Monday, July 27, 2009

ဒါလေးတွေတော့ သိသင့်ပါတယ်


ကျွန်တော်တို့ အင်တာနက်သာ သုံးနေကြတာ တကယ်တမ်း မေးကြည့်ကြရင် မသိတာက ခပ်များများရယ်
(ကျွန်တော်မသိတာပါ)။ ဂျီတော့မှာ ချက်ရင်း ကောင်မလေးတစ်ယောက် မေးလိုက်တဲ့ မေးခွန်းကြောင့် ကိုယ့်ကိုကိုယ် ဒီလောက်တုံးမှန်း သိလိုက်ရတယ်။ www ဆိုတာဘာလဲ၊ သိလားတဲ့။ အမှန်ဝန်ခံရရင် သိတော့ သိခဲ့တယ်။ သေချာမလေ့လာခဲ့တော့ World Wide Web ဆိုတဲ့ စကားစုလေးကို သေချာမမှတ်မိဘူး၊ အမှန်တော့ သိထားသင့်တဲ့ အရာလေးတွေပါ။ လွယ်လဲ လွယ်ပါတယ်။
ကျွန်တော်သိသလောက် ဆက်ဖောရရင်..

http ဆိုတာ Hypertext Transfer Protocol
https ဆိုတာ Hypertext Transfer Protocol over Secure Socket Layer အဲဒါလေးတွေပေါ့။ ဒါလေးတွေကိုတော့ ရင်းရင်းနှီးနှီးသိထားကြမှာပါ။ အဲဒီ http တို့ https တို့လိုပဲ နောက်က ထည့်တဲ့ ဟာလေးတွေကော။

.com/biz (commercial/business)
.org (non-commercial organization)
.net (network provider)
.edu (education)
.mil (military)
.gov (government)


ဒါလေးတွေပေါ့ဗျာ၊ ဘာရယ်တော့မဟုတ်ပါဘူး၊ မေးတဲ့သူရှိလာရင် ဖြေနိုင်အောင်လို့ပါ။ ကျွန်တော့်လို မဖြစ်ကြရအောင်ပါဗျာ။ သိတဲ့သူတော့ များမှာပါ။ မသိတဲ့သူအတွက်ကတော့ ဗဟုသုတပေါ့ဗျာ။



Post by နွယ်ရိုး

မူရင်း

0 comments:

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers