မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ဘုန်းကြီးအနေနဲ့ ခန္ဓာကိုယ်နဲ့ ဒါမှမဟုတ်ကိုယ်နဲ့
ထိစပ်နေတဲ့ပစ္စည်းနဲ့ ခံယူကောင်းပါတယ်။)



တစ်ခုတော့ရှိတယ်။ လေးစားလွန်းလို့ ဆရာတော်ကြိးတွေ ဘုဉ်းပေးနေတုန်း ဆွမ်းခွက်ကို
ဟိုကိုင် ဒီရွှေ့မလုပ်ဘူး၊ ဘုန်းကြီးကိုကြည်ညိုလွန်းလို့ ဒကာမတွေက
ဘုန်းကြီးလက်ထဲကို အလှူပစ္စည်းကို မထည့်ဘူးဆိုရင်တော့ ကိုယ့်သဘောပဲ။
ဝိနည်းနဲ့တော့မဆိုင်ဘူး။ ရတနာသုံးပါးကို အထွတ်အမြတ် ထားလွန်းရာကနေ တည်ရှိပြီး
ရိုးရာယုံကြည်မှုတွေနဲ့ရောပြီး ဒီအထွတ်အမြတ် နေရာတွေကို မိန်းမ မတက်ရ
မ၀င်ရဆိုတဲ့အထိ ယုံကြည်မှုပြောင်းလဲသွားခဲ့တာလည်း ဖြစ်နိုင်တယ်။

အ၀ိရောဓိ (မဆန့်ကျင်တဲ့)အမြင်
ဗုဒ္ဓ၀ါဒရှုထောင့်အရ ယောက်ျားတက်ခွင့်ရတဲ့ ဘုရားပေါ်ကို မိန်းမတက်လို့
ငရဲမကြီးဘူးလို့မှတ်ဖို့ပါ။ မိန်းမ မတက်ရကန့်သတ်ချက်ဟာ
ရိုးရာစွဲကိုအခြေခံနိုင်သလို ရတနာသုံးပါးကို လေးစားလွန်းရာကနေ ပြောင်းလဲသွားတဲ့
အယူအဆလည်း ဖြစ်နိုင်တယ်။ စေတီဘုရားစတဲ့ နေရာအချို့မှာ မိန်းမ မတက်ရ၊
မိန်းမမ၀င်ရ ဆိုတာဟာ ရှိပြီးယုံကြည်စွဲလမ်းမှု အခြေခံနဲ့ ရာစုနှစ်တွေချီပြီး
ကြာနေပြီဖြစ်တဲ့ တားမြစ်ချက် ဖြစ်နိုင်ပါတယ်။ မိန်းမတွေတက်လို့ ၀င်လို့
မရှေးမနှောင်းမှာ တိုက်ဆိုင်မှုဆိုးကျိုး တစ်ခုခု ဖြစ်ရင် ဒါကြောင့်ပဲလို့
ယိုးမယ်စွဲကြမှာပဲ။ ဒါကြောင့် မိန်းမတွေတက်ခွင့်ပြုဖို့ အရေးဆိုမယ် ဆိုရင်တောင်
လူတွေနားလည်လက်ခံအောင် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးရပါလိမ့်ဦးမယ်။ ကျားမ
မခွဲပါဘူးဆိုတဲ့ အမေရိကမှာတောင် အမျိုးသမီးသမ္မတဖြစ်ဖို့ မလွယ်သေးဘူး။ အမေရိကန်
ပြည်တွင်း လေယာဉ်တွေကို ဘုန်းကြီးတို့စီးရင် များသောအားဖြင့် အထူးစစ်ခန်းကို
သွားရတယ်။ ခြားနားတဲ့ ယဉ်ကျေးမှုကြောင့် အမြင်မတူလို့ ယောက်ျားဖြစ်လျက်နဲ့
အဲဒီလို ခွဲခြားဆက်ဆံခံရသေးတာပဲ။ အချိန်ကို စောင့်ပါဦး။ လူငယ်မျိုးဆက်သစ်တွေ
ဂေါပကလူကြီးဖြစ်လာချိန်မှာ ရွှေတိဂုံဘုရား အထက်ပစ္စယံမှာ အမျိုးသမီးတွေ
ပုတီးစိပ်ခွင့် ရကောင်းရပါလိမ့်မယ်။


(burmeseclassic.com ရဲ့ ဓမ္မအမေးအဖြေကဏ္ဍမှာ မိန်းကလေးတွေ
ရွှေတိဂုံဘုရားအထက်ပစ္စယံပေါ်တက်ခွ
င့်မရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာမှာ
ဘာလို့ခုလို အမျိုးသမီးတွေကို ခွဲခြားဆက်ဆံရသလဲ ဆိုတာနဲ့ ပတ်သက်ပြီးမေးထားတာကို
ဆရာတော်တစ်ပါးက ပြန်ဖြေထားတာကို ပြန်ဝေငှပေးလိုက်ပါတယ်။ တခြားအမေးအဖြေတွေကို
ဖတ်ချင်ရင် http://www.burmeseclassic.com/dammaQA.php မှာ
တိုက်ရိုက်ဖတ်ရှုနိုင်ပါတယ်။)

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Gtalk ကနေ မသိတာတွေအကုန်လုံးကို အလိုအလျောက် ဖြေကြားပေးနိုင်မဲ့စနစ်

Gtalk အသုံးပြုတဲ့သူတွေအတွက်တော့ တော်တော်ကောင်းတယ်ဗျ။
မသိတာမှန်သမျှ အလိုအလျောက် ဖြေကြားပေးမယ့် ဝန်ဆောင်မှုတစ်ခုပါ။ webtoim လို့ခေါ်ပါတယ်။

webtoim@gmail.com ကို add ပြီး
ကိုယ်မသိတာတွေအားလုံးကို မေးလို့ရပါတယ်။

နောက်ပြီး ဘယ်နှစ်နာရီရှိပြီလဲ ဆိုတာတွေကို မေးရင်လဲ အဖြေက မှန်ပါတယ်။ဥဗမာ-

What is the time in Myanmar now?
June 21st 2009, 21:09:50 MMT

What is the time in ENgland now?
June 21st 2009, 15:56:00 BST

နောက်ပြီး နာမည်မကြီးတဲ့ ဘောလုံးသမားကအစ အမှန်မတိုင်းဖြေပေးပါတယ်။

Clive: Who is Sidwell?

webtoim: Steve Sidwell (born 1982), the English football player

စာလုံးပေါင်းမှန်ဖို့လိုပါတယ်။ကျော်ကြားသူတွေရဲ့မွေးနေ့ကိုလဲမေးနိုင်ပါတယ်။
ဥဗမာ- michael jackson လို့သာရိုက်လိုက်ပါ။

webtoim: Michael Jackson (born 1958), the American singer


ဘယ်မေးခွန်းကို မဆို ဖြေကြားပေးနိုင်ပေမဲ့ နောက်ဆုံးအချက်အလတ်တွေကို မဖြေကြားပေနိုင်ပါဘူး။ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းအတွက် အသုံးဝင်နိုင်လို့ တင်ပေးလိုက်ပါတယ်။

မှတ်ချက်။ ။သူငယ်ချင်းတစ်ယောက်ပို့ လာတဲ့ မေးလ်းကိုအားလုံးအကျိုးရှိအောင်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဘုရားကို နှလုံးသားနဲ့ ထိထိမိမိ ဖူးကြမယ် - ၁

[ထိုထိုသောအကြောင်းတို့ကို ဟိန္ဒူဘုရားများ တွင်သာမက မည်သည့်လူမျိုး၊ ဘာသာရဲ့ အထိမ်းအမှတ် မှာမှ မမြင်ဖူး သောကြောင့် မြန်မာ့လက်ရာ ဗုဒ္ဓဘာသာ စေတီပုထိုးများရဲ့ ဗိသုကာ လက်ရာသည် အတုမရှိ၊ ကိုယ်ပိုင် လက်ရာသာ ဖြစ်ကြောင်း အပြတ် ဖြတ်ချရလေသည်။ ]


နိုင်ငံခြားတွင် ကျောင်းတက်ရင်း လူမျိုးပေါင်းစုံ၊ ဘာသာတရား ကိုးကွယ်မှု ပေါင်းစုံသော လူများနှင့် အလိုက်အထိုက် နေထိုင်ပြောဆို ဆက်ဆံရသည်မှာ ဒေသန္တရ ဗဟုသုတ တိုးသည်သာမက လူမှု ဆက်ဆံရေး စွမ်းရည် ပါ စိတ်ညစ်စရာ ကောင်းလောက်အောင် မတိုးချင်ဘဲ တိုးခဲ့ရပါသည်။ အထူးသဖြင့် အိန္ဒိယတောင်ပိုင်းမှ ကျောင်းသားတစ်ဦးရဲ့ ဂုဏ်ပြိုင်ချင်လွန်းသော အပြုအမူမှာ နေရာ တော်တော်များများ တွင် စော်ကားလိုသော အနက် အဓိပ္ပာယ် သက်ရောက်လာသောကြောင့် စကားဝိုင်းမှာ မကြာခဏ စကားရည်လုပွဲ အသွင်ဆောင် လာလေ့ရှိပါသည်။

တရက်မှာ ဆောက်လုပ်ရေး လုပ်ငန်း အကြောင်း ဆွေးနွေးခိုက် ဘုရားများ၊ စေတီပုထိုးများရဲ့ ဗိသုကာ လက်ရာများ အကြောင်းကို သမိုင်းကြောင်းနှင့် ယှဉ်ပြီး ဆွေးနွေးစဉ် မောင်မင်းကြီးသားက တစခန်းထ လာပါတော့သည်။ ဂျာမန်လူမျိုး ဆရာက ရွှေတိဂုံ ဘုရား၏ တည်ထားပုံကို ကမ္ဘာ့အံ့ဖွယ် စာရင်း သွင်းရပုံကို ချီးကျူးပြောဆိုရာ သူက ဟိန္ဒူ ဘုရားကျောင်းများရဲ့ ရှေးကျပုံ၊ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀မှ ၅၀၀၀ အလွန် ကပင် ဟိန္ဒူ ဘုရားစေတီများ တည်ထားခဲ့ပြီး ဖြစ်ပုံ၊ နောက်ပိုင်း ထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုရားစေတီ များမှာ နှစ်ပေါင်း ၂၀၀၀ ကျော်ခန့်သာ ကြာသေးပုံ တို့ကို ပြောပြီး ရွှေတိဂုံဘုရားသည် ဟိန္ဒူ ဘုရားစေတီ တည်ထားပုံကို နမူနာယူ အတုခိုးပြီး တည်ထားခြင်း မျှသာ ဖြစ်သည်ဟု ပြောပါလေတော့သည်။

စကားရည်ပြိုင်လုရန် စိတ်မပါလှသော ကျွန်မလည်း သည်နေရာ တွင်တော့ ငုံ့မခံနိုင်တော့ပါ။ ထို့ကြောင့် ဟိန္ဒူ ဘုရားစေတီများသည် အောက်ခြေအုတ်ခုံကို ဖြစ်စေ၊ မြေပေါ်ပိုင်း အဆောက်အဦကို ဖြစ်စေ အ၀ိုင်းပုံနှင့် အခုံးပုံကို အခြေခံပြီး ဆောက်လုပ်ထားကြောင်း လေ့လာတွေ့ရှိဖူးပါသည်။ မှန်သလားလို့ အရင်ချည် လိုက်ပါတော့သည်။ မှန်ကြောင်းနှင့် မြန်မာများသည် သူတို့ဟိန္ဒူစေတီတည်ပုံကို လေ့လာထား သည်ကို ချီးကျူးပါကြောင်း အချွန်နဲ့ မလေသည်။ ထိုအခါမှ ကျွန်မလည်း
၁. ရွှေတိဂုံဘုရားသည် အပေါ်မှ မိုးကြည့်လျှင် ပန်းတင်ခုံခေါ် အောက်ခြေအုတ်ခုံကို လေးထောင့်ကျကျ စတုရန်းပုံဆောက်လုပ်ထားကြောင်း
၂. ပန်းတင်ခုံပေါ်တွင်မှ ပစ္စယာ သုံးဆင့်ခေါ် လှေကားထစ်သဖွယ် ပုံပန်းသဏ္ဍာန်ကို ဆဌဂံ မှ အဆင့်ဆင့် အဌဂံပုံသို့ ပြောင်းလဲ တည်ဆောက်ထားကြောင်း၊ ရည်ရွယ်ချက်မှာ စတုရန်းမှ စက်ဝိုင်းပုံသို့ ပြောင်းလဲ သွားဟန်ကို မျက်စိ ပသာဒ ဖြစ်ဖွယ် ပြေပြေလေး ပြောင်းလဲယူခြင်း ဖြစ်ကြောင်း
၃. ပစ္စယာ သုံးဆင့် ပေါ်တွင် အမျှဝေခြင်း အထိမ်းအမှတ် ခေါင်းလောင်း မှောက်ကို တည်ထားရာ ခေါင်းလောင်းခြေမှာ အခွက်ပုံဖြစ်ပြီး ခေါင်းလောင်း စည်းရဲ့အပေါ်ပိုင်းမှာ အခုံးပုံဖြစ်ကြောင်း၊ အခုံးနဲ့ အခွက်ကို ကြည့်သူရဲ့ အမြင်တွင် သဟဇာတဖြစ်အောင် ဆက်ထားပုံကို ပညာယူနိုင်ကြောင်း
၎. ခေါင်းလောင်းမှောက်ရဲ့ အထက်တွင် ကြာမှောက် ကြာလှန်ကို တည်ထားပုံမှာလည်း သည်သဘော တရား ပင် ဖြစ်ကြောင်း
၅. ငှက်ပျောဖူးတွင် အထက်သို့ ရှူးတက်သွားပြီးမှ ထိပ်ဆုံးတွင် ထီးတော်နဲ့ ပြန်အုပ်ထားသော ဒီဇိုင်းမှာ လည်း ဖူးမြော်သူရဲ့စိတ်ကို ထိပ်ဆုံးသို့ အာရုံစုစည်းစေပြီးမှ ထီးတော်ကို ကြည်ညိုနိုင်စေရန် ဆွဲဆောင် သော ဗိသုကာဖြစ်ကြောင်း
၆. ပုထိုးတော် ဒီဇိုင်းဖြစ်သော အာနန္ဒာ ဘုရားသည် ထိပ်ပိုင်းက ဟိန္ဒူ ဒီဇိုင်းဟု ထင်ရသယောင်၊ ဆင်သ ယောင် ရှိသော်လည်း လိုဏ်သုံးထပ် လုပ်ထားပုံမှာ လုံးဝမတူ ခြားနားခြင်းရဲ့ သက်သေဖြစ်ကြောင်း၊ ရွှေတိဂုံ ကဲ့သို့ မတည်ရခြင်းမှာ အပူပိုင်းဒေသ ရပ်ဝန်းတွင် တည်ရသည့်အတွက် ဘုရားဖူးလာသူများရဲ့ ကြည်ညိုစိတ်ကို ဖန်တီးနိုင်ရန် ရည်ရွယ်ပြီး ပုထိုးတော်ကဲ့သို့ တည်ခြင်း ဖြစ်နိုင်ကြောင်း၊ လိုဏ်နံရံများရှိ ကျောက်ပန်း ဇကာများသည် အကောင်းဆုံး သက်သေ ဖြစ်ကြောင်း၊ အပြင်ဘက်ဆုံး ကျောက်ပန်း ဇကာသည် ဖုန်စစ်ရန်၊ အလယ်နံရံရှိ ကျောက်ပန်း ဇကာသည် နေရောင်စစ်ရန် ဖြစ်ပြီး အတွင်းဘက်ဆုံး ရုပ်ပွားတော်များ တည်ထားရာ ဂန္ဓကုဋီ၏ နံရံရှိ ကျောက်ပန်း ဇကာသည်ကား လေပူစစ်ရန် ဖြစ်ကြောင်း ကျောက်ပန်း ဇကာများရဲ့ ဒီဇိုင်းကို ကြည့်ပြီး သိနိုင်ကြောင်း။ ရည်ရွယ်ချက်မှာ ဘုရားဖူး လာသူသည် နေပူ၊ လေပူ၊ ဖုန်ထူ တို့ကို ဖြတ်ပြီး ဘုရားဖူး လာရာတွင် ပုထိုးတော် ထဲသို့ ရောက်သည်နှင့် လူရော စိတ်ပါ အေးချမ်း တည်ငြိမ် သွားစေရန် ရည်ရွယ်ကြောင်း၊ နေပူထဲမှ လာသော စိတ်ပျံ့လွင့် နေသော ဘုရားဖူးသူကို အလင်းရောင် စစ်ထား သောကြောင့် မှောင်သယောင် အလင်းမှိန်သော ပုထိုးတော်ထဲတွင် စိတ်ကို တည်ငြိမ် စေပြီးမှ ရုပ်ပွားတော် ပေါ်တွင်သာ အလင်းကျ ရောက်နေ စေရန် စီစဉ်ထားသော ဗိသုကာ လက်ရာကြောင့် အမှောင်ထဲတွင် လင်းနေသော ရုပ်ပွားတော်ကို ဖူးမြော်စေလေရာ ကြည်ညို သဒ္ဓါစိတ်ကို ဖြစ်ပေါ်စေ ကြောင်း၊ စိတ်ပညာကိုပါ အသုံးပြုကာ ဘုရားကို ထိုကဲ့သို့သော ပုံပန်းသဏ္ဍာန်ဖြင့် ဆောက်လုပ်သော ဗိသုကာလက်ရာကို အရှေ့တောင် အာရှ တခွင်တွင်ရော၊ တကမ္ဘာလုံး တွင်ပါ မမြင်ဖူး သေး သောကြောင့် ရှိလျှင် လမ်းညွှန်ပါရန်နှင့်
ထိုထိုသောအကြောင်းတို့ကို ဟိန္ဒူဘုရားများ တွင်သာမက မည်သည့်လူမျိုး၊ ဘာသာရဲ့ အထိမ်းအမှတ် မှာမှ မမြင်ဖူး သောကြောင့် မြန်မာ့လက်ရာ ဗုဒ္ဓဘာသာ စေတီပုထိုးများရဲ့ ဗိသုကာ လက်ရာသည် အတုမရှိ၊ ကိုယ်ပိုင် လက်ရာသာ ဖြစ်ကြောင်း အပြတ် ဖြတ်ချရလေသည်။ ထိုအခါ ထိုအိန္ဒိယကျောင်းသားမှအပ ကျန် နားထောင်နေသူများ အားလုံးက လက်ခံ ခေါင်းညိတ်ကြပြီး ဂျာမန် ဆရာကမူ လက်ခုပ်တီး အားပေးလေ သည်။ သည်စကားရည် လုသလို ဖြစ်သွားသော အတန်းတွင်း စာဆွေးနွေးပိုင်းတွင် အမှတ်များစွာ ရလိုက်ပြီး ထိုဘာသာတွင် ဂုဏ်ထူးထွက် ခဲ့ပါသည်။
သို့သော် ကျွန်မကမူ ကျွန်မ အဖြေကို လုံးဝ မကျေနပ် ခဲ့သေးပါ။ သည်မျှလောက် မကသေး ဟု ယုံကြည် လက်ခံ ထားမိပြီး မိမိကိုယ်ကို လုံးဝမကျေနပ်ပါ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ဘုရားစေတီ ပုထိုးများ သို့ ပုံမှန် မဟုတ်တောင် မကြာခဏ သွားလာ ဖူးမြော် ကြသည်။ အထူးသဖြင့် နေ့ကြီးရက်ကြီးများတွင် လူငယ် လူကြီးမရွေး ဘုရားဖူး သွားကြလေသည်။ သူလိုကိုယ်လို ဘုရားဖူးနေကျ ဖြစ်သောကြောင့် ဖူးမယ့် သာ ဖူးလိုက်သည်။ ဘုရားကို ဘာလို့ သည်လို တည်ထား သလဲ ဆိုတာ၊ ဘုရားမှာ ဘာလို့ သည်လိုနေရာ တွေ ထည့်ထားသလဲ ဆိုတာ တခါမှ မစဉ်းစားဖူးခဲ့ပါ။ စပ်စုတတ် လွန်းသည်ဟု သတ်မှတ်ခံရသော ကျွန်မ လိုက်မေးသမျှ၊ လိုက် စုံစမ်းသမျှ အထက်မှာ ပြောဆိုခဲ့သလောက်သာ သိခဲ့ရ၊ မှတ်သားခဲ့ရ ဖူးလေသည်။
ဘာကြောင့် ပန်းတင်ခုံလို့ခေါ်ပြီး သည်လိုပုံစံ တည်ထားရသလဲ။ ဘာကြောင့် ပစ္စယာ ကို ၃ဆင့် ထားရ သလဲ။ ဘာကြောင့် ခေါင်းလောင်းမှောက်မှာ ရင်စည်းကို ဘာ အဓိပ္ပာယ်နဲ့ ထည့်ထားသလဲ။ ဘုရားမှာ ဘာကြောင့် ကြောက်စရာ ဘီလူးပန်းဆွဲ ဆိုတဲ့ပုံနဲ့ ဗိသုကာ လက်ရာ ပါနေရသလဲ။ ဖောင်းရစ်က ဘာလို့ ခုနှစ်ရစ် ဖြစ်နေရသလဲ။ ကြာကို ဘာကြောင့် မှောက်လိုက် လှန်လိုက် ထည့်ထားရသလဲ။ ဘာကြောင့် ကြာပန်းကိုမှ ရွေးထည့်ရသလဲ.. စသည် စသည်ဖြင့်
ယနေ့တော့ စိတ်နည်းနည်း ပါသဖြင့် တရားနာရန် အခွေရွေးရာ ဓမ္မစေတီဆရာတော် ဦးကောသလ ဟော သော နှလုံးသားဝယ် ဘုရားတည် ဆိုသော တရားခွေကို ရွေးလိုက်သည်။ မမျှော်လင့်ဘဲ ဆရာတော် ဟော သော တရားတော်ထဲမှာ ကျွန်မသိချင်လှသော ဘုရားတည်ရခြင်း အကြောင်းရင်းများကို နာလိုက်ရသဖြင့် မျက်ရည်လည်အောင် ၀မ်းသာမိရပါသည်။
၁. ပန်းတင်ခုံကို အကျယ်ဆုံးနဲ့ အောက်ဆုံးမှာထားတာဟာ လူ့စိတ်တွေထဲမှာ လောကုတ္တရာနည်းနဲ့ ပိုင်းခြားရင် အဆင့်အနိမ့်ဆုံးလူမှာ လိုချင်မှုတွေ အများဆုံးဖြစ်လို့ အောက်ဆုံးက ပန်းတင်ခုံကို အကျယ်ဆုံး ထားပေးပြီး ဥပမာပေးခြင်း၊ ဘုရားကို ပန်းကပ်လှူလိုသူတွေ ပန်းတင်လို့ရအောင် အမြင့်ခုံပုံ ဆောက်လုပ်ပေးထားခြင်းကြောင့် ပန်းတင်ခုံဟု အမည်ပေးခြင်း
၂. ပစ္စယာ ကို ၃ဆင့် ထားရခြင်းမှာ တဏှာ ၃ပါးခေါ် လိုချင်မှုအုပ်စု ၃စုကို ရည်ညွှန်းကြောင်း၊ ယင်းတို့မှာ ဘ၀မရှိမှုကို လိုချင်ခြင်း (နိဗ္ဗာန်ကို လိုချင်မှုဖြင့် မရနိုင်၊ အရာအားလုံး သူ့သဘောနဲ့ သူ ဖြစ်ပျက်မှုကို သိပြီး အစွဲကျွတ်ခြင်းဖြင့်သာ နိဗ္ဗာန်ကို ရနိုင်ပါသည်။ ထို့ကြောင့် အကျင့်တရားမရှိဘဲ နိဗ္ဗာန်ကို လိုချင်ခြင်းသည် ဒိဌိ တမျိုးသာဖြစ်သည်။)၊ ဘ၀ကိုလိုချင်ခြင်း၊ ကာမဂုဏ်တရားများ (ရုပ်အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ) တို့ကို လိုချင်ခြင်း ဟူသော လောကုတ္တရာနယ်ရဲ့ အောက်ခြေက တဏှာသုံးပါးကို သတိပေးရန် ပစ္စယာ ကို ၃ဆင့် ထားရခြင်း
၃. ခေါင်းလောင်းမှောက်ခေါ် သပိတ်မှောက်ရဲ့ အဓိပ္ပာယ်မှာ အထက်ပါ သံသရာလည်စေကြောင်း အချက်များကို မပြုလုပ်၊ လက်မခံ ဟူသော အဓိပ္ပာယ်ဖြင့် သပိတ်မှောက်သည်၊ ခေါင်းလောင်းမှောက်သည်ဟု လမ်းညွှန်ခြင်း
(အပိုင်း ၂ ကို ဆက်ဖတ်ပေးပါ)

KhunMyaHlaing ရေးသည်။

ဒီကပါ

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဘုရားကို နှလုံးသားနဲ့ ထိထိမိမိ ဖူးကြမယ် - ၂


[စေတီရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီ အတွက်ရော အားလုံးခြုံငုံပြီးပါ အနှစ်ပါပါ အဓိပ္ပာယ်ရှိရှိ ပုံသဏ္ဍာန်များကို ရွေးချယ်စီစဉ်နိုင်သော ရှေးမြန်မာကြီးများရဲ့ သင်္ကေတ ၀ါဒကို အံ့သြချီးကျူးလို့ မဆုံးနိုင်တော့ပါချေ...]

. . .

၎. သံသရာကို ဘီလူးလိုကြောက်ပြီး အထက်နိဗ္ဗာန် ပန်းကို လှမ်းဆွဲစေချင်သည်ဟူသော သတိပေးချက်ကို ဘီလူးပန်းဆွဲဖြင့် ဥပမာပေးခြင်း၊ ပုံပန်းသဏ္ဍာန် ၅ခုမြောက်တွင် ဘီလူးပန်းဆွဲကို ထားခြင်းမှာ ဥာဏ်စဉ် ၁၆ပါးရှိသည့်အနက် ၅ဆင့်မြောက် ဘယဥာဏ်ကို ညွှန်းဆိုလိုသောကြောင့် သည်နေရာတွင် ဘီလူးပန်းဆွဲ ကို ထားခြင်း၊ (အထက် မြန်မာပြည်တွင် ဘီလူးကို ပါအောင်ထည့်ပြီး အောက်မြန်မာပြည် တွင်မူ ဘီလူး ထားခြင်း အဓိပ္ပာယ်ကို တလွဲတွေးသဖြင့် လည်းကောင်း၊ ဘီလူးကို အပါယ်လေးဘုံသားဟု သတ်မှတ်ကာ ဘုရားတွင် မထားချင်သဖြင့် လည်းကောင်း ဘီလူးမပါဘဲ ပန်းဆွဲကိုချည့်သာ ထည့်လေ့ရှိသည်ကို သီးခြား မှတ်သား နိုင်ပါသည်။ ) သည်နေရာတွင် ပန်းဆွဲ ၁၆ခု ရှိနေသည်မှာ ရိပ်သာများတွင် ယောဂီများကို တရားစစ်ရာတွင် အဆင့်သတ်မှတ်သော သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ် မရခင် အခြေခံ ဥာဏ်စဉ် ၁၆ပါးကို ညွှန်းခြင်း

၅. ခါးစည်း ခေါ် ရင်စည်း ၃ချောင်း ထားရခြင်းမှာ မိမိရဲ့ စိတ်နဲ့လုပ်ရပ်ကို သီလ၊ သမာဓိ၊ ပညာ ဟူသော ထိမ်းကွပ်မှု ၃မျိုးနှင့် ထိန်းကွပ်ရန် သတိပေးလိုခြင်း

၆. ဖောင်းရစ် (၇)ရစ်မှာ ၀ိသုဒ္ဓိ (၇)ပါးကို ရည်ညွှန်းခြင်း

၇. စေတီတော်ရဲ့ ၁၄ဆင့်မြောက်မှာ ကြာမှောက်ကို ထားခြင်းသည် တရားအားထုတ်နေသော ယောဂီဖြစ်လျက် သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ် ရခါနီး ဥာဏ်စဉ် ၁၄ဆင့်မြောက် ရောက်နေစေဦးတော့ သံသရာအတွက် စိတ်မချရသေးဘဲ ထိုအချိန်တွင် မကောင်းမှုအကုသိုလ်များကို မှောက်မှားစွာ လုပ်မိနိုင်သေးကြောင်း၊ ထိုသို့လုပ်မိပါက အောက်သံသရာ အပါယ်လေးဘုံသို့ မှောက်မှောက်မှားမှား ပြန်လည်ကျရောက်နိုင်သေးကြောင်း သတိပေးလိုခြင်း

၈. ကြာမှောက်နှင့် ကြာလှန်ကြားရှိ ရွဲလုံးများသည်ကား ဒဿန နယ်ကို ပြဆိုပြီး ဥာဏ်စဉ် အမှတ် ၁၅နှင့် ၁၆သည် အခြားမရှိ ချက်ချင်းဖြစ်ပေါ်လေ့ရှိပြီး လောကီသားဘ၀၊ လောကီနယ်မှ လောကုတ္တရာသားဘ၀၊ လောကုတ္တရာနယ်သို့ ကူးပြောင်းခြင်းကို ပြဆိုခြင်း

၉. ကြာလှန်သည် ထို ဥာဏ်စဉ် ၁၆ပါးလုံးကို ရရှိပြီးပါက သောတာပန် ဖြစ်ပြီ ဖြစ်ပြီး အောက်သံသရာကို ပြန်စရာမရှိတော့ဘဲ အထက် မဂ်ဖိုလ်များကို ရရှိကာ အလွန်ဆုံးခုနှစ်ဘ၀သာ သံသရာမှာ ကျင်လည်ရပြီး အထက် နိဗ္ဗာန်ကိုသာ ၀င်စံရသောကြောင့် အထက်သို့လှန်တက်နေသော ကြာလှန်ကို ပုံဥပမာ ပေးထားခြင်း
၁၀. သင်္ကေတ၀ါဒ အရ ကြာပန်းကို ထားရခြင်းမှာ ရေမှာ နွံမှာ ပေါက်ဖွားသော ကြာပင်ဖြစ်လျက် ရေမစို၊ နွံမလူး၊ မွှေးကြိုင် သင်းပျံ့ခြင်း ရှိသော ကြာပန်းကဲ့သို့ လောကီနယ်မှ လူသားအဖြစ်မှ လောကုတ္တရာ နယ်သား ဘုရားဖြစ်အောင် ကျင့်ကြံ အောင်မြင်ရာတွင် ဘုရားနှင့်ကြာပန်း တို့တွင် အဓိပ္ပာယ် ဆင်တူသော ဂုဏ်ရည်ချင်းကို ဥပမာ ခိုင်းနှိုင်း လိုသောကြောင့် ကြာပန်းကို သုံးခြင်းဖြစ်ကြောင်း၊ ဂေါတမ မြတ်စွာဘုရား ဗျာဒိတ် ခံစဉ်တွင်လည်း ကြာပန်းကိုသာ ကပ်လှူခြင်း၊ ဖွားစဉ်ကလည်း ကြာပွင့်များ အလိုလိုပေါ်လာကာ ခြေချရာတိုင်း ခံလာရခြင်း တို့ကြောင့် ကြာပန်းသည် ဗုဒ္ဓ၏ သင်္ကေတ ဖြစ်ခြင်း၊
၁၁. ထီးတော် (၇) ဆင့်သည် အထက်ဖိုလ် ခုနှစ်ပါးကို ပြဆိုခြင်း
၁၂. ငှက်မြတ်နား ဆိုသည်မှာ ဘုရား၊ ရဟန္တာတို့ လက်ရှိဘ၀မှ နိဗ္ဗာန်သို့ မ၀င်စံမီ (သို့မဟုတ်) ပရိနိဗ္ဗာန် မပြုမီ ခေတ္တခဏ နားနေရာအချိန်အခိုက်အတန့်ကို ပြဆိုလိုခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရွှေတိဂုံဘုရား၏ ထို ဟင်္သာအမြီးပုံ ငှက်မြတ်နားတွင် ပတ္တမြားကို ထုလုပ်ထားသော ဘုရားရုပ်ပွားတော် လေးကို မြုပ်နှံဌာပနာ ထားခြင်းသည် အဓိကသက်သေဖြစ်ကြောင်း၊ ငှက်မြတ်နား ဟုခေါ်ဆိုလေ့ရှိသော်လည်း တကယ်တော့ အများသူငါ တွေးထင်သလို ငှက်မြီးပုံကို ငှက်မြတ်များကို ကိုယ်စားပြုသည်မဟုတ်ဘဲ နက္ခတ်ဗေဒင် ပညာ တွင် မြန်မာနိုင်ငံကို ကိုယ်စားပြုသော ဟင်္သာပုံ နက္ခတ်ကို ယူကာ သည်စေတီကို တည်ထားကိုးကွယ်သော မြန်မာနိုင်ငံသားများ၏ အစွမ်းအစကို သမိုင်းမှတ်တမ်းတင်ရန်လည်းကောင်း၊ ထိုမြန်မာနိုင်ငံသားများရဲ့ ကုသိုလ် အကျိုး အထွဋ်အထိပ် သို့ ရောက်ပါစေခြင်း အကျိုးငှာလည်းကောင်း ဟင်္သာအမြီးသဏ္ဍာန် တည်ထားခြင်း၊
၁၃. စိန်ဖူးတော် သည် အသင်္ခတဓာတ် နိဗ္ဗာန်မြတ်ကို ရည်ညွှန်းခြင်း။ အခြားဓာတ်များကို ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ဖြင့် ပြင်လို့ရနိုင်သေးသဖြင့် သင်္ခတဓာတ်ဟုခေါ်ပြီး နိဗ္ဗာန်သည်ကား မည်သို့မျှ ပြန်လည် ပြုပြင် ပြောင်းလဲမှုမရှိတော့သော ဓာတ်ဖြစ်သဖြင့် အသင်္ခတဓာတ်ဖြစ်ကြောင်းကို ရည်ညွှန်းခြင်း
(က) ကာဗွန်ဒြပ်စင် သည် မီးသွေး၊ ကျောက်မီးသွေး၊ ဂျာမနီယမ်နှင့် စိန်ဆိုပြီး လေးဆင့်ရှိရာတွင် စိန်အဆင့်တွင် ကာဗွန်ဒြပ်စင်သည် အသန့်စင်ဆုံးအဆင့်ရောက်နေပြီဖြစ်သလို သောတာပန်၊ သကဒါဂမ်၊ အနာဂမ်နှင့် အရဟတ္တ မဂ်ဖိုလ်ရပြီးသူ ဘုရား၊ ရဟန္တာ တို့တွင် ထိပ်ဆုံးအဆင့် ဘုရားသည် ကိလေသာ လုံးဝစင်ကြယ်ဆုံး အဆင့်ရောက်နေသည်ကို ပြဆိုခြင်း၊
(ခ) အမာဆုံး၊ အသန့်စင်ဆုံးနှင့် ဓာတ်ပြိုကွဲမှု လုံးဝမရှိတော့ခြင်း ဟူသော ဂုဏ်ရည်တူချင်း ခိုင်းနှိုင်းဥပမာပေးထားခြင်း
သည်နေရာတွင် ငှက်မြတ်နားအဆင့်တွင် အခက်အလက်များမှာ ငှက်မြီးသဖွယ် ဖြာထွက်နေသော်လည်း စိန်ဖူးတော်ကို ဘာကြောင့် တလုံးတည်း ထားသနည်းဟူသော မေးခွန်းရှိလာပါသည်။ ရဟန္တာ ကိုယ်တော် ကြီး များသည်ကား အချင်းချင်းတွင် ဘုန်းချင်း၊ တန်ခိုးချင်း၊ ပညာချင်း၊ လာဘ်လာဘချင်း မတူညီဘဲ သံသရာတွင် သူတို့အသီးသီး ပြုခဲ့ကြသော အကျိုးပေး အားလျော်စွာ ကွဲပြားခြားနား ကြသော်လည်း နိဗ္ဗာန်သို့ ၀င်စံတော်မူကြသည့် အခါတွင်ကား တူညီသော တခုတည်းသော အသင်္ခတဓာတ်သို့သာ သက်ရောက်ကြသဖြင့် စိန်ဖူးတော်ကို တစ်ဆူတည်း ထားခြင်းဖြစ်လေသည်။
၁၄. အထက်ပါအချက်များနဲ့ ပြည့်စုံပါက ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ နည်းစနစ်ဖြင့် မဟာ သတိပဌာန သုတ္တန် ရဲ့ စံချိန်စံညွှန်းများနဲ့ ဆောက်လုပ် တည်ထား ကိုးကွယ်သော စေတီဖြစ်ပြီး စေတီ တည်ရခြင်း အကြောင်း အနှစ်တရား များကို သိရှိပြီး ကြည်ညို ပူဇော်ပါက အဖိုးမဖြတ် နိုင်သော အကျိုးကျေးဇူးတရားများ ခံစားကြ ရမည် ဖြစ်လေသည်။ သို့သော် အထက်ပါ အချက်များနဲ့ မပြည့်စုံသော စေတီဖြစ်ပါက ဓာတ်ရိုက် ဓာတ် ဆင်၊ ယတြာ၊ အထက်လမ်း၊ အစီအရင်များနဲ့ တည်ထားသော စေတီ မျှသာ ဖြစ်ကြောင်း သိရှိ နိုင်ပါသည်။ ထိုစေတီ များကို ဖူးမြော်ပါက စီရင်သူရဲ့ ရည်ရွယ်ချက်နှင့် ဖူးမြော်သူရဲ့ စိတ်စေတနာ အလိုက်သာ အကျိုး ပေးမည်ဟု မှတ်ယူ နိုင်မည် ထင်ပါသည်။
ထို့ပြင် ဘုရားများတွင် တွေ့ရလေ့ရှိသော တိုင်ထိပ်တွင် ဟင်္သာနားနေဟန် တံခွန်တိုင်အကြောင်းကိုလည်း ရှာရှာဖွေဖွေ သိလိုက်ရသည်။ မာနတံခွန်တက်နေသူများ ဘုရားထံမှောက် ရောက်လိုလျှင် မာနကို အရင်ချ ခဲ့ရန် သတိပေးခြင်းဖြစ်ပြီး ရှေးခေတ်က ဘုရားသို့ လာသူများသည် တံခွန်တိုင်ကို မြင်သည့်အရပ်မှ စတင် ကာ မာနချသည့်အနေဖြင့်ရော အရိုအသေ ပေးသည့် အနေဖြင့်ပါ ဖိနပ်ချွတ်ခဲ့လေ့ရှိကြောင်း၊ မာနခံနေပါက တရားမရနိုင်ကြောင်း၊ မာနစွဲကြီးသူသည် သက္ကာယဒိဌိခေါ် ငါစွဲကြီးသော သူများ ဖြစ်သောကြောင့် ငါစွဲ ပေါ်တွင်သာ မာနတက်လို့ ရသောကြောင့် မာနကြီးသူသည် တရားရဖို့ ခဲယဉ်းကြောင်း၊ ယင်းမာနကို ဘုရားပေါ်မရောက်ခင် အဝေးကတည်းက သတိပေးသည့် အနေဖြင့် တံခွန်တိုင်ကို မြင့်မြင့် တည်ထားခြင်း ဖြစ်ကြောင်း သိရလေသည်။
ထိုမျှမကသေးပါ.. စေတီတော်မှ ညွှန်ပြသော သင်္ကေတများမှ ဟောပြောနေသော တရားတော်များကို ဆင်ခြင် နှလုံးသွင်း နိုင်ပါက ပါရမီ ရင့်သန်သူ ဖြစ်ပါက ဘုရားဖူးရင်းပင် နိဗ္ဗာန်ရနိုင်ကြောင်း ဆရာတော်က ဆက်ဟောပါသည်။ ဖြစ်နိုင်လောက်ပါသည်။ ဒါကြောင့်လည်း
ဘုရားသို့မှန်း ခြေတလှမ်း သိန်းသန်းမကထိုက်
လှူသူ၊ ဖူးသူ၊ ပေးဝေသူ နတ်လူ ဘုံသို့ဆိုက် ဟု လင်္ကာလေး ထားခဲ့ခြင်း ဖြစ်တန်ရာပါသည်။
သည်လောက်တောင် စေတီရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီ အတွက်ရော အားလုံးခြုံငုံပြီးပါ အနှစ်ပါပါ အဓိပ္ပာယ်ရှိရှိ ပုံသဏ္ဍာန်များကို ရွေးချယ်စီစဉ်နိုင်သော ရှေးမြန်မာကြီးများရဲ့ သင်္ကေတ ၀ါဒကို အံ့သြချီးကျူးလို့ မဆုံးနိုင်တော့ပါချေ။ ထို အဟောင်းများရဲ့ အနှစ်များကို မသိပါဘဲ လျက်ဖြစ်စေ၊ သိလျက်နဲ့ ဖြစ်စေ ငါက အသစ်ထွင်တယ် ဆိုသော စကားကို လက်ကိုင်ပြုပြီး အဟောင်းကို ဖျက်ဆီးကာ အသစ်ထွင်ခြင်း၊ အဟောင်းနဲ့ အသစ်ကို ရောခြင်းများကို ပညာမဲ့ပီပီ ပြုလုပ်နေကြသူ တချို့ကို တွေ့တိုင်း စိတ်မကောင်း ဖြစ်ရပါသည်။ သူတို့စိတ်ထဲတွင်တော့ သမိုင်းတွင် ငါ့ထက်တော်သူမရှိစေရ၊ ငါက သမိုင်းကို ဖျောက်ချင်သလို၊ ပြင်ချင်သလို ပြင်နိုင်သည်ဟု တလွဲမာနရှိဟန်တူလေသည်။ ပညာရှင်တို့ စိတ်ထဲတွင်တော့ အ၀ီစိကျမည့် သမိုင်းတရားခံများ ဟု သာ သတ်မှတ်ကာ သနားလေမည်။ အဟောင်းရဲ့ အနှစ်သာရ ကို အရင်လေ့လာပြီး အဟောင်းရဲ့ အနှစ်သာရ ထက်သာသော အသစ်ကို ထွင်နိုင်ပါမှ တိုးတက်ခြင်း အစစ် အဖြစ်ကြီး ဖြစ်ပေမည်။ သို့မဟုတ်ပဲ အသစ်ဖြစ် ပြီးရော လျှောက်လုပ်လျှင်ကား အသုံးမကျ လှသော အစုတ်ပလုတ်များနှင့် သည်လို လျှောက်လုပ်ရင် အစုတ်ပလုတ်တွေ ဖြစ်ကုန်တတ်တယ် ဟု ဥပမာ ပြစရာများသာ ကျန်ခဲ့မည် ကိုလည်း သတိတရား ရလိုက်ပါသည်။
ကျေနပ်သွားသော စိတ်ကို ပြန်လည် သတိထားရင်း တရားတော်ကို ဟောပြသော ဆရာတော်ကို လည်းကောင်း တရားဆုံးအောင် နာလိုက်ခွင့်ရသော မိမိရဲ့ ကုသိုလ်ကံကို ကျေးဇူးတင်လိုက်မိသည်။ ခုလို သူငယ်ချင်းများနဲ့ စာဖတ်သူ များကိုပါ ဝေငှခွင့်ရမှုကို ပိုလို့ပင် ကျေးဇူး တင်မိသည်။ ကျွန်မ အတွက် ကတော့ သည်နေ့ကစပြီး ဘုရားကို အနှစ်ပါပါ နှလုံးသားနှင့် ဖူးတတ်ပါပြီ ဟုသာ ပြောချင်ပါသည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး စာဖတ်သူ များလည်း သိပြီးသား ဆိုလျှင်ဖြင့် အဖော်ရသည်မို့ ၀မ်းသာစွာ လက်ဆင့်ကမ်း ကြိုဆိုလိုက်ပါသည်။ မသိသေးသူများ ဘုရားကို နှလုံးသားဖြင့် အနှစ်ပါပါ အသိတရား အပြည့်ဖြင့် ဖူးမြော် နိုင်ကြအောင် သည်ဆောင်းပါးကို ရေးသား ဝေမျှရသော ကုသိုလ်ရဲ့ အဖို့ဘာဂ ကို စာဖတ် သူ ပရိသတ်ကို လည်း ကောင်း၊ သည်လို မြန်မာစာ၊ ယဉ်ကျေးမှု၊ သာသနာတို့ အဓွန့်ရှည် တည်တံ့ ကျန်ရစ်အောင် မြန်မာ့ ယဉ်ကျေးမှုတွေ ပပျောက် မသွားအောင် ထိန်းသိမ်းခွင့်ကို အသက် ပေးကာ လွတ်လပ်ရေး အတွက် တိုက်ယူ ပေးခဲ့ကြသော အာဇာနည် ခေါင်းဆောင်ကြီး ၉ဦး အပါအ၀င် အာဇာနည်များ အားလုံးကို လည်းကောင်း၊ ၃၁ဘုံတွင် ကျင်လည်ကုန်သော ဝေနယျ သတ္တ၀ါများ အားလုံးကို လည်းကောင်း အမျှ ပေးဝေပါသည်။ အမျှရပြီး နိဗ္ဗာန်သို့ မျက်မှောက်ပြု နိုင်ကြပါစေ။

ရေးသူ : KhunMyaHlaing

ဒီကပါ

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ရသည်မှာ

အိပ်မပျော်သူအတွက် ညတာရှည်သကဲ့သို့ ထင်ရ၏။
ခရီးပန်းလာသူအတွက် တစ်ယူဇနာ ခရီးသည် ရှည်လျား၏။
သူတော်ကောင်းတရားကို မသိနားမလည်ကြသော လူမိုက်များအတွက် သံသရာသည် အလွန်ရှည်လျား နေရတော့သည်။

ဓမ္မပဒ (၆ဝ) အညတရ ပုရိသာ ဝတ္ထု


ကလေးတို့သည် နှစ်ခြိုက်စွာ အိပ်ပျော်လေ့ ရှိကြသည်။
နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ခြင်း၏ ပထမအကြောင်းရင်းမှာ ပူပင်သောက မရှိခြင်းနှင့် ဆိုင်သည်။ ကလေးတို့သည် လောကကြီး အကြောင်း ကောင်းစွာ နားမလည်သေးသဖြင့် သူတို့၌ ပူပင်သောက ကြီးကြီးမားမား မရှိ။ ထို့ပြင် တာဝန်ယူစရာ မလိုအပ်သေးသည့် အရွယ်လည်း ဖြစ်နေပြန်သည်။ သူတို့သည် မအိပ်စက်မီ တောင်တွေး မြောက်တွေး မရှိ။ တခုတည်းသာတွေး၍ အိပ်တတ်သည်။ ဥပမာ- သူတို့ နှစ်သက်ရာ အရုပ်လိုချင်သည့် အကြောင်း၊ အဝတ်အစားသစ် လိုချင်သည့်အကြောင်း တွေး၍ အိပ်သွားခြင်းမျိုး ဖြစ်သည်။
အစွဲအလမ်းဖြင့် အိပ်သွားခြင်းသည် ပူပင်သောက တမျိုးကို ခံစားရခြင်း ဖြစ်သည်။ သို့သော် ပုံမှန်ကလေးတို့ မည်သည် များသောအားဖြင့် အခြားအစားထိုးစရာ တခုခုကို အလွယ်တကူ လက်ခံတတ်သည့် သဘောရှိတတ်၍ ကြီးမားသော ပူပင်သောက မဖြစ်။ ထိုအခါ ကလေးတို့၏ စိတ်သည် ထွေပြားခြင်း မရှိပဲ တည်ငြိမ်နေတော့သည်။ တနည်းအားဖြင့် ပုံမှန်ကလေးတို့၏ စိတ်သည် အလွန်အကျွံ မဖြစ်တတ်။ ထိုသို့သောစိတ် တခုတည်းကိုသာ ထားနိုင်စွမ်း ရှိကြသည်။
စိတ်တခုတည်း ထားနိုင်ခြင်းဖြင့် အိပ်ပျော်စေတတ်ကြောင်း လူကြီးများဖြင့် နမူနာပေးနိုင်သည်။ အချို့လူကြီးများသည် အိပ်ယာဝင်သောအခါ အချိန်အတန်ကြာသည်အထိ အိပ်မပျော်နိုင်ပဲ ရှိနေတတ်ကြသည်။ ထိုအခါ သူတို့သည် ထွက်သက် -ဝင်သက်ကိုသာ ပုံမှန် ပြုလုပ်နေရင်း မကြာခင်မှာပင် အိပ်ပျော်သွားတတ်ကြသည်။ လိုရင်းမှာ ထွက်သက်-ဝင်သက်အပေါ် စိတ်တခုတည်းသာ ရှိနေသဖြင့် ပူပင်သောက(များ)ကို တမင်တကာ မေ့ထားသလို ဖန်တီးနိုင်သောကြောင့် ဖြစ်သည်။
ဒုတိယအကြောင်းရင်းမှာ ရာသီဥတု ဒဏ်မှ နွေးထွေးလုံခြုံပြီး သက်တောင့်သက်သာ ရှိသည့် နေရာတွင် အိပ်စက်ရခြင်း ဖြစ်သည်။ အလွန်အကျွံ ပူခြင်း၊ အေးခြင်း မရှိလျှင်၊ ကြမ်းပိုး-ခြင်-ယင်-မှက်များ မရှိလျှင် ပူပင်သောက ကင်းတတ်သူ မှန်သမျှ သင့်တင့်မျှတသော နေရာတွင် နှစ်ခြိုက်စွာ အိပ်ပျော်တတ်ကြသည်။
သို့ဖြစ်ရာ အပူအပင်ကင်းနေခြင်းနှင့် လုံခြုံနွေးထွေးပြီး သက်တောင့် သက်သာရှိသောနေရာ၌ အိပ်စက်ခြင်းသည် ကောင်းစွာ အိပ်ပျော်စေနိုင်မည့် အဓိက အကြောင်းရင်းများ ဖြစ်သည်ဟု ဆိုရပါမည်။
သို့သော် နေ့နေ့ညည အိပ်မပျော်နိုင်သူများမှာလည်း ဒုနှင့်ဒေး ပေါများလှသည်။ ပင်ပန်းလွန်း၍ အိပ်မောကျ သွားသည်ကလွဲ၍ အိပ်ယာကလည်း ကောင်းပါလျက်၊ လုံခြုံနွေးထွေးပါလျက် အိပ်မပျော်နိုင်ကြသူများ ရှိသည်။ သူတို့တွင် ရောဂါ ဝေဒနာ တခုခု ရှိသောကြောင့်၊ သို့မဟုတ်လျှင် ပူပင်သောကများ၊ စိုးရိမ်စိတ်များ ရှိနေသောကြောင့်ဟုသာ ဆိုရပေလိမ့်မည်။
အသက်ကြီးလာသည်နှင့်အမျှ လူ့လောကထဲတွင် “အသက်တရာ မနေရသော်လည်း အမှုတရာ ပွေရသည်” ဆိုသော စကားအတိုင်း ဖြစ်လာကြရသည်။ စီးပွားရေး၊ လုံခြုံရေး၊ ရာထူး တည်မြဲ-တိုးတက်ရေး၊ သားရေး-သမီးရေး အစရှိသည်တို့အတွက် လိုအပ်သည်ထက်ပို၍ ကောင်းသထက်ကောင်းအောင် ဖြစ်ချင်သော စိတ်ဆန္ဒများ ရှိလာကြသည်။ ဤသည်မှာ လောဘ ဖြစ်သည်။
ထိုထိုသော အမျိုးစုံစွာ ရှိသည့် လောဘကို တားဆီး ပယ်ဖျက်နိုင်သူများ ရှိကြသည်။ တားဆီးနိုင်သည်နှင့်အမျှ ပူပင် သောက မဖြစ်။ ဖြစ်လာသည့်တိုင်အောင် ဖြေဖျောက် အစားထိုးနိုင်စွမ်း ရှိသည်။ ထိုအခါ ကောင်းစွာ အိပ်ပျော်သည်။
လူ့လောကတွင် လောဘကို မသတ်နိုင်သူတို့ ရှိကြသည်။ တဖန် ဆန္ဒပြည့်ဝပြီးသော်လည်း ရလေ-လိုလေ ဖြစ်နေတတ်ကြပြန်သည်။ နောက်ထပ် မရမှာ၊ သူတပါး ရသွားမှာ တွေးရင်း ပူပင်သောက ဖြစ်ကြသည်။ လောဘ ဖိစီးမှုကြောင့် သောက ဖြစ်ရသည်။ များများ ဖိစီးလေ။ သောက ပိုများလေ ဖြစ်ရသည်။ ထိုအခါ မည်မျှပင် လုံခြုံနွေးထွေးသောနေရာ၌ အိပ်စက်ရစေကာမူ အိပ်မပျော် နိုင်ပဲ ဖြစ်နေတော့သည်။
လောဘကို မသတ်နိုင်သူတို့မှာ ဒေါသဖြစ်ကြသည်။ လောဘကြီးလေ ဒေါသကြီးလေ ဖြစ်သည်။ ဒေါသဖြစ်လေ အိပ်မရလေ ဖြစ်ရပြန်သည်။
မိမိကိုယ်ကို လောဘ တက်နေမှန်း မသိ၊ ဒေါသထွက်နေမှန်း မသိ ဖြစ်နေပြန်သည်။ ဤသို့ မသိခြင်းမှာ မောဟ ဖြစ်သည်။
ဘာကြောင့် မောဟ ဖြစ်ရသနည်း။
သူတော်ကောင်းတရားကို မသိသောကြောင့် ဖြစ်ရသည်။ မရမက သိအောင် အားထုတ်သူတို့ ရှိနိုင်ရာသည်။ သို့သော် အချို့မူကား သူတော်ကောင်းတရားကို သိနားလည်ရန်၊ လက်ခံကျင့်သုံးရန် အခြေအနေ မပေး။ အခြေအနေ ပေးသည့်တိုင်အောင် လောဘဇောကပ်နေသဖြင့် အချိန်ပေးပြီး အားမထုတ်နိုင်။ အချို့လည်း နည်းမျိုးစုံဖြင့် အကြောင်းပြ၍ ရှောင်ထွက်ကြသည်။ သို့ဖြင့် နောက်ဆုံးတွင် သူတော်ကောင်းတရားနှင့် လွဲရသည်။
သူတော်ကောင်းတရားနှင့် လွဲနေသော်လည်း လောလောဆယ်၌ ရာထူး၊ စည်းစိမ်ဥစ္စာ၊ ခြွေရံသင်းပင်း အစရှိ သည်တို့ ပြည့်စုံနေသေးသဖြင့် လွဲရကျိုးနပ်သည်ဟု ထင်နေသူတို့လည်း ရှိတတ်သည်။ အယူမှားခြင်း တမျိုး ဖြစ်သည်။ ထိုသို့အယူမှားခြင်းကြောင့် လက်ရှိအခြေအနေတွင် မိမိပြုသမျှ မှန်သည်၊ ကောင်းသည်ဟုသာ အထင်ရောက်နေသည်။ ယထာဘူတ ကျကျ သုံးသပ်ဆင်ခြင်ရန် မလိုအပ်သေးဟု ယူဆနေကောင်း နေပေ လိမ့်မည်။
တချိန်ချိန်တွင် မတည်မြဲသော သင်္ခါရ တရားကို လူတိုင်း ကြုံတွေ့ကြရမည်သာ ဖြစ်သည်။ ရာထူးကို မစွန့်လွှတ် ချင်သော်လည်း စွန့်လွှတ်ရမည်။ စည်းစိမ်ဥစ္စာတို့လည်း ပျက်စီးဆုံးပါးမည်သာ။ မည်မျှပင် ချစ်ခင် တွယ်တာ အားကိုးလောက်စရာ ဖြစ်သူ၊ သစ္စာရှိသူ ဖြစ်သည့်တိုင်အောင် အကြောင်းတခုခုဖြင့် လမ်းခွဲသွားမည်သာ ဖြစ်သည်။၊ သင်္ခါရတရားကို တားဆီးနိုင်စွမ်းရှိသူ လူစွမ်းကောင်းများ ဤကမ္ဘာတွင် မရှိပါ။ နောင်လည်း ရှိမည် မဟုတ်ပါ။
သူတော်ကောင်း ဖြစ်သူကို တွေ့လျှင် သူတော်ကောင်းတရားကို သိရှိလာမည်မှာ သေချာသည်။ မတွေ့ရသည့် တိုင်အောင် သူတော်ကောင်းတို့ ပြောဆိုကျင့်ကြံသည်များ၊ ဆုံးမညွှန်ပြသည်များကို အခြားတနေရာရာမှတဆင့် ကြားနိုင်သည်။ ဖတ်နိုင်သည်။ ဆည်းပူးလေ့လာနိုင်သည်။ မိမိကိုယ်တိုင် အလားတူ ကျင့်ကြံအားထုတ်နိုင်သည်။
သူတော်ကောင်းတွင် ကုသိုလ်စိတ်သာ ရှိသည်။ သီလရှိသည်။ သမာဓိရှိသည်။ ပညာရှိသည်။ ထို့ထက်ပို၍လည်း ရှိနိုင်သေးသည်။ သို့ဖြစ်၍ မိမိ၏ဘဝကို တိုးတက်အေးချမ်းလာအောင် သူတော်ကောင်းက ကုသိုလ်ပြု ကူညီပေး မည်ဖြစ်သည်။ လိုအပ်သလို လမ်းညွှန်ပေးမည်ဖြစ်သည်။ နေမကောင်းဖြစ်သူ၊ ရောဂါဝေဒနာရှိသူကို ဆရာဝန်က ကုသပေးသကဲ့သို့ ဖြစ်သည်။
ရောဂါသည်က ဆရာဝန် အစစ်အမှန်နှင့် တွေ့ရန် လိုသကဲ့သို့ သူတော်ကောင်းတရား ရှာဖွေရန် သူတော်ကောင်း အစစ်အမှန်နှင့် တွေ့ရဖို့သာ ဂရုစိုက်ရပါလိမ့်မည်။
သူတော်ကောင်းတရား မတွေ့သရွေ့ လောဘ၊ ဒေါသ၊ မောဟအတွင်း တဝဲလည်လည်နေရပေဦးမည်။ မိမိပိုင် ရာထူး၊ စည်းစိမ်၊ ခြွေရံသင်းပင်းတို့က ပူပင်သောကများကို အမှန်စင်စစ် ဖြေဖျောက်ပေးနိုင်စွမ်း ရှိမည် မဟုတ်ပါ။
ယခုပင်လျှင် လောဘ၊ ဒေါသ၊ မောဟ ကင်းစင်ခြင်း၏ အကျိုးတရပ်ကို သိနေပြီးလောက်ပြီ ဖြစ်သည်။ သူတော်ကောင်းတရားနှင့် စတင် မိတ်ဆက်နေလေပြီ။
သူတော်ကောင်းတရားများကို လက်လှမ်းမီသရွေ့ ဓမ္မပဒမှ ဆက်လက် ရှာဖွေကြပါဦးစို့။
၂၈-၉-၂ဝဝ၈

http://plusair.blogspot.com/2008/09/blog-post_28.html

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

လူအာပတ်ဖြေနည်း

လူအာပတ်ဖြေနည်း
ပြုခဲ.မိသောမကောင်းမှုအကုသိုလ်ဒုစရိုက်အပြစ်တို.ကိုပယ်ခြင်းငှာ"လုံ.လပြု."
ခြင်းဟူသောအချက်နှင်.ပတ်သက်၍ပယ်နည်းအခြေခံအဖြစ် အချက် ၃ ချက်ရှိ၏။ ယင်းတို.
ကိုလိုရင်းဖော်ပြရလျှင်....

(၁) အကုသိုလ်ဆိုသည်မှာအကြောင်းပြည်.စုံလာမှ၊ရင်.ကျက်လာမှသာ
အကျိုးပေးတတ်သည်.သဘာဝဖြစ်ခြင်း

(၂) လူတွင်စိတ်ဓါတ်သည်အရေးကြီးသည်.အချက်ဖြစ်ခြင်း

(၃) မြတ်စွာဘုရားသည်အာပတ်သင်.သောရဟန်းများအားအာပတ်ဖြေ
နည်းစနစ်ကိုချမှတ်ပေးတော်မူခဲ.ခြင်း

တို.ဖြစ်သည်။

' ကာမဘုံ ' ဟုအဘိဓမ္မာဝေါဟာရအရခေါ်ဝေါ်ရသောလက်ရှိကျွန်တော်တို.၏
ကမ္ဘာလောကနယ်ပယ်တွင်လူတို.ပြုလုပ်သော ' ကံ ' သည်မျိုးဗီဇသတ္တိမျိုးဖြစ်၍အကြောင်း
ညီညွတ်မှုရှိလာပြီးအချိန်အခါကျရောက်လာမှသာအကျိုးတရားကိုထင်ရှားဖြစ်ပေါ်စေနိုင်သည်။
သို.ဖြစ်၍၄င်းကံကိုအကြောင်းညီညွတ်မှုရှိမလာအောင်၊ရင်.ကျက်မလာအောင်တင်ကြိုကာဆီး
ကြိုးပမ်းခွင်.ရှိပေသည်။ယင်းကံကိုအားဖြည်.ရာမရောက်အောင်ရှောင်နိုင်သည်။ အကုသိုလ်ကံ
ကိုပြုမိထားလျှင်တစ်ဖက်ကကုသိုလ်ကံများစွာပြုလုပ်ပေးခြင်းဖြင်.ယင်းအကုသိုလ်ကံ ကဲတက်
မလာအောင်ထိန်းပေးနိုင်သည်။

ပြုမိသောအကုသိုလ်အမှုကိုတနုံ.နုံ.ပြန်လည်တွေးပြီးစိတ်မချမ်းမသာဖြစ်နေပါက
အကုသိုလ်မှုအဟောင်းသည်အသစ်အသစ်ပြန်လည်ဖြစ်နေသဖြင်.ယင်းအကုသိုလ်ကိုပယ်ဖို.
ကြိုးစားရာ၌အရာမရောက်ဖြစ်တတ်ပေသည်။ရှေးဟောင်းပုဂံပြည်ကဗူးပင်များကဲ.သို.ခုတ်
လေပွားလေသာဖြစ်ရာသည်။ထို.ကြောင်.စိတ်ထားတတ်ဖို.အထူးလိုအပ်လှသည်။

အာပတ်သင်.သောရဟန်းကိုအာပတ်သင်.လျက်နှင်.သာတစ်သက်လုံးထားပါက
တရားမည်မဟုတ်ချေ။ပုထုစဉ်သည်စိတ်ကိုအစိုးမရသူမျိုးဖြစ်သည်.အတိုင်းလောဘ၊ဒေါသ၊
စိတ်ရိုင်းဝင်ချိန်၌အကုသိုလ်အပြစ် ( အာပတ် ) ကိုကျူးလွန်မိမည်ဖြစ်သည်။သို.သော်သူ၏
စိတ်၌လောဘ၊ဒေါသတို.သာအမြဲဖြစ်နေသည်မဟုတ်၊အလောဘခေါ်သောမတွယ်တာ၊မတပ်
မက်၊မနှစ်သက်သည်.သဘာဝ၊အဒေါသခေါ်သောမပြစ်မှား၊မထိခိုက်သည်.အေးမြသောမေတ္တာ
သဘာဝတို.လည်းဖြစ်တတ်သည်သာ... ထိုသို.စိတ်ကောင်းဝင်နေသည်.အခါမျိုးမှာလည်းအာ
ပတ်သင်.နေရမည်ဆိုပါကသဘာဝမကျပါချေ... ထို.ကြောင်.သဘာဝကျသောဘုရားသာသနာ
ကအာပတ်သင်.သောရဟန်းအားအာပတ်ဖြေခွင်.ပေးထားခြင်းဖြစ်ပေသည်။

အထူးသတိပြုရန်ကားအာပတ်အပြစ်ကိုဒေသနာကြားလိုက်သောအခါပြုခဲ.သော
အပြစ်အနေဖြင်.အပြစ်မဟုတ်တော.ဘဲလုံးဝပျောက်ကင်းသွားခြင်းမဟုတ်ပေ။သူကျူးလွန်ခဲ.
သောအာပတ်အပြစ်ကို " လျှော် " ပစ်လိုက်ခြင်းမဟုတ်ချေ။ဘုရားအမိန်.နှင်.ပယ်ချလိုက်ခြင်း
မဟုတ်ချေ။

အမှန်ကားထိုအပြစ်၊ထိုအာပတ်မတိုးပွားတော.ပဲရပ်သွားခြင်း၊၀ပ်သွားခြင်းသာဖြစ်
သည်။ဤအပြစ်မျိုးကိုနောင်တွင်မပြုတော.ပါဘူးဟုအာမဘန္တေခံလိုက်သဖြင်.ထပ်၍အပြစ်မ
ဖြစ်တော.သောကြောင်.မူလအပြစ်မှာအဖော်မရသည်.အတွက်အင်အားချည်.နဲ.သွားပြီးငြိမ်ကျ
သွားခြင်းသာဖြစ်လေသည်။

တစ်နည်းအားဖြင်.လည်းအပြစ်အာပတ်ကိုပြုလုပ်စဉ်ကမကောင်းသောစိတ်၊အကု
သိုလ်စိတ်နှင်.ပြုခဲ.မိမည်ဖြစ်သည်။ဒေသနာကြားသောအခါ၌ကားကောင်းသောစိတ်၊ကုသိုလ်
စိတ်ဖြစ်ရပေသည်။ဤကုသိုလ်စိတ်သည်အကုသိုလ်၏ဆန်.ကျင်ဘက်ဖြစ်သောကြောင်.အပြစ်
အာပတ်အကုသိုလ်ကိုကုသိုလ်နှင်.အရှိန်သတ်လိုက်ခြင်း၊ထိန်းလိုက်ခြင်းဖြစ်ပေသည်။

ဗုဒ္ဓအဘိဓမ္မာနည်းအရသိရသည်မှာအကုသိုလ်ဖြစ်စေ၊ကုသိုလ်ဖြစ်စေ၊ကံတစ်ခုခု
ပြုမိပြီဆိုပါကသာမာန်နှင်.သတ္တိမပျက်တော.ပေ။တစ်ချို.ကံများမှာနိဗ္ဗာန်ရသည်အထိဘ၀တိုင်း
လိုက်နေသည်။တစ်ချို.ကံမှာမျိုးစေ.ပုပ်သွားသကဲ.သို.အကျိုးပေးနိုင်လောက်သည်.သတ္တိကုန်
သွားပြီး " အဟောသိကံ " ခေါ်သောအလကားကံ၊အချည်းနှီးကံဖြစ်သွားပေသည်။သို.သော်မည်
သည်.ကံကလိုက်နေသည်၊မည်သည်.ကံကအဟောသိကံဖြစ်သွားပြီဟုယခုလူတို.မသိနိုင်ကြချေ။

သို.ဖြစ်၍မြတ်စွာဘုရားကလူတို.အားဆုံးမရာ၌ " ချစ်သားတို.။ ချစ်သားတို.ဟာပုထု
ဇဉ်တွေမို.အကုသိုလ်ဒုစရိုက်တစ်ခုခုကိုတစ်ခါခါပြုမိကြမှာပါပဲ။အဲဒီတော.ဒီလိုပြုမိတဲ.မကောင်းမှု
ကိုဒီအတိုင်းပစ်မထားကြနဲ.။ပယ်နိုင်အောင်ကြိုးစားကြရမယ်။" ဟု သမ္မပဓာတ်ခန်းမှာဆုံးမတော်
မူခြင်းဖြစ်တယ်။သို.သော်ဘယ်လိုပယ်ဖို.ကြိုးစားရမည်ဟုကားဤအခန်းမှာမဖော်ပြပေ။

မြတ်စွာဘုရားအဆုံးအမတော်၏နယ်ပယ်ကားကျယ်ဝန်းလှဘိသည်ဖြစ်ရာကျွန်ုပ်တို.
အနေနှင်.မည်သည်.နေရာမှာပယ်ပုံပယ်နည်းဟောထားမလဲဟုလိုက်ကြရသည်။
လောကီအားဖြင်.အကုသိုလ်ပယ်ပုံပယ်နည်းကိုသံယုတ်ပါဠိတော်သဠာယတနသံယုတ်၊
ဂါမဏိသံယုတ်ပါဠိတော်မှာဟောကြားထားပါသည်။
လူအာပတ်ဖြေနည်းမှာအောက်ပါအတိုင်းဖြစ်ပါသည်။

" ငါသည်မကောင်းမှုတစ်ခုကိုပြုမိချေပြီ၊ဤသို.ပြုမိခြင်းသည်ကားစင်စစ်မကောင်းပေ။
သို.သော်ဤသို.ပြုမိလေခြင်းဟုစိတ်မချမ်းမသာဖြစ်နေ၍လည်းငါ.၌အကျိုးမရှိ။အကုသိုလ်သာထပ်
ပွားမည်။နောက်ထပ်တစ်ဖန်ပူပန်သည်.အတွက်ပြုမိတာလည်းပျက်မသွား၊မပြုမိရာမေ၇ာက်တော.။
ထို.ကြောင်.ငါသည်ဤပြုမိသည်.ကိစ္စကိုလုံးဝမစဉ်းစားတော.။ဂရုမထားပဲမေ.မေ.ပျောက်ပျောက်
သာနေပေတော.အံ.၊နောက်နောင်အခါမှာတော.ယခုလိုမပြုမိအောင်ငါရှောင်ကြဉ်တော.အံ.။ "

ဤကဲ.သို. (၁) ဆင်ခြင်ခြင်း၊ (၂) ဆုံးဖြတ်ခြင်း ၊ (၃) ရှောင်ကြဉ်ခြင်း သည်ပြုမိသော
ကံကိုပယ်ရာရောက်သည်ဟုမြတ်စွာဘုရားကဟောကြားတော်မူပါသည်။အရပ်သိနှင်.ပြောတော.
" ငါနောင်တရသွားပြီ၊နောက်မလုပ်တော.ဘူး " ဟူလို။

ခိုးမိသည်.ကိစ္စ၊ကာမကျူးလွန်မိသည်.ကိစ္စ၊လိမ်မိသည်.ကိစ္စ စသည်ဖြင်.ဒုစရိုက်
(၁၀) ပါးစလုံးကိုအထက်ပါနည်းအတိုင်းအာပတ်ဖြေကြရမည်ဖြစ်သည်။

အာပတ်ဖြေနေတုန်းမှာစိတ်ပါလက်ပါရှိစေရမည်။စိတ်ပြတ်ရမည်။တစ်ကယ်ကိုမလုပ်
တော.ဘူး၊ရှောင်တော.မည်ဟု ( နောင်မဖြစ်အောင်စောင်.စည်း တော.မည်ဟု ) စိတ်ပါလက်ပါ
ရှိစေရမည်။ ဤသည်မှာကုသိုလ်စိတ်ဖြစ်ပေသည်။


****

1989 ခု February လထုတ်သိပ္ပံမဂ္ဂဇင်း မှစာရေးဆရာနှစ်ဖက်လှ၏ဆောင်းပါးကို
ပြန်လည်ရိုက်၍ဖော်ပြပါသည်။


မူရင်းကဒီမှာပါ

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

မြတ်ဗုဒ္ဓ၏တရားသည် တိုးတက်ခြင်းကို ပိတ်ဆို့ပါသလား

(ဗုဒ္ဓ၀ါဒသည် အစမ်းသပ်ခံဝါဒဖြစ်သည်၊ထို့ ကြောင့် ဖတ်ကြည့်ကြပါ)

မနက်ဖြန်၏ နောင်တော်ဖြစ်တဲ့ အရှင်ဒေ၀ိန္ဒာဘိဝံသရေးပို့လိုက်သည့် ဆောင်းပါးလေးတစ်ပုဒ်ပါ။ အားလုံး ဖတ်ကြရအောင်နော်။ ဘာတွေရေးထားလဲပေါ့........

မိမိစိတ်ထဲမှာ ဘယ်လိုမှ မေ့လို့မရသော စကားတစ်ခွန်းရှိ၏။ `` အရှင်ဘုရား မြန်မာလူမျိုးများဟာ ဆင်းရဲတာ ဟာတိုးတက်ကြီးပွားလိုတဲ့ ဆန္ဒနည်းလို့ပါဘုရား၊ ဘာကြောင့်အဲဒီလိုဖြစ်ရသလဲလို့ စဉ်းစား လိုက်တော့ `ပစ္စည်း ဥစ္စာဆိုတာ သေရင် ကိုယ့်နောက်မပါဘူး၊ ကိုယ့်နောက်ပါမှာက တရားပဲ၊ ဘ၀ဆိုတာ အနှစ်ရှာလို့မရဘူး၊အကာ သက်သက်ပါ၊ ဘယ်ဟာမှ အမြဲမရှိ၊ ချမ်းသာတဲ့လူလဲ သေရမှာပဲ၊ ပညာတတ် ပုဂ္ဂိုလ်ကြီးလဲ သေရမှာပဲ´စတဲ့ တရားတွေကြောင့်ပါ၊ ဒီတရားတွေကို နာနေရတော့ လူတွေဟာ စိတ်ဓာတ် တက်ကြွမလာပဲ တိုးတက်ကြီးပွားလို တဲ့ဆန္ဒနည်းသွားကြတယ်၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ ဆင်းရဲ ကြတာ ဘုရား´´ဟူသောစကားပင်တည်း။

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတစ်ယောက်က လျှောက်သောစကား ဖြစ်၏။ မိမိစိတ်ထဲမှာ တုန်လှုပ် ခြောက်ခြား သွားပါတော့၏။ ``ဟာ ဒုက္ခပဲ၊ ဘုရားရှင်ရဲ့တရားကြောင့် မြန်မာလူမျိုးတွေဟာ ဆင်းရဲနေတယ် ဆိုပါလား၊ ဘုရားမြတ်စွာရဲ့တရားဟာ လူတွေကို စိတ်ဓာတ်ကျအောင်လုပ်နေသလို ဖြစ်နေသတဲ့၊ ဘုရား ဘုရား´´ဟု ငြီးတွားမိတော့သည်။ ထိုသူသည် ဗုဒ္ဓဘာသာကို ကိုးကွယ်သူတစ်ယောက်ဖြစ်၏။ ယင်းကဲ့သို့ ပြောခြင်းသည် ဘုရားမြတ်စွာကို မကြည်ညိုသောကြောင့် မဟုတ်ပေ။ ဘုရားမြတ်စွာအကြောင်းကို ခရေစေ့ တွင်းကျ မသိရှိ သောကြောင့်တည်း။

``၀ီရိယ၀တော ကိံ နာမ ကမ္မံ နသိဇ္ဈတိ- ၀ီရိယရှိလျှင် မည်သူ့အဘိဓာန်မှာဖြစ်ဖြစ် မဖြစ်နိုင်ဆိုသော ဝေါဟာရမရှိ။ အရိုးကြေကြေ အရေခန်းခန်း ကြိုးစားသူတို့သည် ဘယ်နေရာမှာဖြစ်ဖြစ် အောင်မြင်မှုသရဖူကို ဆွတ်ခူးနိုင်ပေ၏´´ စသည်အားဖြင့် ဟောထားသော မြတ်ဗုဒ္ဓ၏တရားများ ရှိပေသည်သာ။ ထို့ကြောင့် ဘုရား မြတ်စွာ၏ တရားတော်သည် လောကီဘက်မှာပဲဖြစ်ဖြစ်၊ လောကုတ္တရာဘက်မှာပဲ ဖြစ်ဖြစ် ကြီးပွားတိုးတက် ဖို့အတွက် အားပေးသော တရားများဖြစ်ပါသည်။

သူဋ္ဌေးသား သိင်္ဂါလကို ဆုံးမထားသည့် မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ တပည့် ကျင့်ဝတ်စသော ဘုရားမြတ်စွာ၏ အဆုံးအမများကိုသာ တစ်ကမ္ဘာလုံး လိုက်နာကြမည်ဆိုလျှင် ယနေ့ နိုင်ငံတကာ ပြဿနာပေါင်းစုံကို ဒိုင်ခံဖြေရှင်းပေးနေရသော ``ကမ္ဘာ့ကုလသမဂ္ဂဋ္ဌာနချုပ်´´တောင် လိုမည် မဟုတ်တော့ပေ။

အမှန်က ဗုဒ္ဓဘာသာဝင်များ ကြီးပွားတိုးတက်မှုနည်းခြင်းသည် အမြင်မကျယ်ခြင်း၊ ကိုယ့်အချင်းချင်း ကူညီရိုင်းပင်းမှုနည်းခြင်း၊ အေးတိအေးစက်နေတတ်ခြင်း၊ လူမျိုးခြား ဘာသာခြားတို့၏ ညီညွတ်မှုကို အတု မယူခြင်းစသည်တို့ကြောင့် ဖြစ်ပါသည်။

နိုင်ငံရပ်ခြားတိုင်းပြည်၌ အလုပ်လုပ်နေသည့် လူငယ်တစ်ယောက်က ``တပည့်တော်တို့ မြန်မာ လူမျိုးတွေက အလုပ်တူရင် ငြူဆူတယ်ဘုရား။ မနာလိုဝန်တိုဖြစ်တယ်။ အဆင်ပြေတာကို ၀မ်းမသာနိုင်ဘူး။ အချင်းချင်း ရာထူး ဂုဏ်ယှဉ်ချင်ကြတယ်။ ပြီးတော့ အောင်မြင်နေတဲ့သူကလည်း ကိုယ့်အချင်းချင်း နှိမ်ချင် တယ်။ ဒီလိုစိတ်ဓာတ်တွေက တပည့်တော်တို့မြန်မာလူမျိုးတွေရဲ့နှလုံးသားကို လှိုက်စားနေပါတယ်၊ ဗုဒ္ဓဘာသာ ၀င်ဖြစ်နေပြီး ဘာ့ကြောင့် ဒီလိုအောက်တန်းကျတဲ့စိတ်တွေ ဖြစ်နေတာလဲ မသိပါဘူးဘုရား´´ဟု မြန်မာလူမျိုး များကို အားမလိုအားမရဖြစ်ရကြောင်း လျှောက်ထားဖူး၏။

ယင်းသို့ကူညီမှု ရိုင်းပင်းမှု စည်းလုံးမှု ညီညွတ်မှုမရှိသောကြောင့် မြန်မာ့စီးပွားရေးဈေးကွက်များကို ဗုဒ္ဓဘာသာဝင်တို့က ဦးမဆောင်နိုင်ကြတော့ပေ။ မြို့ကြီးပြကြီးတို့၏ အချက်အခြာကျသည့်နေရာများများ၌ ဗုဒ္ဓဘာသာဝင်တို့ ပိုင်ဆိုင်သော စားသောက်ဆိုင်ကြီးများ၊ ကုန်တိုက်ကြီးများ၊ အဆောက်အဦးများကို တွေ့ဖို့ ခဲယဉ်းလှပေသည်။

ဖြစ်သင့်တဲ့လောဘ

ကြီးပွားတိုးတက်ချင်သော ဆန္ဒဖြင့် စီးပွားရေးလုပ်ခြင်းကြောင့် လောဘဖြစ်သည်မှာ မှန်ပေ၏။ သို့သော် လောဘဖြစ်တိုင်း ဒုစရိုက်ဟု ပြောလို့မရပေ။ လောဘသည် ၂-မျိုးရှိပေသည်။ တရားသောလောဘနှင့် မတရား သော လောဘတို့တည်း။ အများအတွက် (မိသားစု၊ ရပ်ရွာ၊ အမျိုး၊ ဘာသာ၊ သာသနာအတွက်) ရည်ရွယ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်လျှင် ``တရားသောလောဘ´´ ဖြစ်၏။ (သေ၀ိတဗ္ဗတဏှာ-ဟုခေါ်၏)။ ဆိုလို သည်ကား ယင်းတရားသောလောဘကြောင့် ကုသိုလ်ကောင်းမှုများ တပွေ့တပိုက်ကြီး ရနိုင်ခြင်းပင်။ ထို့ကြောင့် တရားသောလောဘသည် ဖြစ်သင့်သောလောဘတည်း။

မိမိမှာ ပစ္စည်းဥစ္စာ များများရှိလျှင် စာသင်ကျောင်းပဲ ဆောက်ဆောက်၊ ရေတွင်းရေကန်ပဲ တူးတူး၊ မိဘဆွေမျိုးတွေကိုပဲ ထောက်ပံ့ထောက်ပံ့၊ ဆေးရုံကိုပဲလှူလှူ မိမိကြိုက်သည့်ကုသိုလ်ကို လုပ်နိုင်ပေသည်။ မိမိလုပ်ချင်သည့် ဘာသာရေး လူမှုရေးလုပ်ငန်းမှန်သမျှကိုလည်း လုပ်နိုင်၏။ အူမတောင့်မှ သီလ စောင့်နိုင် သည် မဟုတ်ပါလော။

ကျောင်းဒကာကြီး အနာထပိဏ် ကျောင်းအမကြီး ၀ိသာခါတို့ ကျောင်းတိုက်ကြီးဆောက်လုပ်ပြီး သာသနာပြုနိုင်ခြင်းသည် ဓနဥစ္စာကြွယ်ဝသောကြောင့်ပင်တည်း။ ဘုရင်မင်းမြတ်အနော်ရထာသည်သည် နိုင်ငံ တော်ကြီးကို ပြုပြင်ပြောင်းလဲခဲ့၏။ ဘုရားပုထိုးများတည်ခဲ့၏။ ဆည်မြောင်းတာတမံများကို ဆောက်လုပ်၏။ ရှေး အခေါ် ပိဋကတ်တိုက် ၊ ယခုခေတ်အခေါ် စာကြည့်တိုက်များကိုလည်း တည်ဆောက်ခဲ့၏။ ထို့ကြောင့် ``စာကြည့်တိုက်အစ ပိဋကတ်တိုက်က´´ဟုပင် ပြောနိုင်ပါ၏။ ယင်းသို့ တိုင်းကျိုးပြည်ပြုအလုပ်များကို လုပ်နိုင် ခြင်းသည် တန်ခိုးသြဇာ ကြီးမားသောကြောင့်ပင်တည်း။

ယင်းတန်ခိုးသြဇာ၊ ဓနဥစ္စာတို့သည်ကား တန်ဖိုးရှိရှိ အသုံးချတတ်လျှင် နိဗ္ဗာန်ဆိပ်ကူးတံတားပင် တည်း။ ဦးအနာထပိဏ်၊ ဒေါ်ဝိသာခါ၊ ဘုရင်အနော်ရထာတို့ကား တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ဖြင့် နတ်ရွာ နိဗ္ဗာန်သို့ တက်လှမ်း သွားကြကုန်ပြီ။ ထို့ကြောင့် တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ကို ရရှိအောင် ကြိုးစားသင့်လှပါသည်။ တတ်နိုင်သူများအနေဖြင့် တိုက် ၁-လုံးကနေ တိုက် ၁၀-လုံး ၁၅-လုံးဖြစ်အောင်၊ ကား ၁-စီးကနေ ကား ၁၀-စီး ၁၅-စီးပိုင်အောင် စီးပွားရေးလုပ်ကြစမ်းပါ။ မိမိတို့ ဗုဒ္ဓဘာသာဝင်တစ်ယောက် သန်းပေါင်းများစွာ ချမ်းသာသော သူဋ္ဌေးသူကြွယ်ဖြစ်နေလျှင် မြန်မာလူမျိုးတို့အနေဖြင့် အင်မတန် ဂုဏ်ယူသင့်ပေသည်။

မြွေပွေး၏ ပါးစပ်ထဲသို့ရောက်သွားသည့် မိုးရေစက်သည် အဆိပ်ဖြစ်သွားသော်လည်း မုတ်ကောင်၏ ပါးစပ်ထဲသို့ ရောက်သွားသော မိုးရေစက်သည်ကား ပုလဲဖြစ်သွားပေသည်။ မိုးရေစက်ခြင်းတူသော်လည်း တန်ဖိုးခြင်း မတူတော့။

လောကကြီးသည် ခြွေမှ ရံ၏။ မခြွေလျှင် မရံပေ။ မှန်၏။ တချို့ဆင်းရဲသောဗုဒ္ဓဘာသာဝင်များသည် ဘာသာခြားတို့က ဓနဥစ္စာများဖြင့် ထောက်ပံ့ကြသောကြောင့် ဗုဒ္ဓဘာသာကို ကျောခိုင်းသွားတော့သည်။ အဘယ်သို့ ကာကွယ်မည်နည်း။ တန်ခိုးသြဇာ၊ ဓနဥစ္စာတို့သာရှိလျှင် ယင်းမိသားစုများကို စားနပ်ရိက္ခာ တို့ဖြင့်ထောက်ပံ့ပြီး ဗုဒ္ဓဘာသာဝင်ထဲသို့ရောက်အောင် ပြန်ပြီးစည်းရုံးနိုင်ပေမည်။ ထို့ကြောင့် အရင်းအနှီး တောင့်တင်းသော ဗုဒ္ဓဘာသာဝင်တို့သည် စက်ရုံအလုပ်ရုံ၊ ကုန်တိုက်စသည်များကို တည်ထောင်နိုင်အောင် ကြိုးစားသင့်လှပေသည်။ ဓနဥစ္စာတို့ရှိမှသာလျှင် ကိုယ့်လူမျိုးများကို ထောက်ပံ့နိုင်မည်မဟုတ်ပါလော။

တစ်ကျပ်နှင့်တစ်ရာ ဘယ်ဟာကို ယူမှာလဲ

မြတ်စွာဘုရားရှင်သည် အလောင်းတော်ဘ၀မှစ၍ ဘုရားဖြစ်သည့်တိုင်အောင် ကိုယ့်အမျိုး၏ အကျိုး စီးပွားကို လုပ်ခဲ့ပါသည်။ အလောင်းတော်ဘ၀က ကိုယ့်အမျိုးကို ပျက်စီးအောင် လုပ်သူများအား ကာကွယ်သော အားဖြင့် တိုက်ခိုက်ချေမှုန်းခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။ ကိုယ့်အမျိုးကို စော်ကားသူများကို မိမိနှင့် မဆိုင်ပါဘူးဟူသော စိတ်ဖြင့် ဦးခေါင်းငုံ့ မခံခဲ့ပေ။ တစုံတစ်ယောက်ကြောင့် လူသူလေးပါး ဒုက္ခရောက်နေလျှင် ထိုတစုံတစ်ယောက်ကို နောက်နောင်ရှောင်ကြဉ်အောင် တရားသောနည်းဖြင့် တုန့်ပြန်ခဲ့ပေသည်သာ။

``ခန္တီ-သည်းခံရမည်´´ဟုဆိုသော်လည်း သူ့နေရာနှင့်သူ ကျင့်သုံးတတ်ဖို့လိုအပ်လှ၏။ တိုင်းတစ်ပါး သား လူမျိုးခြား တစ်ယောက်က မြန်မာ့တိုင်းရင်းသားမိန်းကလေးများကို မတရားသဖြင့်နှောက်ယှက်နေလျှင် လက်ပိုက်ကြည့်နေ၍ မဖြစ်ပေ။ နောက်နောင်မနှောက်ယှက်အောင် ရှေးဦးစွာ ပြေပြေလည်လည် ပြောဆိုရ ပေမည်။ အကယ်၍ မရခဲ့လျှင် ဖိုးသူတော်မေတ္တာပို့နည်းဖြင့် ပို့သင့်က ပို့ရပေမည်။

တခါက ဘုန်းတော်ကြီးတစ်ပါး ဖိုးသူတော်နှင့် ခရီးသွားရာဝယ် လမ်းခုလတ်၌ ကျွဲရိုင်းကြီးတစ်ကောင် နှင့် ပက်ပင်းတိုးမိ၏။ ကျွဲရိုင်းကြီးက ခတ်မည့်အမူအရာဖြင့်ပြေးလာရာ ဘုန်းကြီးက ``ချမ်းသာပါစေ´´ဟု မေတ္တာပို့လေ၏။ သို့သော် ကျွဲရိုင်းကြီးက နောက်မဆုတ်ပဲ ပြေးမြဲပြေးလာသဖြင့် ဖိုးသူတော်က အုတ်ခဲကျိုးဖြင့် ၂-ချက်လောက် ထုလိုက်ရာ ကျွဲရိုင်းကြီး ထွက်ပြေးရှာလေတော့သည်။ ထိုအခါ ဆရာဖြစ်သူဘုန်းတော်ကြီးက ``သူတော်ရေ မင်းမေတ္တာက ငါ့မေတ္တာထက် ပိုစွမ်းတယ်ကွ´´ဟု ၀မ်းပန်းတသာ မိန့်တော်မူလေသတတ်။ ဤကား ဖိုးသူတော်မေတ္တာပို့နည်းတည်း။

ဖိုးသူတော်က ကျွဲရိုင်းကြီးကို အုတ်ခဲကျိုးဖြင့် ဆုံးမလိုက်ရခြင်းသည် ကျွဲရိုင်းကြီးကို ဒုက္ခရောက်စေ လိုသော ကြောင့်မဟုတ်၊ ဆရာဘုန်းကြီးကို ကြည်ညိုလေးစားသောကြောင့်တည်း။ မည်သည့်အရာမဆို တစ်ခုခုကို ရွေးချယ်ရတော့မည်ဆိုလျှင် တန်ဖိုးရှိသည့်အရာကိုသာ ရွေးချယ်ရသည်မှာ သဘာဝတည်း။ ယင်း သဘာဝတရားကိုပင် ``ဓမ္မ´´ဟုခေါ်သည်မဟုတ်ပါလော။



မတရားလောဘဆိုတာ

မတရားလောဘဆိုသည်မှာ အတင်းအဓမ္မလိုချင်သော စိတ်၊ သူများဆီက ငွေကို အချောင်လိုချင်သော စိတ်၊ လုယက်တိုက်ခိုက်ပြီး လိုချင်သောစိတ်များပင်တည်း။ ကမ္ဘာမှာ အစဆုံးဖြစ်သော မကောင်းမှုဒုစရိုက်မှာ အဒိန္နာဒါန ( ခိုးယူခြင်း)ပင် ဖြစ်၏။ မတရားလောဘကို အခြေခံ၍ဖြစ်သော ဒုစရိုက်တည်း။

ကမ္ဘာဦးလူများသည် စားနပ်ရိက္ခာအတွက် ကိုယ့်လယ်နှင့်ကိုယ် အသီးသီး စပါးစိုက်ပျိုးကြ၏။ အစပိုင်း မှာ မည်သည့်ပြဿနာမှ မဖြစ်။ နောက်ပိုင်းရောက်လာသည့်အခါ အချောင်သမားများက စပါးများကို ခိုးကြ တော့၏။ ယင်းလောဘကား မတရားလောဘတည်း။ သို့နှင့် လူအများသည် သမာသမတ်ကျသော လူ တစ်ယောက်ကို ခေါင်းဆောင်ခန့်ပြီး ``မင်း´´ဟု သမုတ်ကာ ရပ်ရွာနယ်ပယ်ကို ငြိမ်းချမ်းဖို့အတွက် အုပ်ချုပ် ခိုင်း၏။ သူခိုးဓားပြများကို တိုက်ခိုက်ချေမှုန်းဖို့အတွက် (သို့မဟုတ်) မတရားလောဘသမားများကို ထိန်းချုပ် ပေးဖို့အတွက် မင်းဆိုသည်မှာ ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။

တလွဲဆံပင်ကောင်း

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် `` ဒီလောက်ရှိရင် တော်ပါပြီ၊ ကိုယ့်မိသားစု တစ်သက်စားလို့ မကုန်ဘူး၊ ဒီထက်ပိုပြီးတော့ ချမ်းသာတော့ကော ဘာလုပ်မှာလဲ၊ သေရင် ကိုယ့်နောက်မပါဘူး´´ဟု စသဖြင့် လောဘနည်းသလိုလို၊ ရောင့်ရဲသလိုလိုနဲ့ ပြောတတ်ကြ၏။ တလွဲဆန်ပင်ကောင်းခြင်းပင်တည်း။ အမှန်ကား ဤကဲ့သို့ပြောခြင်းသည် လောဘနည်းခြင်းကြောင့်မဟုတ်၊ အမျိုး ဘာသာကို အားမပေးလိုခြင်း၊ ဇွဲမရှိခြင်း တို့ကြောင့် ဖြစ်ပေသည်။ ကိုယ့်မိသားစုတစ်သက် စားမကုန်လောက်အောင် ချမ်းသာနေလျှင် ကိုယ့်ဆွေမျိုး သားချင်းများကို ပေးကမ်းနိုင်သည် မဟုတ်ပါလော။ ထိုထက်မက ချမ်းသာနေလျှင် တိုင်းပြည်နှင့်လူမျိုးကို ထောက်ပံ နိုင်သည် မဟုတ်ပါလော။

ဘုရားမြတ်စွာက ``ရောင့်ရဲရမည်၊ တင်းတိမ်ရမည်´´ဟု ဟောခြင်းသည် ပစ္စည်းဥစ္စာများကို မရှာရဟု ပြောလိုသည်မဟုတ်ပေ။ တခါတရံ မတရားလောဘကြီးသည့်အခါ ``တုတ်နှင့်ပစ်လို့ရရ၊ ခဲနှင့်ပစ်လို့ရရ၊ ရဖို့သာအဓိက´´ဟု ဆိုပြီး ဒုစရိုက်မျိုးစုံ လုပ်တော့၏။ လုယက်ခြင်း၊ ခိုးဝှက်ခြင်း၊ ချောက်တွန်းခြင်း၊ တစ်ပတ် ရိုက်ခြင်းစသည်တို့ကား မတရား လောဘကြောင့်ဖြစ်၏။

ယင်းကဲ့သို့သော မတရားလောဘများကို ထိန်းပေးဖို့အတွက် ဘုရားမြတ်စွာက ``ရှိတာလေးနှင့် ကျေနပ်ရမယ်၊ ရောင့်ရဲတင်းတိမ်ခြင်းဟာ အကောင်းဆုံးဥစ္စာပါပဲ´´ဟု ဟောတော်မူခြင်းဖြစ် ပေသည်။ စီးပွားရေး လုပ်ငန်း များကို မလုပ်ဖို့အတွက် ဟောတော်မူခြင်းမဟုတ်။

တချို့လူပုဂ္ဂိုလ်များကား လူ့ဘ၀ကြီးကို ငြီးငွေ့သည့်အတွက် စီးပွားရေးလုပ်ငန်းတွေကို မလုပ်ချင် သယောင်ယောင်၊ ၃၁-ဘုံလုံးသည် ဒုက္ခသစ္စာဖြစ်သည့်အတွက် နိဗ္ဗာန်တစ်ဘက်ကမ်းကိုပဲ အခုချက်ချင်း ကူးတော့မည့်ယောင်ယောင် သံဝေဂတရားရနေသည့် ယောဂီသူတော်စင်ကဲ့သို့ ပြောတတ်ကြသေး၏။ ထို ပုဂ္ဂိုလ်များ တရားရိပ်သာကိုသွားပြီး တရားအားထုတ်သောအခါ ၂-ရက်လောက် အားထုတ်ပြီး အိမ်ပြန်လာ တော့၏။ အိမ်ပြန်ရောက်သောအခါ ``ကျန်းမာရေးကလည်း မကောင်းဘူး၊ ဒီတော့ စိတ်သွားတိုင်း ကိုယ် မပါတော့ ဘယ် အားထုတ်လို့ ကောင်းတော့မှာလဲ၊ တရားပြဆရာကလဲ အတွေ့အကြုံနုသေးတော့ တရား နာရတာက အားမရပါဘူးပေါ့ကွာ´´ဟု စသဖြင့် ဆင်ခြေအမျိုးမျိုးပေးပြီး ကိုယ့်အပြစ်ကို သူများပေါ်ပုံချ လေ တော့သတည်း။

အမှန်ကား အပေါ်ယံအသိလေးကို တကယ့်``သံဝေဂတရား´´ဟု ထင်နေခြင်းပင်တည်း။ ယင်းသို့ ထင်ခြင်းသည်လည်း ကိုယ့်ကိုယ်ကို လိမ်နေခြင်းပင် ဖြစ်၏။ သူများအလိမ်မခံရဖို့ထက် ကိုယ့်ကိုယ်ကို အလိမ် မခံရအောင် သတိပြုသင့်၏။

ကျောင်းဒကာကြီးအနာထပိဏ်၊ ကျောင်းအမကြီး ၀ိသာခါတို့သည် သောတာပန် အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သို့သော် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ရှိကြပေသည်သာ။ ထို့ကြောင့် လောကီလူသားမှန်သမျှ စီးပွားရေးလုပ်ငန်းကို မဖြစ်မနေ ပြုလုပ်သင့်ပေသည်။

``အောက်ကလိအာ´´ မဖြစ်အောင် သတိပြု

ဘက်ပေါင်းစုံကနေ မကြည့်ဘဲ တစ်ဖက်သတ်ကြည့်နေရင်တော့ အမြင်မှန်ကို ရနိုင်မည်မဟုတ်ပေ။ အမြင်မှန်ကို မရလျှင် လူ့ဘ၀ကြီးကို ငြီးငွေ့သလိုလို၊ စိပ်ပုတီးနှင့်ရိပ်ကြီးခိုတော့မှာလိုလိုနှင့် စီးပွားရေးလုပ်ငန်း များကို မလုပ်ဘဲနေလျှင် လောကီအကျိုးလည်း မရ၊ လောကုတ္တရာအကျိုးလည်း မရဘဲ ကီမဟုတ် ကုတ်မဟုတ်၊ မိနောက်မကျ ဖနောက်မမီ၊ ``အောက်ကလိအာ´´ ဖြစ်သွားမှာ စိုးရပေသည်။ (ကြက်တွန်သံလည်းမဟုတ်၊ ကျီးတွန်သံလည်းမဟုတ်သည်ကို အောက်ကလိအာဟု ခေါ်၏။)

လူမှန်လျှင် လူ့အလုပ်ကို လုပ်ရမည်။ ဘုန်းကြီးမှန်လျှင်လည်း ဘုန်းကြီအလုပ်ကို လုပ်ရမည်။ လူဖြစ် ပါလျက် ဘုန်းကြီးတစ်ပါးကဲ့သို့ စီးပွားရေးအလုပ်များကို မလုပ်ဘဲပစ်ထားလျှင် (သို့မဟုတ်) စီးပွားရေး လုပ်ငန်း များကို လုပ်သော်လည်း စိတ်ပါဝင်စားမှု မရှိလျှင် လူ့တာဝန် ပျက်ကွက်ခြင်းပင်တည်း။ ယင်းသို့ ပျက်ကွက် လျှင် သူ့ မိသားစု နစ်နာပါတော့သည်။

``အလုပ်လုပ်ရင် လုပ်၊ အလုပ်မလုပ်ရင် သေတာက ကောင်းတယ်´´ဟူသော စကားပုံတစ်ခု ရှိ၏။ အသက်ရှင်သန်နေတုန်းမှာ ငွေများများရရှိအောင် အလုပ်လုပ်ရမည် ဟု ဆိုလိုခြင်းပင်တည်း။ ထို့ကြောင့် ပြော ကြသည်ထင်၏။ ``ငွေသည် ဒုတိယဘုရား´´ဟူသတတ်။

ထို့ကြောင့် ဘုရားမြတ်စွာက ပစ္စုပ္ပန်ချမ်းသာရေးကိုအလိုရှိသူများအတွက် `` ဥဋ္ဌာန- မည်သည့် အလုပ်ကိုပဲ လုပ်လုပ် ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်ဆိုတဲ့ နောက်မဆုတ်တမ်းစိတ်ဓာတ် ရှိရမည်၊ အာရက္ခ- ကြွက်သေတစ်ခု အရင်းပြုဆိုသကဲ့သို့ အလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်၊ ကလျာဏမိတ္တ- ဈေးကွက်ချဲ့နိုင်ဖို့အတွက် တစ်ရွာတစ်ကျီ ဆောက်ရမည်၊ သမဇီဝိတ- စီမံခန့်ခွဲမှု စာရင်းအင်းပညာကို ကျွမ်း ကျင်ရမည်´´ ဟု သမ္ပဒါတရား ၄-ပါး ကို မိန့်တော်မူခြင်းဖြစ်ပေသည်။

ဤကဲ့သို့ ကြီးပွားရေးတရားများကို သတိမထားမိကြသူများက ``ဘုရားမြတ်စွာ၏တရားသည် ကြီးပွား တိုးတက်ဖို့အတွက် ပိတ်ဆို့သည့်တရား´´ဟု ထင်မြင်ကုန်တော့သည်။

ဤအချက်ကို မိမိတို့ သံဃာတော်အရှင်မြတ်များသိရှိနားလည်ထားဖို့ လိုအပ်လှ၏။ သို့မှသာလျှင် ``ဘယ်လိုနေရာမျိုးမှာ ဘယ်လိုတရားမျိုးကို ဟောသင့်တယ်´´ဆိုသည်ကို နားလည်မည်ဖြစ်ပေသည်။ သူ့နေရာနှင့်သူ သိရှိနားလည်ဖို့ အရေးကြီးလှ၏။ မင်္ဂလာဦးဆွမ်းကျွေးမှာ ညီတော် မင်းနန်ချွတ်ခန်းကို ဟောလို့ မဖြစ်။ လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ်တရားမျိုးကို ဟောရပေမည်။ လောကီကြီးပွားရေး တရားများကိုလည်း သူ့နေရာနှင့်သူ ဟောဖို့၊ ပြောဖို့၊ ရေးဖို့ လိုအပ်ပေသည်။

တချို့ဆရာတော်များသည် ``တရားအားထုတ်ချင်သလား၊ ဘုန်းကြီးဝတ်မှ ကောင်းမှာပေါ့၊ ဘုန်းကြီး မ၀တ်နိုင်ဘူးလား၊ မိသားစု သံယောဇဉ်တွေကို ဖြတ်လိုက်စမ်းပါ၊ ဒါဆိုရင် ၀တ်နိုင်ပါတယ်´´ဟု စသဖြင့် မိန့်တော်မူကြ၏။ တချို့သောလူများမှာ ရှောင်လွှဲ၍ မရနိုင်သောတာဝန်များ ရှိနေကြရကား တရားအားထုတ် ချင်သည့် လူတိုင်းကို ဘုန်းကြီးဝတ်ခိုင်းလို့ မဖြစ်ပေ။ လူပုဂ္ဂိုလ်တစ်ယောက်အဖြစ်နှင့် တရားအားထုတ် လျှင်လည်း တရားထူးများ ရနိုင်ပေသည်သာ။

သာဝတ္ထိမြို့ကြီး၌ လူဦးရေ သန်း ၇၀-ရှိရာ သန်း ၅၀-မှာ အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ ဤအရေ အတွက်ကို ကြည့်လျှင်ပင် လူပုဂ္ဂိုလ်အများအပြား ``တရားထူးများ´´ ရကြသည်ဆိုသည်မှာ ပြောဘွယ်မရှိ တော့ပေ။ ကျန်သည့် သန်း ၂၀-ကလည်း သူတို့၏နှလုံးသားထဲ၌ ဗုဒ္ဓတရားများ ထည့်ထားကြသည့် ပုဂ္ဂိုလ်များပင်တည်း။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ အရိပ်အောက်မှာ ရှိသည့် သာဝတ္ထိမြို့ကြီးသည် မည်မျှလောက် တည်ငြိမ်အေးချမ်းမှု သာယာဖွံ့ဖြိုးမှုရှိမည်ဆိုသည်ကို မှန်းဆ၍ ကြည့်နိုင်ပါသည်။ တွေးကြည့်လျှင် လွမ်းမော ဘွယ် ကောင်းလေစွာ့တကား။

စိတ်သာရှင်စော ဘုရားဟော

လူတစ်ယောက်သည် ``ဘုရားဒကာဆိုတဲ့ နာမည်တစ်လုံးရရင်တော်ပါပြီ´´ ဟူသော စိတ်ဖြင့် ဘုရား တည်နေ၏။ အခြားလူတစ်ယောက်ကား ``သားလေးရှင်ပြုဖို့၊ လှူနိုင်တန်းနိုင်ဖို့´´ဟူသော စိတ်ဖြင့် စီးပွားရေး လုပ်ငန်းများကို ဇောက်ချပြီး ကြိုးစားပန်းစားလုပ်နေ၏။ ထိုနှစ်ယောက်တွင် ဘုရားတည်သောသူထက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသောသူက ပို၍မြင့်မြတ်၏။ အဘယ်ကြောင့်နည်း။ သူ၏ ရည်ရွယ်ချက်က မွန်မြတ်သောကြောင့်တည်း။

တခါက အလွန်ရင်းနှီးသော တံငါသည် သူငယ်ချင်းနှစ်ယောက်ရှိ၏။ တစ်ရက်လုပ်မှ တစ်ရက်စားရ သောကြောင့် ဥပုသ်နေ့မှာ ဥပုသ်စောင့်ချင်သော်လည်း ဥပုသ်မစောင့်နိုင်ကြ။ သို့နှင့် တစ်ယောက်တစ်လှည့်စီ ဥပုသ်စောင့်ဖို့ တိုင်ပင်ကြလေသည်။ လပြည့်နေ့ရောက်သောအခါ တစ်ယောက်က ကျောင်းသို့ သွားပြီး ဥပုသ်စောင့်၏။

ကျန်ရစ်သူ ကိုတံငါသည်ကတော့ နှစ်ယောက်စာရဖို့အတွက် လှေတစီးနဲ့ ချောင်းထဲမှာ ကြိုးစား ပန်းစားနှင့် ငါးများကို ဖမ်းရလေသည်။ ငါးများ နှစ်ယောက်စာရသောအခါ တံငါတဲထဲ၌ အနားယူရင်း ဥပုသ်စောင့်သွားသည့် သူငယ်ချင်းကို သတိရနေ၏။ ``အင်း ငါ့သူငယ်ချင်းကတော့ ဘုန်းကြီးထံကနေ သီလခံယူဆောက်တည် ပြီးရော့မယ်၊ အခုချိန်မှာ ဘုရားရိပ်မှာ နေပြီးတော့ ပုတီးစိပ်တရားထိုင်လုပ်နေရော့ပေါ့၊ အင်း ကုသိုလ်တွေ အများကြီး ရနေရော့မယ်၊ သိပ်အေးချမ်းမှာပဲ´´ဟု စဉ်းစားပြီး သာဓုခေါ်နေတော့၏။ လူက တံငါတဲ၌နေသော်လည်း စိတ်က ကျောင်းရောက်နေ၏။

ကျောင်းသွားပြီး ဥပုသ်စောင့်သော တံငါသည်ကလည်း ပုတီးကုံးကိုင်ပြီး ကျန်ရစ်သူ သူငယ်ချင်းကို သတိရနေမိ၏။ ``အခုချိန်မှာ ငါ့သူငယ်ချင်း ပိုက်ကွန်နှင့် ငါးတွေ ဖမ်းနေရော့မယ်၊ ဒီနေ့ ငါ့အတွက် ဝေစုပေး ရမှာဆိုတော့ နှစ်ယောက်စာ ဖမ်းရမှာ၊ ဖမ်းမှဖမ်းပါ့မလား၊ နှစ်ယောက်စာ မရရင်တော့ ဒုက္ခပဲ´´ဟု တွေးပြီး လောဘနှင့် သောကဖြစ်နေတော့၏။ လူက ကျောင်းမှာနေသော်လည်း စိတ်က ပိုက်ကွန်ထဲမှ မထွက်။

စိတ်ထားဖြူစင်အောင်နေထိုင်ခြင်းကို ``ဥပုသ်စောင့်သည်´´ဟုခေါ်၏။ ယင်းသို့ဆိုလျှင် ထိုတံငါသည် နှစ်ယောက်တွင် မည်သူက ဥပုသ်စောင့်သနည်း။ အဖြေကား လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားလှပါသည်။ ``စိတ်သာရှင်စော ဘုရားဟော``ဆိုသည့်အတိုင်း အတွင်းစိတ်ဓာတ်က တင့်တယ်လျှင် အရာခပ်သိမ်း တင့် တယ်တော့သည်သာ။ ထို့ကြောင့် ဘုရားတည်တိုင်း ကုသိုလ်ရသည်ဟု ပြော၍ မရသကဲ့သို့ စီးပွားရေးလုပ်တိုင်း လည်း တရားနှင့်ဝေးသည်ဟု ပြော၍ မဖြစ်ပေ။

တစ်ယောက်အားထက် ဆယ်ယောက်အားက ပိုထိရောက်

စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သည့်အခါမှာလည်း ကိုယ့်ဗုဒ္ဓဘာသာဝင်များကို ကူညီ စောင့်ရှောက်ဖို့ အထူးလိုအပ်လှ၏။ ဘာသာခြားများသည် သူတို့ဘာသာဝင်တို့ကိုသာလျှင် အထူးဦးစား ပေးကြ၏။ ထမင်းဆိုင်ခြင်းအတူတူ သူတို့ဘာသာဝင်တို့၏ ထမင်းဆိုင်ကိုသာ အားပေးကြ၏။ လုပ်ပိုင်ခွင့်ရှိ၏။ အပြစ်မဆိုသာပေ။ မိမိတို့ ဗုဒ္ဓဘာသာဝင်များ အတုယူရမည်ဆိုသည်ကို သိရှိနားလည်ဖို့ ပြောရခြင်းဖြစ်သည်။

တိပိဋက မင်းကွန်းဆရာတော်ကြီးသည်ပင်လျှင် ကိုယ့်အချင်းချင်း အားပေးကြဖို့ ကူညီကြဖို့ မိန့်မှာ တော်မူခဲ့ဖူးပါသည်။ ``သမဂ္ဂါနံ တပေါ သုခေါ- ကိုယ့်အချင်းချင်း စည်းလုံးမှ အခက်အခဲမှန်သမျှ ကျော်လွှားနိုင် မည်´´ဟူသော ဘုရားမြတ်စွာ၏ အဆိုအမိန့်ကို လိုက်နာကြမည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်များသည် အထက် တန်းကျကျ မျက်နှာပန်းလှလှဖြင့် နေနိုင်သည်ဆိုသည်ကို မည်သည့်ဗေဒင်ဆရာကိုမျှ မေးစရာ မလိုပေ။

မည်သည့်အလုပ်ကိုပဲလုပ်လုပ် ``တစ်ယောက်အား´´နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းထက် ``ဆယ် ယောက်အား´´ နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းက ပို၍ထိရောက်၏။ ယနေ့ခေတ်၌ နိုင်ငံရပ်ခြားတိုင်းပြည်များသို့ သွားရောက်ပြီး အလုပ်လုပ်နေကြသည့် မြန်မာပြည်သားတိုင်းရင်းသားများကို မြောက်မြားစွာ တွေ့ရှိရပေသည်။ စည်းလုံးမှု ညီညွတ်မှုသည် ယင်းကဲ့သို့တိုင်းတစ်ပါးမှာနေကြသည့်သူများမှာ ပို၍ အရေးကြီး၏။ တိုင်းတစ်ပါးတို့၌ ``အလုပ်အကိုင်၊ နေရာတိုက်ခန်း၊ အစိုးရရုံး´´စသည်တို့နှင့် ပတ်သက်ပြီး အခက်အခဲပေါင်းများစွာကို တွေ့ ရှိနိုင်ပေသည်။ ယင်းအခက်အခက်များကို စုပေါင်းပြီးဖြေရှင်းမှ ပို၍ အဆင်ပြေနိုင်ပါ၏။

လူတစ်ရာအတူနေသော်လည်း ``သူတစ်လူငါတစ်မင်း´´ ဖြစ်နေကြလျှင် ``တစ်ရာအား´´ မရှိတော့။ တချို့ရွာ၊ ရပ်ကွက်တို့၌ ဘာသာခြားလူဦးရေထက် ဗုဒ္ဓဘာသာဝင်လူဦးရေက အဆမတန် ပို၍များ၏။ သို့သော် ဘာသာခြားတို့ကား စည်းလုံးမှုရှိရကား စီးပွားရေး၊ လူမှုရေးစသည်တို့၌ ဘာသာခြားတို့ကပဲ ရှေ့ကဦးဆောင် နေပါတော့သည်။ မနာလို၍ ပြောခြင်းမဟုတ်ပါ။ အတုယူလိုသောကြောင့် ပြောရခြင်းဖြစ်၏။

ထိုအကြောင်းများကြောင့် ``အများအတွက်´´ဆိုသည့် ရည်ရွယ်ချက်ဖြင့် စီးပွားရေး လုပ်ငန်းများကို တစ်ခုပြီးတစ်ခု တိုးချဲ့ပြီး ညီညီညွတ်ညွတ်နှင့် လုပ်ကိုင်ဆောင်ရွက်ကြဖို့ အထူးလိုအပ်နေပါပြီ။ အမျိုး ဘာသာ သာသနာအတွက် တက်ကုန်ရွက်ကုန်လွှင့်ပြီး စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ကြလျှင် မြန်မာ့တိုင်းရင်းသားများ မကြီးပွားစရာ အကြောင်းမရှိပေ။ ထိုကဲ့သို့လုပ်ကိုင်ဆောင်ရွက်ခြင်းသည် သမ္မာသမ္ဗုဒ္ဓ ခေါ်တွင် မြတ်ဘုရားရှင်၏ အလိုဆန္ဒနှင့် ကိုက်ညီပါကြောင်း တင်ပြလိုက်ရပါသည်။

-------------------------------

သီတဂူ- အရှင်ဒေ၀ိန္ဒာဘိဝံသ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း

ဒီနေရာ ကနေကူးယူဖော်ပြပါသည်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

G-mail (account)ကိုဘယ်လိုဖျက်မလဲ

အလကားရတိုင်း account တွေအများကြီးဖွင့်ပြီး စိတ်ရှုပ်နေတဲ့ သူငယ်ချင်း ကိုကို မမ ညီငယ် ညီမငယ် များအတွက်
အသုံးဝင်မယ်ထင်ပါတယ်။

G-mail ကိုဘယ်လိုဖျက်မလဲ…..
June 9, 2009 at 5:51 pm (သိသင့်တယ်ထင်တာလေးတွေ...)


အခမဲ့ရတဲ့ G-mail တွေသင့်မှာများနေပြီ..ကျူခံရတာများလို့စိတ်ညစ်လို့ပဲဖြစ်ဖြစ်

ဒါမှမဟုတ် ကိစ္စတစ်ခုခုကြောင့် ဖျက်ချင်တာပဲဖြစ်ဖြစ် ဖျက်ကြည့်ရအောင်…………

-Google Account Settings ဆီကိုသွားပါ။Edit ထဲကိုအရင်သွားလိုက်နော် ပြီးရင်.

-Delete a Service အောက်က Delete G-mail Service ကို Click ပါ။

ဒီနေရာမှာ Close account and delete all service and info associated with it ကိုရွေးလည်းရပါတယ်။ဒီလိုရွေးချယ်မယ်ဆိုရင် ဖျက်ချင်တဲ့အကောင့်နဲ့သက်ဆိုင်သမျှ

i-google ,Google Docs စတာတွေပါ ပါသွားမှာပါ။

-Yes ,I want to permanently delete deletemememetoo@gmail.com and remove from my google account ကိုရွေးပါ။

-New Email Address နေရာမှာ သင့်ရဲ့ အီးမေးလ် လိပ်စာတစ်ခုခုအသစ်ရေးပါ။

G-mail က Secondary email ကိုသတင်းပေးရာမှာ အသုံးပြုလို့ပါ။ ဒီ E-mail က Google အတွက် သင့်မူပိုင်ပါပဲ။

-ဖျက်ပြစ်လိုက်တဲ့ E-mail ရှိ ၊မရှိ စောစောလေးက ပေးထားခဲ့တဲ့ Mail မှတစ်ဆင့်ပြန်စစ်ကြည့်ပါဦး။

-Current Password အောက်က G-mail Password ကိုဝင်ပါ။

-Remove G-mail ကိုရွေးပါ။

-Account-neroplyegoogle.com မှ Confirmation ကို သင်ပေးခဲ့တဲ့ Secondary account မှာ ဖွင့်ကြည့်ပါ။

-Deletion Link ကိုဝင်ပါ။

-Password ရိုက်ထည့်ပါ။ပြီးရင် Verify: ပေါ့။

OK ပြီနော်…..


ဒီဆိုဒ်ကနေ ကူးယူဖော်ပြတာပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

chrome ဂျီတော့ ဗိုင်းရပ်စ် ဖြေရှင်းနည်း

ကဲ ဒီစာအုပ်လေးကတော့ လူတိုင်းစိတ်ဝင်စားမှာပါ။
ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး။
သိပြီးသူတွေခဏတော့ မျက်စိမှိတ်ထားပေါ့။
ပြောနေကြာပါတယ်။
ဖတ်ကြည့်ပါ။
ကြိုက်ရင်လဲ ကူးသွားကြတာပေါ့။
အသုံးတည့်ပြီး အကျိုးများကြပါစေ။
ရှာဖွေပြီးတင်ပြပေးရတာ ၀ါသနာပါလို့ ပါ။
မကူးခင်အရင်ဖတ်ကြည့်ဖို့ ပါ။
chrome ဂျီတော့ ဗိုင်းရပ်စ် ဖြေရှင်းနည်း


ကူးချင်ရင်တော့ ဒီမှာပါ
7801429-chrome-.pdf

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Monday, July 27, 2009

window vista နှင့် မြန်မာဇော်ဂျီဖောင့်ပြဿနာအတွက်

Window Vista Ready ZawGyi Myanmar Unicode Keyboard Layout
Vista install လုပ်ပီးကတည်းက ZawGyi Keyboard ကို Install လုပ်လို့မရတော့ ညစ်နေတာ...
ခုတော့ အဆင်ပြေသွားပီ... Vista User တွေအားလုံးလဲ အဆင်ပြေရအောင် Upload လုပ်ပေးလိုက် ပါမယ်..

ခုလုပ်ပေးထားတဲ့ Installer မှာ Win386 (32bit) အပြင် 64 bit Window XP, 64 bit Vista ပါ အသုံးပြုလို့ ရပါတယ်။
Setup.exe ကို Run ပြီး Install လုပ်နိုင်ပါတယ်။


Download Window Vista Ready ZawGyi Myanmar Unicode Keyboard Layout (254 KB)
Vista_Ready_ZawGyi_Myanmar_Keyboard.zipကိုနှိပ်ပြီးယူလိုက်ပါ။




Posted by ko ye at 5:48 PM


ဒါကဒီဆိုက်ကပါ


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

How to Install Zawgyi-One Font
Saturday, April 08, 2006

ဒီဘလောခ့်ကို မြန်မာလို စရေးချိန်ကစပြီး အမေးအခံရဆုံး မေးခွန်းတစ်ခုကတော့ မြန်မာစာတွေ ဘာလို့ မမြင်ရဘဲ ဖြစ်နေရတာလဲ ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ရှင်းပြရတာလည်း အကြိမ်ပေါင်း တစ်သိန်းလောက် ရှိနေပါပြီ။ တစ်ချို့ကလည်း ဖောင့်ကို ဒေါင်းလုဒ် လုပ်ပါဆိုတော့ လုပ်လိုက်တယ်။ ပြီးရင် Desktop ပေါ်မှာ တင်ထားလိုက်ပြီး အဲဒီမှာ တစ်သွားတယ်။ တစ်ချို့က ဖောင့်ကို ဒေါင်းလုဒ် လုပ်တယ်။ အထဲက အာအေအာ ဖိုင်ကို ဖြေဖို့ WinRar ဆော့ဖ်ဝဲလ်ကို မသိလေတော့ အဲဒီ ဇစ်ဖိုင်ကြီးကို ဖောင့်ဖိုင်ထဲ သွားထည့်တယ်။ တစ်ချို့က ဒေါင်းလုဒ်လည်း လုပ်တယ်၊ C:\windows\Fonts ဆိုတဲ့ ဒါရိုက်ထရီ မှာလည်း သွားထည့်တယ်။ ဒါပေမယ့် မြန်မာဖောင့်ကို မမြင်ရသေးတော့ ဆက်မလုပ် တတ်တော့ဘူး။ အဲလို C:\windows\fonts မှာ သွင်းလို့ မရဘူးဆိုရင် Start>Control Panel>Fonts ကနေ သွင်းပေးရပါမယ်။ အဲဒါမှ ကျွန်တော်တို့ ဇော်ဂျီတစ်စုကို မျက်ဝါးထင်ထင် တွေ့မြင်ရမှာ ဖြစ်ပါကြောင်း ဖောင့်မသွင်း တတ်သေးသော ကွန်ပြူတာ ယူဆာ များအတွက် အမှတ်တရ အချက်ပြ လိုက်ရပါတယ် ခင်ဗျား။ ဒီလိုပြောလည်း မြင်ဦးမှာ မဟုတ်ဘူး။ အင်္ဂလိပ် လိုလေး မှုတ်ပေးရဦးမယ်။ ဆိုးကွာ။


How to Install Zawgyi-One Font to See Myanmar Blogs


First Download the Font File [Here]
Second, It's in Zip format, so you need to Unzip with WinRar Software.
Third, Copy these fonts and Place in C:\windows\fonts or Start>Control Panel>Fonts
Fourth, Refresh your browser or press Clt+F5
Fifth, If you still couldnt see Myanmar Fonts properly, Just restart your PC.


ဒါက ကိုညီလင်းဆက် ဆိုဒ်ကပါ
Enjoy , or take a rest.


မှတ်ချက် ။ ။ဒိထက်အဆင်ပြေနိုင်တဲ့ ဟာလေးတွေရှိရင်လဲ ညွှန်ကြပါဦး

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

အင်တာနက် သုံးစွဲသူများအတွက် အသိပေးချက်ရှစ်ချက်

အင်တာနက် သုံးစွဲသူများအတွက် အသိပေးချက်ရှစ်ချက်
Ebook လေးတစ်ခုတွေ့လို့ မျှဝေပေးလိုက်ပါတယ်…အင်တာနက်သုံးစွဲသူတွေအတွက် ဒီ ebook လေးဟာ တော်တော်လေးအကျိုးရှိပါတယ်

အင်တာနက် သုံးစွဲရင် ဆောင်ရန် ရှောင်ရန် အချက်ရှစ်ချက်ကို ရှင်းလင်းဖော်ပြပေးထားပါတယ်……ကြိုက်ရင် Download လုပ်ယူပါ။

click_download

ိdownload မလုပ်ပဲဖတ်ချင်ရင်တော့...

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers