Sunday, July 26, 2009

အိုးဗားမားနဲ့ ဆေးလိပ်ပြဿနာ

ဝါရှင်တန်၊ ကျော်သိင်္ခဒီဇင်ဘာ ၇ ရက်
>ရွေးကောက်ပွဲအနိုင်ရ အမေရိကန် သမ္မတလောင်း ဘားရက်အိုဗားမား က တနင်္ဂနွေ နေ့ က ပြုလုပ်တဲ့ NBC နဲ့ အင်တာဗျူးအစီအ စဉ်မှာ သူ့အနေနဲ့ ဆေးလိပ်သောက်တာကို ဖြတ်လိုက်ပြီလားဆိုတဲ့ မေးခွန်းအပေါ်ကို တိကျတဲ့ အဖြေမပေးခဲ့ပါဘူး။
ဆေးလိပ်သောက်ရင် ဆေးလိပ်ကြောင့် သေစေနိုင်လောက်တဲ့ရောဂါတွေ ခံစားလာနိုင်တဲ့အပြင်၊ ဆေးကုသရာမှာလည်း ဒေါ်လာ သန်းနဲ့ချီပြီး ကုန်ကျတဲ့ အမေရိကန်လို နိုင်ငံမျိုးမှာ၊ အိုဗားမားအနေနဲ့ သူ့ရဲ့ ဆယ်စုနှစ် နှစ်ခုလောက်က ဆေးလိပ်သောက်ခဲ့တဲ့ အကြောင်းကို နမူနာအဖြစ် ပြောပြဖို့ ဖိအားပေးခံရပါတယ်။
NBC ရုပ်မြင်သံကြား အင်တာဗျူးအစီအစဉ်မှာ၊ သတင်းထောက် Tom Brokaw က အိုဗားမားအနေနဲ့ ပြီးခဲ့တဲ့ လက ABC သတင်းဋ္ဌာန က သတင်းထောက် Barbara Walters နဲ့ အင်တာဗျူး အစီအစဉ်မှာ အချို့မေးခွန်းတွေကို ချန်ပြီး ဖြေသွားတယ်လို့ ပြောပါတယ်။

Tom Brokaw: အိမ်ဖြူတော်မှာ ဆေးလိပ်မသောက်တာက တစ်ကယ်တော့ ဘာမှ မထူးဆန်းပါဘူး။ ခင်ဗျားအနေနဲ့ ဆေးလိပ်သောက်တာကို ဖြတ်လိုက်ပြီလား၊Obama: ကျနော် ဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ပြန်ပြီးသောက်ဖြစ်တယ်။
Tom: ခဏလေး! အဲဒါ ခင်ဗျား ဆေးလိပ်ဖြတ်လိုက်တာမှ မဟုတ်တာ။
Obama: ခင်ဗျားပြောတာမှန်ပါတယ်။ ကျနော်ဆိုလိုတာက ကျနော် ဆေးလိပ်ဖြတ်ခဲ့တယ်ဆိုတာ ကျနော့်ကိုယ်ကျနော် ပိုပြီးကျန်းမာလာအောင်လို့ ကျနော့်အတွက် ထိန့်လန့်စရာကောင်းတဲ့ အလုပ်တစ်ခုကို ကျနော် လုပ်လိုက်တာပါ။ ခင်ဗျားတို့အနေနဲ့ ကျနော့်ကို အိမ်ဖြူတော်မှာဆေးလိပ်သောက် တာကို မြင်ရမှာ မဟုတ်ပါဘူး။
အမျိုးသား ကျန်းမာရေး မဂ္ဂဇင်း နဲ့ အင်တာဗျူးမှာ ဆိုရင် သူက အခုလိုပြောပါတယ်။ “ဒါပေမယ့် ကျနော့်ကိုယ်ကျနော် သမ္မ ပုံစံပေါက်အောင် လျှော့သင့်တာလေးတော့ နည်းနည်း လျှော့ဖို့ လိုအပ်တယ်” လို့ပြောပါတယ်။
“ကျနော် ဆေးလိပ်ဖြတ်ဖို့ နှစ်တွေ အတော်ကြာကြာကြိုးစားခဲ့တယ်။ ဒါပေမယ့် မရပါဘူး။ တစ်ခါတစ်ခါ ဆေးလိပ်သောက်တာ ကို မြန်မြန်ဖြတ်ပစ်လို့မရဘူး။ ရက်သတ္တပတ် အနည်းနည်းလောက် ဆေးလိပ်ဖြတ်လိုက်တာ။ ဒါပေမယ့် မရပါဘူး။ ပြန်သောက်တာပါဘဲ။ ကျနော် က အရက်သောက်တဲ့ အချိန်မှာဘဲ ဆေးလိပ်သောက်တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်အထိ ကျနော် ဆေးလိပ် နည်းနည်း ဘဲသောက်ရသေးတယ်။ ဒီနေ့တော့ ကျနော် ဆေးလိပ်မသောက်ဘူး။ ဒါပေမယ့် အဆင်ပြေပါတယ်။ ဒီနေ့ဆို စိတ်ဖိစီးမှုတွေက အများကြီးဘဲ။ ဒါကြောင့် ကျနော့်ကိုယ်ကျနော် လျှော့်သင့်တာတစ်ချို့ကို လျှော့ပစ်ရမယ်။ ဒါက တစ်ပိုင်းပေါ့။ ကျနော် တစ်ချိန်တုန်းက ဘယ်လောက် ဆေးလိပ်သောက်ခဲ့တယ်ဆိုတာ ခင်ဗျားတို့ကို မြင်စေချင်တယ်။” လို့ ၄င်းရဲ့ ဆေးလိပ်သောက်တဲ့ အခြေအနေနဲ့ပက်သက်ပြီး အမျိုးသား ကျန်းမာရေး မဂ္ဂဇင်းမှာ အခုလို ပြောပြခဲ့ပါတယ်။
လာမယ့် ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ အမေရိကန် သမ္မတ နေရာကို လွှဲပြောင်းယူတော့မယ့် အသက် ၄၇ နှစ်ရှိ အိုဗားမားဟာ၊ နေ့စဉ် အားကစားရုံ ကိုသွားပြီး၊ တစ်ခါတစ်ရံ ဘတ်စကတ်ဘောလ် လည်း ကစားပါတယ်။ သူ့ ရဲ့ အနီးကပ်ဆရာဝန်ကတော့ မေလက စပြီး သူ့ကျန်းမာရေးအခြေအနေဟာ အကောင်းဆုံး ဖြစ်တယ်လို့ ပြောပါတယ်။ သူဟာ မကြာခဏ တစ်နေ့ကို သုံးမိုင်လောက်ပြေး ပြီး၊ အမေရိကန် သမ္မတ တစ်ယောက်အဖြစ်ဖို့ လုံလောက်တဲ့ ကျန်းမာရေးအခြေအနေလည်း ရှိပါတယ် လို့ သူ့ဆရာဝန်က ပြောပါတယ်။
၁၉၇၄ ခုနှစ်ကနေ ၁၉၇၇ ခုနှစ်အထိ အမေရိကန်သမ္မတ ဖြစ်ခဲ့တဲ့ Gerald Ford ကတော့ အမေရိကန်သမ္မတတွေထဲမှာ နောက်ဆုံး ဆေးလိပ်သောက်ပုံမှန်သောက်သူ ဖြစ်ခဲ့ပါတယ်။ အိမ်ဖြူတော်မှာ ဆေးလိပ်မသောက်ရ ဥပဒေကို အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် ရဲ့ ဇနီး ဟယ်လာရီ ကလင်တန် က ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။
ဒီကပါ

0 comments:

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers